ရေဓာတ်ကုန်ဆုံးတဲ့အခါ ဘယ်လိုလက္ခဏာတွေပြတတ်သလဲ







တစ်နေ့တစ်နေ့ဘယ်လောက်ပဲ ရေသောက်တယ်ပြောပြော ရေဓာတ်တွေ ကုန်ဆုံးတယ်ဆိုတာသိပါသလား။ တစ်ခါတလေ ကိုယ့်ကိုယ်ကိုယ်ရေဓာတ်တွေကုန်ဆုံးနေတယ်ဆိုတာ သတိမထားမိလောက်အောင် ဖြစ်တတ်ပါတယ်။ အဲဒီတော့ ခန္ဓာကိုယ်ထဲမှာရေဓာတ်တွေကုန်ဆုံးနေရင် ဘယ်လိုလက္ခဏာတွေပြတတ်သလဲ။

ဆီးဝါမယ်
ထင်ထင်ရှားရှားလက္ခဏာတစ်ခုကတော့ ဆီးတွေအ၀ါရင့်ရောင်ပြောင်းသွားတာပါ။ ဒါစိုးရိမ်စရာပါ။ ရေများများသောက်ဖို့လိုနေပြီဆိုတာကို ဖော်ပြနေပါပြီ။
အနံ့ထွက်မယ်
ရေဓာတ်ကုန်ဆုံးမယ့်လက္ခဏာကတော့ ဆီးသွားတဲ့အခါ အမိုးနီးယားအနံ့ထွက်လာပါတယ်။ ဆီးထဲက ဓာတုပစ္စည်းတွေကရေဓာတ်အလုံအလောက်မရတော့ဘဲ သိပ်သည်းလာလို့ပါ။ ပြီးတော့ ဆီးသွားတဲ့အခါ အမြုပ်လေးတွေလည်းထလာပါတယ်။

ခေါင်းကိုက်မယ်
ခေါင်းကိုက်ရတဲ့အကြောင်းရင်းတစ်ခုကတော့ ရေဓာတ်ဆုံးရှုံးလို့ပါ။ ရေဓာတ်များများဆုံးရှုံးလာလေ ခေါင်းကိုက်လာလေပါပဲ။

အမြဲတမ်းပင်ပန်းနေမယ်
အမြဲတမ်းပင်ပန်းနွမ်းနယ်ပြီး အိပ်ချင်စိတ်ခံစားနေရမယ်ဆိုရင်တော့ ကော်ဖီသောက်တာလျော့ချလိုက်ပြီး ရေများများသောက်ဖို့လိုနေပါပြီ။

ခေါင်းမူးနေမယ်
ထိုင်လျက်ကနေ မတ်တပ်ရပ်လိုက်တိုင်း ခေါင်းမူးနေတယ်ဆိုရင်တော့ ရေများများသောက်ဖို့လိုနေပါပြီ။

အသားအရေခြောက်သွေ့လာမယ်
ရေဓာတ်ခမ်းခြောက်လာပြီဆိုရင်တော့ အရေပြားကခြောက်သွေ့မွဲခြောက်လာပါတော့တယ်။ စိုပြည်လှပတဲ့ အရေပြားပိုင်ဆိုင်ဖို့ တစ်နေ့ကို ရေ ၅-၇ ခွက်အနည်းဆုံးသောက်ပေးပါ။



အာရုံမစိုက်နိုင်တော့ဘူး
ရေဓာတ်ကုန်ဆုံးတဲ့အခါ ဦးနှောက်ရဲ့ဖန်တီးထုတ်လုပ်နိုင်စွမ်းတွေ လျော့ကျသွားစေပြီး အာရုံမစူးစိုက်နိုင်တော့ပါဘူး။ ပြီးတော့ စိတ်ပါတိုလာပါတော့တယ်။

ကြွက်သားတွေကိုက်ခဲလာတယ်
ကြွက်သားနဲ့အဆစ်တွေ ကောင်းကောင်းလှုပ်ရှားနိုင်ဖို့ ရေဓာတ်လိုအပ်ပါတယ်။ ရေဓာတ်လျော့နည်းလေ ကြွက်သားတွေနာကျင်လာလေပါပဲ။

ရန်နိုင်

---
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်


 

Share on Google Plus

0 comments:

Post a Comment