ဆီးချိုသမားတွေစားဖို့ ဓာတ်စာ












ဆီးချိုဆိုတာ သွေးတွင်းသကြားဓာတ် မြင့်မားလာရခြင်းကြောင့် ဖြစ်ပေါ်လာ တဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ ဆီးချိုရောဂါအမျိုးအစား
(၁) ခန္ဓာကိုယ်မှ အင်ဆူလင် မထုတ်လုပ်နိုင်တဲ့ အမျိုးအစား၊
(၂) ထုတ်လုပ်ပေးတဲ့ အင်ဆူလင်ကို ခန္ဓာကိုယ်မှ ကောင်းမွန်စွာအသုံး
မချနိုင်တဲ့အမျိုးအစား ဆိုပြီး ခွဲခြားထားပါတယ်။

ဆီးချိုရောဂါကို ထိန်းချုပ်ဖို့ကာကွယ်ဖို့ဆိုတာ အရေးကြီးဆုံးဖြစ်ပါတယ်။
အဲဒါက ကျောက်ကပ်ပျက်စီးခြင်း၊ အာရုံကြောပျက်စီးခြင်း၊ မျက်စိကွယ်ခြင်း၊ နှလုံးရောဂါ၊ သွေးလည်ပတ်မှုအားနည်းခြင်း၊ အကြားအာရုံချို့ယွင်းခြင်း စတဲ့
ပြဿ နာတွေဖြစ်ပွားနိုင်ပါတယ်။
ပြီးပြည့်စုံတဲ့စားသောက်မှု၊ လေ့ကျင့်ခန်း၊ ကောင်းမွန်စွာအိပ်စက်အနားယူ
ခြင်း၊ စိတ်ဖိစီးမှုနည်းပါးခြင်း စတဲ့ မှန်ကန်တဲ့ လူနေထိုင်မှုဘ၀ပုံစံကသာ
သွေးတွင်းသကြားဓာတ် ထိန်းချုပ်ပေးရာမှာ အကူအညီဖြစ်စေပါလိမ့်မယ်။
ဆီးချိုသမားတွေရဲ့ စားသောက်မှုမှာလည်း အာဟာရဖြစ်စေပြီး၊ အဆီနည်း ပါးဖို့က အရေးကြီးပါတယ်။ အဲဒီအထဲမှာ အသီးအနှံ။
သစ်သီးတွေက ယေဘုယျအားဖြင့် ချိုမြိန်နေတဲ့အတွက် လူအများစုက ဆီးချိုသမားတွေ သစ်သီးမစားသင့်ဘူးလို့ ထင်မြင်နေကြပါတယ်။
တချို့သစ်သီးတွေကတော့ ဆီးချိုသမားတွေအတွက် ကောင်းမွန်ပါတယ်။ ဘယ်လိုအသီးမျိုးတွေဖြစ်မလဲဆိုတာ လေ့လာကြည့်ကြရအောင်

ပန်းသီး
---------
ဝါးစားလို့ရပြီး ချိုမြတဲ့အရည်ရွှမ်းတဲ့ပန်းသီးက ဆီးချိုရောဂါကို ကာကွယ် ရာမှာ အကူအညီဖြစ်စေပါတယ်။ ပန်းသီးမှာ ပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ်၊ ဗီတာ မင်စီနဲ့ အင်တီအောက်ဆီဒင့်တွေ ကြွယ်ဝစေပါတယ်။ အဲဒါအပြင် ခန္ဓာကိုယ်က အဆိပ်အတောက်တွေကို သန့်စင်ပေးနိုင်ပြီး၊ အန္တရာယ်ရှိတဲ့ စွန့်ပစ်ပစ္စည်းတွေကို ဖယ်ရှားပေးနိုင်တဲ့ pection ပါဝင်တယ်။
အဲဒါက ဆီးချိုသမားတွေရဲ့အင်ဆူလင်လိုအပ်မှုကို ၃၅% အထိ လျှော့ချပေး
နိုင်ပါတယ်။ ပန်းသီးက ဆီးချိုရောဂါကို ကာကွယ်ပေးနိုင်တဲ့အပြင် နှလုံးရောဂါ၊ ကင်ဆာရောဂါတွေကို ကာကွယ်ပေးနိုင်ပြီး ဆီးချိုသမားများ ဖြစ်လေ့ဖြစ်ထရှိတဲ့ အမြင်အာရုံေ၀၀ါးခြင်းကို ကာကွယ်ကုသပေးနိုင်ပါတယ်။
အဲဒီအတွက်ပန်းသီးကို တစ်နေ့တစ်လုံးစားသုံးပေးခြင်းက ဆီးချိုရောဂါကို ကာကွယ်ပြီးသား၊ ထိန်းချုပ်ပြီးသားဖြစ်စေပါတယ်။

ချယ်ရီသီး
-----------
ချယ်ရီသီးမှာ အင်တီအောက်ဆီဒင့်၊ ဘီတာကယ်ရိုတင်း၊ ဗီတာမင်စီ၊ ပို တက်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ သံဓာတ်၊ အမျှင်ဓာတ်တွေ ပြည့်စုံစွာပါဝင်နေပါ တယ်။ ဒါ့အပြင် ချယ်ရီသီးမှာ ဆီးချိုရောဂါကို ထိန်းချုပ်ပေးနိုင်တဲ့ အင်ဆူလင် ထုတ်လုပ်မှုကို ၅၀% အထိတိုးပွားစေနိုင်တဲ့ anthocyanin ဓာတ်တစ်မျိုးပါဝင် ပါတယ်။
ယင်းက နှလုံးရောဂါ၊ ကင်ဆာနဲ့ဆီးချိုသမားများမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့
ရောဂါအများစုကို ကုသပေးရာမှာ အကူအညီပေးပါတယ်။ ချယ်ရီသီးကို သစ်သီးအတိုင်းဖြစ်စေ၊ အခြောက်အတိုင်းဖြစ်စေ နှစ်သက်သလို စားသုံးနိုင် ပါတယ်။ အရည်အဖြစ်သောက်သုံးရင် တစ်နေ့ ဖန်ခွက်တစ်ဝက်ခန့် သောက်သုံး
ပေးနိုင်ပါတယ်။

မာလကာသီး
---------------
မာလကာသီး lycopene၊ အစာခံစေတဲ့အမျှင်ဓာတ်၊ ဗီတာမင်စီနဲ့ ပိုတက်စီ ယမ်လုံလောက်စွာ ပါဝင်ပါတယ်။ ဒီပါဝင်ပစ္စည်းတွေအားလုံးက သွေးတွင်း သကြားဓာတ်ကို ထိန်းချုပ်ပေးရာမှာ အကူအညီပေးနိုင်တဲ့ အဓိက ပစ္စည်းတွေ
ဖြစ်ပါတယ်။
ဆီးချိုရောဂါဖြစ်နိုင်ခြေရှိသူတွေအနေနဲ့ မာလကာရွက်ပြုတ်ရည်ကို
ကြိုတင်ကာကွယ်တဲ့အနေနဲ့ သောက်သုံးနိုင်ပါတယ်။ မာလကာရွက်ကို အခြောက်ခံ၊ ကြေနေအောင်ခြေပြီး အဲဒီအမှုန့် လက်ဘက်ရည်ဇွန်း (၁)ဇွန်းကို
ရေနွေးတစ်ခွက်မှာ (၅)မိနစ်ခန့်ထား၊အနည်ထိုင်စေပြီး သောက်သုံးပေးနိုင်ပါ
တယ်။ အသီးအနေနဲ့ စားသုံးမယ်ဆိုရင် မာလကာသီးတစ်လုံးကို အခွံမနွှာပဲ
နေ့စဉ် ပုံမှန်စားသုံးပေးနိုင်ပါတယ်။

စပျစ်သီး
---------
စပျစ်သီးကတော့ American Diabetes Association ရဲ့ထောက်ခံချက် အပြည့်ရထားတဲ့ ဆီးချိုသမားများအတွက် ဓာတ်စာတစ်ခုဖြစ်ပါတယ်။
စပျစ်သီးမှာပျော်ဝင်နိုင်တဲ့အမျှင်ဓာတ်၊ ဗီတာမင်စီကြွယ်ဝစွာပါနေပါတယ်။ ယင်းအပြင် စပျစ်သီးက ဆီးချိုရောဂါကို ကာကွယ်ပေးရာ၊ ထိန်းချုပ်ပေးရာမှာ အကူအညီပေးပါတယ်။
နေ့စဉ် စပျစ်သီးဖျော်ရည်ကို တစ်ခွက် သောက်သုံးပေးနိုင်ပါတယ်။ အရည် သောက်သုံးပေးခြင်းထက် အသီးစားသုံးပေးခြင်းက ပိုပြီးအကျိုးသက်
ရောက်မှုပိုရှိစေပါတယ်။

ထောပတ်သီး
---------------
အမျှင်ဓာတ်နဲ့ ခန္ဓာကိုယ်ကျန်းမာစေတဲ့ အဆီတွေပါဝင်နေတဲ့ ထောပတ်သီး က သွေးတွင်း သကြားဓာတ်ကို တည်ငြိမ်စေရာမှာ အကူအညီဖြစ်စေပါတယ်။
Academy of Nutrition and Dietetics ရဲ့အဆိုအရ ခန္ဓာကိုယ်ကျန်းမာ
စေတဲ့ ယင်းအဆီတွေက နှလုံးကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ ဆီးချို သမားတွေက နှလုံးရောဂါဖြစ်နိုင်ခြေပိုများပါတယ်။ ထို့အပြင် ထောပတ်သီးမှာ
ခြေလက်ထုံကျဉ်ခြင်းကို သက်သာစေနိုင်တဲ့ ပိုတက်ဆီယမ်လည်း လုံလောက်စွာ ပါဝင်နေပါတယ်။
ထောပတ်သီးကို နေ့စဉ်တစ်လုံးခန့်ပုံမှန်စားသုံးပေးနိုင်ပါတယ်။ သံပုရာရည်၊ ကြက်သွန်ဖြူ၊ သံလွင်ဆီနဲ့ထောပတ်သီးရောပြီး အရွက်သုတ်တွေမှာ ထည့်သုံးနိုင်ပါတယ်။

စတော်ဘယ်ရီသီး
---------------------
စတော်ဘယ်ရီသီးကလည်း သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်ပေးနိုင်တဲ့ အင်တီအောက်ဆီဒင့်၊ ဗီတာမင်နဲ့ အမျှင်ဓာတ်တွေ ကြွယ်ဝစွာပါဝင်နေပါတယ်။ စတော်ဘယ်ရီသီးမှာပါဝင်တဲ့ အင်တီအောက်ဆီဒင့်က ခန္ဓာကိုယ်ကို ဆိုးကျိုး
ဖြစ်စေတဲ့ ကိုလက်စထရော (LDL)ကို လျှော့ချပေးပြီး ကောင်းမွန်တဲ့ ကိုလက်စ် ထရော CHDD တွေကိုထိန်းသိမ်းပေးပါတယ်။
စတော်ဘယ်ရီသီးက ကာဘိုဟိုက်ဒရိတ် နည်းပါးတဲ့အတွက် စတော်ဘယ်ရီ သီးစားသုံးတဲ့အခါ အစာခံစေပြီး စွမ်းအားတိုးပွားစေပါတယ်။ စတော်ဘယ်ရီသီး ကို အသီးတိုင်းဖြစ်စေ၊ ဖျော်ရည်အဖြစ်ဖြစ်စေ စားသုံးနိုင်ပါတယ်။

လိမ္မော်သီး
-------------
လိမ္မော်သီးကလည်း ဆီးချိုသမားတွေ စားသုံးသင့်တဲ့ ကျန်းမာရေးဓာတ်စာ
တွေထဲမှာ တစ်ခုအပါအ၀င်ဖြစ်ပါတယ်။ လိမ္မော်သီးမှာ အမျှင်ဓာတ်၊ ဗီတာမင်စီနဲ့ အခြားသောသတ္ထုဓာတ်တွေကြွယ်ဝစွာ ပါဝင်နေပြီးအဲဒါတွေက သွေးတွင်းသကြား
ဓာတ်ကို လျှော့ချပေးရာမှာ အကူအညီဖြစ်စေပါတယ်။
လိမ္မော်သီးကခန္ဓာကိုယ်အလေးချိန်ကို လျှော့ချပေးနိုင်တဲ့အသီးတွေထဲမှာ တစ်ခုအပါအ၀င် ဖြစ်ပါတယ်။ နေ့စဉ် တစ်နေ့တစ်လုံး စားသုံးပေးခြင်းက သွေး တွင်း သကြားဓာတ်ကို ထိန်းသိမ်းပေးနိုင်ပြီး ဆီးချိုရောဂါကိုကုသရာမှာအထောက်
အကူဖြစ်စေပါတယ်။ လိမ္မော်ရည်သောက်သုံးခြင်းကတော့ အမျှင်ဓာတ်ပါနှုန်း
လျော့ကျစေတဲ့အတွက် အသီးစားသုံးခြင်းလောက် အကျိုးသက်ရောက်မှု ရှိစေမှာ မဟုတ်ပါဘူး။

ကီဝီသီး
---------
ကီဝီသီးမှာ ဗီတာမင် စီ၊ အီး၊ အေ၊ ပိုတက်ဆီယမ်နဲ့ ဘီတာကယ်ရိုဘင်းတို့
ပြည့်စုံစွာပါဝင်ပြီး ယင်းတို့က ခန္ဓာကိုယ်တစ်ခုလုံးရဲ့ကျန်းမာရေးကို တိုးတက်
ကောင်းမွန်စေပါတယ်။ ကီဝီသီးဟာ အမျှင်ဓာတ်မြင့်မားပြီး ကာဘိုဟိုက်ဒရိတ် နည်းပါးတဲ့အတွက် သွေးတွင်းသကြားဓာတ် ထိန်းချုပ်ပေးရာမှာ ကူညီပေးပြီး ကိုလက်စထရောကို ကျစေပါတယ်။
ကီဝီသီးကိုလည်း နေ့စဉ် တစ်နေ့တစ်လုံး ပုံမှန်စားသုံးပေးနိုင်ပါတယ်။

--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်



Share on Google Plus

0 comments:

Post a Comment