သခွားသီးဟာ
လူတိုင်းနီးပါး စားဖူးကြမှာပါ။ သခွားသီးဖျော်ရည်တော့ သောက်ဖူးသူနည်းပါလိမ့်မယ်။ ဟုတ်ပါတယ်။ သခွားသီးကို ခပ်ပါးပါးအကွင်းလေးတွေလှီးပြီး
ရေနဲ့ရောသောက်ရုံပါ။ ဒီသခွားရည်က ကျန်းမာရေးနဲ့ အလှအပအတွက် ဘယ်လိုအကျိုးပြုသလဲ ကြည့်ရအောင်။
ရေဓာတ်ပြည့်ဝစေတယ်
သခွားသီးက ရေဓာတ် ၉၅ ရာခိုင်နှုန်း ဖြည့်တင်းပြီးသားပါ။
ရေဓာတ်ချို့တဲ့လာတဲ့အခါ ပင်ပန်းနွမ်း နယ်လာပါတယ်။ တစ်နေ့တာကို ရေဓာတ်ပိုပြည့်ဝနေစေဖို့
နံနက်ခင်းတိုင်း သခွားသီးနဲ့ ရေသောက်ပေးပါ။
အသားအရေလှစေတယ်
အသားအရေကိုတန်ဖိုးထားသူတိုင်းကျန်းမာပြီးနုပျိုတောက်ပတဲ့
အရေပြားရအောင်ထိန်းသိမ်းဖို့လိုပါ တယ်။ ဗီတာမင် B5 ပါဝင်တဲ့ သခွားရည်လေးကတော့ ခန္ဓာကိုယ်တွင်း
အဆိပ်တွေဖယ်ရှားပေးပြီး အရေပြား ပြဿနာ ကင်းစင်စေပါလိမ့်မယ်။
ခန္ဓာကိုယ်အလေးချိန် ကျစေတယ်
ခန္ဓာကိုယ်အလေးချိန်ကျဖို့ သခွားရည်က
ကူညီပေးပါလိမ့်မယ်။ ဆာလောင်နေတယ်လို့ ခံစားရတဲ့ အချိန်တိုင်း သခွားသီးရည် သောက်ပေးပါ။
သိသိသာသာ ထူးခြားပြောင်းလဲလာတာကို တွေ့ရပါလိမ့်မယ်။
အရိုးကျန်းမာစေတယ်
သခွားသီးရည်က အရိုးကျန်းမာသန်စွမ်းဖို့အတွက်
လိုအပ်တဲ့ဗီတာမင် K ကိုထောက်ပံ့ပေးပြီး အရိုးကို သန်မာစေပါတယ်။
အင်တီအောက်ဆီဒင့်ကြွယ်ဝစေတယ်
သခွားသီးမှာ ဗီတာမင် C ၊ မဂ္ဂနိစ်၊ ဘီတာကယ်ရိုတယ်နဲ့
အခြားဓာတ်တွေပါဝင်ပါတယ်။ သူတို့တွေ ကြောင့် ကင်ဆာ၊ နှလုံးရောဂါ၊ ဆီးချိုရောဂါတို့လို
နာတာရှည်ရောဂါတွေကို လျော့ချပေးနိုင်ပါတယ်။
အဆိပ်အတောက်ကင်းစေတယ်
သခွားသီးရည်ကလည်း သံပုရာရည်လိုပါပဲ။
ခန္ဓာကိုယ်အဆီကျစေပြီး အဆိပ်အတောက် ကင်းစင် စေပါ တယ်။
ခံတွင်းရနံ့သင်းစေတယ်
သင်းပျံ့တဲ့ခံတွင်းရနံ့က
တစ်နေ့တာကို လန်းဆန်းစေပါတယ်။ ခံတွင်းရနံ့သင်းပျံ့စေဖို့ သခွားသီးရည်ကို နေ့စဉ် ပုံမှန်သောက်ပေးပါ။
ခံတွင်းထဲက မကောင်းတဲ့ဘတ်တီးရီးယားတွေကို ကင်းစင်စေပါတယ်။
ဝဿန်
---
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...
www.facebook.com/shapejournal
www.facebook.com/groups/weloveshape
#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
0 comments:
Post a Comment