နှစ်ဦးသား Date လုပ်မယ်ဆိုရင်












နှစ်ဦးသား Date လုပ်မယ်ဆိုရင်
ဒိတ်လုပ်တယ်  Blind Date လုပ်တာပဲဖြစ်ဖြစ် ကိုယ့်လက် တွဲဖော်နဲ့ ပွဲလေးတစ်ခုကျင်းပတာပဲဖြစ်ဖြစ် Date လုပ်တယ်ဆိုတာ နတ်ကြီးတယ်လို့ ပြောရလောက်အောင် တာဝန်ကြီးပါတယ်။ ပြောရရင် တကယ် အတည်တကျ ကတိတည်သူ၊ တာဝန်ယူတတ်သူ အပြုမူကို ထိန်းသိမ်းစောင့်ရှောက် တန်ဖိုး ထားတတ်သူ စိတ်ပိုင်ရှင်တွေအတွက်တော့ တာဝန်ကြီးလှပါတယ်။ အကြည့်လေးတစ်ချက်၊ အပြုအမူ လေးတစ်ခုတည်းနဲ့တင် အံ့သြဖွယ်ရာအခြေအနေလေးတစ်ခုကို ပျက်စီးသွားစေနိုင်ပါတယ်။ အဲဒီအချက်လေးတွေက ဘာဖြစ်နိုင်မလဲ။ စူးစမ်းရှာဖွေကြည့်ရအောင်"""
နောက်ကျမှ ပေါ်လာမယ်
  အချိန်ဆိုတာ လူတစ်ယောက်အတွက်တော့ အရေးကြီးလှတဲ့အရာတစ်ခုဖြစ်ပါတယ်။ ဒိတ် လုပ်တဲ့အခါ နောက်ကျခြင်းက ဆွဲဆောင်မှုရှိစေတယ်၊ တစ်ဖက်သား ကို ရင်ခုန်စိတ်လှုပ်ရှားစေတယ် ဆိုတဲ့ အယူအဆက နလပိန်းတုံးတွေအတွက်သာ ဖြစ်ပါတယ်။ နောက်ကျတာကို ဖြေရှင်းဖို့ အကြောင်းပြချက်ကောင်းကောင်းတွေ ရှိနေတတ်ပေမယ့် တစ်ခါတစ်ရံမှာတော့ စောင့်ဆိုင်းနေတဲ့ လူတစ်ဖက်သား ကို ဂရုမစိုက်ဘူး၊ အလေးမထားဘူးဆိုတဲ့ အဓိပ္ပါယ်သက်ရောက်စေတတ်ပါတယ်။
ချီးခြောက်ရေနှုး
ဒိတ်လုပ်တတ်တယ်ဆိုတာ နှစ်ဦးသားကြည်နူးရမယ့်အချိန်ကာလ အခိုက်အတန့်ကလေးတစ်ခု မဟုတ်ပါလား။ အဲဒီလို အချိန်လေးမှာ ပျော်ရွှင်မှုကို ပျက်စီးစေတဲ့ အတိတ်က အဖြစ်အပျက်တွေကို ပြန်ပြောဖို့ကောင်းပါ့မလား။ လက်ရှိအခြေအနေကို အာရုံစိုက်ထားပါ။
ဆိုရှယ်မီဒီယာတွေ
ဒိတ်လုပ်တဲ့အခါ ဖုန်းကိုဖြစ်စေ ခဏလောက်တော့ အဆက်အသွယ်ဖြတ်ထားပေးဖို့ လိုအပ်ပါတယ်။ တချို့တွေရှိပါရဲ့။ ချိန်းတွေ့ပါတယ်ဆိုမှ ဖုန်းတွေတဂွီဂွီ တဂွမ်ဂွမ်လာပြီး အလုပ်များချင်ယောင်ဆောင် နေတဲ့လူတွေ၊ နှစ်ယောက်စလုံးရဲ့ Mood ကို ပျက်စီးစေပါတယ်။ ခဏလောက်တော့ ဖုန်းအသုံးပြုတာ ရပ်တန့်ပေးထားဖို့ လိုအပ်ပါတယ်။
အောင့်အီးသည်းခံတတ်ပါစေ
ဒိတ်လုပ်တယ်ဆိုတာ နောင်ရေးကိစ္စတွေ ရှည်ရှည်ဝေးဝေး ဆွေးနွေးနေရမယ့်အချိန်ကာလလေး မဟုတ်ပါဘူး။ ဒီကိစ္စတွေအတွက် နောင်တစ်ချိန်စီစဉ်နိုင်ပါသေးတယ်။ ခဏလောက်တော့သည်းခံ ထားပါ။ လက်ရှိအချိန်ကို ပျော်မွေ့ပါ။ ဒီဆွေးနွေးမှုက အခန့်မသင့်ရင် ညနေခင်းတစ်ခုလုံးကို ပျက်စီး သွားစေနိုင်ပါတယ်။
ဒိတ်လုပ်တာ အလုပ်အင်တာဗျူးမဟုတ်ပါ
တစ်ဦးနဲ့တစ်ဦး သိကျွမ်းဖို့ကြိုးစားနေတဲ့ ပထမဆုံး Blind Date မျိုးမှာ တစ်ယောက်အကြောင်း တစ်ယောက်သိချင်နေမှာ သဘာဝကျပါတယ်။ ကိုယ့်အကြောင်းလည်း သူ့ ကို ပြောပြမယ်၊ သူ့အကြောင်းလည်း ကိုယ်မေးမယ်။ ဒါပေမဲ့ အမှုစစ်နေသလိုမျိုး၊ အင်တာဗျူးဖြေနေသလိုမျိုး မဖြစ်စေဖို့တော့ သတိပြုပါ။
စိတ်ဝင်စားမှုမရှိတဲ့အခါ
နားထောင်ခြင်းစွမ်းရည်ကလည်း တစ်ဦးကိုတစ်ဦး လေးစားမှုမရှိတဲ့အချက်ကို ပြသနေပါတယ်။ အရေး ကြီးဆုံးက သူပြောတာ ဂရုတစိုက်နားထောင်ပါ။ အာရုံမလွင့်ပါစေနဲ့။ သူဖြေချင်နေတဲ့မေးခွန်း၊ သူ ကြားချင်လွန်းတဲ့မေးခွန်း၊ အဖြေဖြစ်ဖို့အတွက် ဂရုစိုက်ဖို့လိုပါတယ်။
ရွေးချယ်မှုတွေ မှားယွင်းတဲ့အခါ
ဒိတ်လုပ်ဖို့တောင်းဆိုသူတစ်ယောက်အနေနဲ့ နေရာရွေးချယ်ချိန်းဆိုတတ်မှုကလည်း အရေးကြီးပါ တယ်။ ဥပမာ- ပထမဆုံး Blind Date ဆို တိတ်ဆိတ်တဲ့နေရာ ဒါပေမဲ့ လူမြင်သာထင်သာရှိဖို့ လို တယ်။ နောက်အကြိမ်တွေအတွက် ဘယ်လိုနေရာ စသည်ဖြင့်ပေါ့။ နှစ်ပြည့်အထိမ်းအမှတ်ပွဲနေ့တွေ မှာ ဘယ်လိုနေရာရွေးမယ်။ ရွေးချယ်မှုမှန်ကန်ဖို့ လိုအပ်ပါတယ်။
နားပူနားဆာ တကျည်ကျည် လုပ်နေမယ်
အလုပ်ပင်ပန်းနွမ်းနယ်နေတဲ့ နေ့တစ်နေ့မှာတော့ ဘယ်သူမဆို အိမ်မှာပဲ အနားယူလိုက်ချင်မှာပဲလေ။ ဒီလိုနေ့မျိုးမှာ ဘယ်သူက ဒိတ်လုပ်ချင်ပါ့မလဲ။ တကယ်လို့ အဲဒီလိုအချိန်မျိုး ဒိတ်ရပြီဆိုလို့ကတော့ ဘယ်သူမဆို စိတ်ရှုပ်ကြမှာပဲလေ။ အဲဒီလိုအချိန်မျိုးမှာဖြစ်တတ်တဲ့ နားပူနားဆာလိုအမှုမျိုးက ဒိတ်လုပ်တာကို ပျက်စီးစေတဲ့အကြောင်းရင်းတွေထဲက တစ်ခုဖြစ်ပါတယ်။
ရဲရဲကြီး ရှေ့ဆက်တိုးနေတာ
တစ်ယောက်နဲ့တစ်ယောက် သိပြီးသားလူတွေအတွက်တော့ Body Contact ဆိုတာ ထူးခြားတဲ့အရာ တစ်ခုမဟုတ်တော့ပါ။ ဒါပေမဲ့လည်း ဆန္ဒမစောဖို့လိုပါတယ်။ ဦးစွာပဏာမကို ချောမွေ့တဲ့စကား ပြောခြင်းနဲ့သာ စတင်ပါ။ ဆန္ဒစောခြင်းက 'ပျော်ရွှင်မှုသက်သက်သာ ရှာဖွေခြင်း' ဆိုတဲ့ အဓိပ္ပါယ် သက်ရောက်သွားစေနိုင်ပါတယ်။
ကွဲပြားခြားနားနေတယ်
ဒိတ်လုပ်တဲ့တစ်ချိန်တည်းမှာတင် သိပ်ပြီးပေါ့ပေါ့ပါးပါးဖြစ်လွန်းခြင်းကလည်း စိတ်ဝင်စားမှုမရှိဘူးဆိုတဲ့ အဓိပ္ပါယ်သက်ရောက်စေပါတယ။် အဲဒါကြောင့် ဒိတ် လုပ်တဲ့အခါ သဘာဝကျကျပြုမူနေထိုင်တတ်ဖို့ ကလည်းအရေးကြီးဆုံးအချက်တွေထဲက တစ်ခုအနေနဲ့ပါဝင်ပါတယ်။
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
 
Share on Google Plus

0 comments:

Post a Comment