''လမ်းခွဲတယ်''ဆိုတာ အများအားဖြင့် ပျော်ရွှင်ကြည်နူးစရာကောင်းတဲ့
အဆုံးသတ်မဟုတ်ပါဘူး။ အများစုက နာကျင်ကြေကွဲမှုတွေ၊ ၀မ်းနည်းစရာတွေနဲ့ အဆုံးသတ်ရတာများပါတယ်။
ဒါပေမဲ့လည်း ဒီလိုနာကျင်မှုဝေ ဒနာတွေကို ကုသဖို့ နည်းလမ်းတွေရှိပါတယ်။ ၉၀ ရာခိုင်နှုန်းသော လူတွေလုပ်တဲ့ အလုပ်ကတော့ အိမ်မှာ
တစ်နေကုန်အိမ်တွင်းအောင်းပြီး အတိတ်ကို စားမြုံ့ပြန်ခြင်းဖြစ်ပါတယ်။ ဒီတော့ အသည်းကွဲဝေဒနာကို
ဘယ်လိုကုစားမလဲ။
အဆက်အသွယ် ဖြတ်တောက်လိုက်မယ်
အဆက်အသွယ် ဖြတ်တောက်ပစ်လိုက်ခြင်းက လမ်းခွဲပြီးသွားတဲ့
ယောက်ျားလေး၊ မိန်းကလေးတိုင်း လုပ်ကိုလုပ်ရမယ့် အလုပ်တစ်ခုဖြစ်ပါတယ်။ ဘယ်သူမဆို လမ်းခွဲပြီးပေမယ့်
လမ်းခွဲခဲ့တဲ့ ချစ်သူ ဟောင်းကို ပြန်ပြီးဆက်သွယ်ချင်နေကြမှာ သေချာပါ တယ်။ ဒါပေမဲ့ အဲဒီလိုမလုပ်ဖို့က
အရေးကြီးဆုံး နံပါတ်တစ်အချက် ဖြစ်ပါတယ်။ ကိုယ့်ဘက်က ဆက်သွယ်နေမိမယ်ဆိုရင်တော့ ပိုပြီးတော့
ခံစားရ နိုင်ခြေပိုများပါလိမ့်မယ်။ တစ်ကြိမ်ဆက်သွယ်ပြီးလို့ နောက်တစ်ကြိမ်ထပ်ပြီး မဆက်သွယ်ဘူးလို့
ဘယ်သူက တပ်အပ် ပြောနိုင်မှာလဲ။
ကိုယ့်ကိုယ်ကိုယ် ပိုပြီးဝမ်းမနည်းစေနဲ့
လမ်းခွဲတဲ့အခါ ဘယ်သူမဆို ၀မ်းနည်းကြမှာ အသေအချာပါပဲ။
ဒီဝေဒနာကိုတော့ ထပ်ပြီး ပိုဆိုးလာ အောင် လုပ်ဖို့မလိုအပ်ပါဘူး။ အဲဒါကြောင့် အသည်းကွဲဝေဒနာကို
အလျင်အမြန်ကုစားနိုင်တဲ့ နည်းလမ်းကောင်း တစ်ခုကတော့ အတိတ်ကို ပြန်လည်အမှတ်ရစေတဲ့ အသည်းကွဲသီချင်းတွေ၊
အသည်းကွဲဇာတ်ကားတွေ၊ အတိတ်က ပျော်ရွှင်ခဲ့တဲ့အမှတ်တရလေးတွေကို ပြန်မတွေးဘူးဆိုတဲ့ ခိုင်မာပြတ်သားတဲ့
ဆုံးဖြတ် ချက်ကောင်း ကောင်းချနိုင်ဖို့ပဲဖြစ်ပါတယ်။
လေ့ကျင့်ခန်းလုပ်မယ်
လေ့ကျင့်ခန်းလုပ်ခြင်းကလည်း အသည်းကွဲဝေဒနာကို ကုစားနိုင်ဖို့
နည်းလမ်းကောင်းတွေထဲက တစ်ခုဖြစ်ပါတယ်။ အဲဒါကြောင့် လမ်းခွဲပြီးတဲ့အခါမှာဖြစ်စေ၊ ကိုယ့်ပတ်ဝန်းကျင်မှာဖြစ်စေ
အသည်းကွဲ ဝေဒနာရဲ့လက်ကျန်အကျိုးဆက်ဖြစ်တဲ့ ၀မ်းနည်းပူဆွေးခြင်း၊ နာကျင်ခြင်း၊ ဒေါသဖြစ်လွယ်ခြင်းတွေ
ကို ထွက်ပေါက်ပေးနိုင်တဲ့ ချွေးထွက်တဲ့အားကစားတစ်ခုခုကို ပြုလုပ်ပါ။ အသည်းကွဲဝေဒနာကို
အချိန် အကြာကြီးမဟုတ်ဘဲ တစ်ခဏတာမေ့ပျောက်နိုင်ပြီး ကျန်းမာရေးအတွက်လည်း ကောင်းမွန်စေပါ
တယ်။
နှလုံးသားကို တစ်ခဏအနားပေးပါ
တစ်ယောက်နဲ့ လမ်းခွဲပြီး ကျန်ရစ်ခဲ့တဲ့ ဝေဒနာကိုကုစားပေးဖို့
နောက်တစ်ယောက်ဘက်ကို ရှာဖွေတယ်။ ဒိတ်လုပ်တယ်ဆိုတာ မှန်ကန်တယ်လို့ ထင်ရပေမယ့် တကယ်တမ်းတော့
မှားယွင်းနေတဲ့ ကိစ္စကြီး တစ်ခုဖြစ်ပါတယ်။ ချစ်ခြင်း မုန်းခြင်းတွေကနေ ခေတ္တခဏ နှလုံးသားကို
အနားပေးလိုက်ပါ။ ကိုယ်ပိုင်ပျော်ရွှင်မှုအတွက် အချိန်ခဏယူလိုက်ပါ။ ဒီလိုလုပ်ခြင်းက နောက်တစ်ချိန်
အချစ်သစ်ကို ဖန်တီးရာမှာ အင်အားတစ်ခုသဖွယ် ဖြစ်စေနိုင်သလို ကိုယ့်အပြုအမူ တွေကိုလည်း
စဉ်းစားဖို့အချိန်ရပါ စေလိမ့်မယ်။
နေ့စဉ်လုပ်ဆောင်မှုတွေကို ပြောင်းလဲပါ
အသည်းကွဲဝေဒနာကို သက်သာစေဖို့ နည်းလမ်းကောင်းတစ်ခုက
''အနာပေါ် တုတ်ကျ''ဆိုတဲ့ စကား အတိုင်း ဝေဒနာကို ပိုမိုဆိုးရွားစေတဲ့ အတိတ်က ပျော်ရွှင်စွာ
သွားလာခဲ့တဲ့နေရာလေးတွေ၊ အတိတ်က ပျော်ရွှင်မြူးတူးခဲ့တဲ့ နေရာလေးတွေသွားခြင်းကို ခေတ္တရှောင်လိုက်ပါ။
ဒီလိုလုပ်နေကြ အပြုအမူတွေ၊ နေ့စဉ်လုပ်နေကြ နည်းလမ်းတွေကနေခွဲထွက်ပြီး စိတ်ဓာတ်ခွန်အားကို
အသစ်တစ်ဖန် ပြန်လည် မွေးဖွားကြည့်ပါ။
လောကကြီးနဲ့ အဆက်အသွယ်မပြတ်ပါစေနဲ့
အသည်းကွဲဝေဒနာခံစားရသူတွေအဖို့ကတော့ ဝေဒနာခံစားနေရစဉ်မှာ
ကမ္ဘာလောကကြီးက မှောင် အတိကျနေပါလိမ့်မယ်။ အဲဒီလိုအချိန်မျိုးမှာ ကိုယ့်ကို စိတ်သက်သာရာရစေဖို့
သူငယ်ချင်းတွေရဲ့ အကူအညီကို မမေ့ထားသင့်ပါဘူး။ သူငယ်ချင်းတွေကသာလျှင် ယင်းဝေဒနာရဲ့တချို့တစ်ဝက်ကို
ကုစားပေးနိုင်ပါလိမ့်မယ်။ သူငယ်ချင်းတွေနဲ့ စကားပြောပါ။ အပြင်ထွက်လည်ပါ။ စကားပြောတယ်
ဆိုပေမယ့် ကိုယ့်ကို ဝေဒနာတွေနဲ့ ချန်လှပ်ထားခဲ့သူတစ်ယောက်အကြောင်းတော့ မပြောမိပါစေနဲ့။
လက်ရှိဘ၀ကို ပျော်မွေ့ပါ
ကိုယ်သူနဲ့ မတွေ့ဆုံခင် မချစ်ကြိုက်မိခင်က ကိုယ့်ဘ၀ကို
ဘယ်လိုများဖြတ်သန်းလာခဲ့ပါလိမ့်။ ''မင်း မရှိရင် မနေနိုင်ဘူး''ဆိုတဲ့ စကားက နှလုံးသားရဲ့စွဲလမ်းမှုတွေကို
ချဲ့ကားလိုက်တဲ့စကားသက်သက်မျှ သာဖြစ်ပါတယ်။ သူနဲ့ မတွေ့ခင်ကလည်း ကိုယ့်ဘ၀ကြီးက သာသာယာယာပဲမဟုတ်ပါလား။
အဲဒီ သာယာခဲ့တဲ့ဘ၀ကို လက်ရှိအချိန်မှာ ပြန်ပြီးအသုံးချနိုင်အောင် ကြိုးစားကြည့်ပါ။
မိသားစုနဲ့ လက်ရှိအချိန်ကို ကျော်ဖြတ်ပါ
အသည်းကွဲဒဏ်ရာကို ကုစားနိုင်ဖို့ နောက်ထပ်နည်းလမ်းတစ်ခုကတော့
မိသားစုနဲ့ လက်ရှိအချိန်ကို ကျော်ဖြတ်ဖို့ပဲဖြစ်ပါတယ်။ ဒီလိုလုပ်ခြင်းက ကမ္ဘာလောကကြီးမှာ
တစ်ယောက်တည်းသောလို့ ထင်သူက ပစ်သွားပေမယ့် ကိုယ့်ကို နွေးထွေးကြင်နာမှုပေးမယ့် ပတ်ဝန်းကျင်ရှိနေသေးတယ်ဆိုတာ အမှတ်ရသွားစေပါလိမ့်မယ်။
အတိတ်ကို အမှောင်ချပါ
အပေါ်က ဖော်ပြခဲ့တဲ့အချက်လေးတွေကို ကြိုးစားနိုင်သူတွေ
အဖို့တော့ ဒီအချက်ကိုပါ ကြိုးစားနိုင် ပါလိမ့်မယ်။ သူနဲ့တစ်ချိန်က ပတ်သက်ခဲ့ဖူးတဲ့
အမှတ်တရပစ္စည်းလေးတွေ၊ အမှတ်တရဓာတ်ပုံလေး တွေကို သိမ်းဆည်းထားလိုက်ပါ။ ဒါက နှလုံးသားကို
နာကျင်စေတဲ့ လုပ်ငန်းစဉ်တစ်ခု ဖြစ်ပေမယ့် လည်း
ရှေ့ဆက်တိုးဖို့ရာ ခွန်အားတစ်ခုသဖွယ် လှေကားထစ်သဖွယ် ဖြစ်စေပါလိမ့်မယ်။
--------------------------------------------------------
ရသစုံလင်
အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ
...
www.facebook.com/shapejournal
www.facebook.com/groups/weloveshape
#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
www.facebook.com/shapejournal
www.facebook.com/groups/weloveshape
#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
0 comments:
Post a Comment