ကားအင်ဂျင်ဝိုင်လဲတာနဲ့ပတ်သက်လို့













အလုပ်ရုံအနေအထားကိုကြည့်ပြီး ဆင်ဆင်ခြင်ခြင်လုပ်စေချင်ပါတယ်… သေချာတာကတော့ မလုပ်မရှုပ်မပြုတ် ပြင်လွန်းရင်လည်း ဖင်ချွန်းတတ်ပါတယ်… #ကိုသက်
အစ်ကိုခင်ဗျား-
ကားအင်ဂျင်ဝိုင်လဲတာနဲ့ပတ်သက်လို့နည်းနည်းမေးချင်ပါတယ်။

ရှေးရိုးစက်ဆရာကြီးကပြောလို့ ကျွန်တော့် RAV-4 ကို သူပြောတဲ့အတိုင်းလုပ်လိုက်တာအထဲကအသံထွက်လာပါတယ်…
အင်ဂျင်ဝိုင်မလဲခင် အင်ဂျင်ထဲကို ဒီဇယ်နည်းနည်းထည့် ပြီး ၅မိနစ်လောက်ပြန်နှိုးပြီးမှ အင်ဂျင်ဝိုင်လဲတာပိုကောင်းတယ်လို့ အိမ်ဘေးက ရှေးရိုးစက်ဆရာကြီးကပြောလို့ ကျွန်တော် RAV-4 ကို သူပြောတဲ့အတိုင်းလုပ် လိုက်တာ အထဲကအသံထွက်လာပါတယ်။ အင်ဂျင်ဝိုင်အသစ်လဲပြီးတော့ဂိတ်တံကိုတိုင်း ကြည့်တော့လည်းဆီကအမြဲမဲနေတယ်။ အဲဒါဘာဖြစ်လို့လဲ။ ဘာဖြစ်လို့လဲခင်ဗျာ။

ခုပေါ်တဲ့ကားဆားဗစ်ကြီးများကလည်း အင်ဂျင်ဝိုင်ဖေါက်ထုတ်ပြီးတိုင်း လေနဲ့မှုတ်ကြသေးတယ် အဲဒါရောကောင်းကျိုးဆိုးကျိုးရှိပါသလား။
ကျွန်တော်တို့ကခုမှခေတ်ပေါ် ကားလေးများကိုစီးကြရတဲ့ တောမကျမြို့မကျနယ်ကပါခင်ဗျာ။ ဘယ်ကလည်းမပြောတော့ပါဘူး။ နယ်ကကျဉ်းလို့သူတို့သိသွားရင် ကိုယ့်ကိုချဉ်သွားမှာစိုးလို့ပါ။ လေးစားလျက်တောက ကိုရင်အချဉ်တော့ မဟုတ် ကုန်ကား ၅စီးပိုင်ပါတယ်။ မေးတာကိုဖြေလိုက်မယ် ခေတ်နဲ့အမီလိုက်ကြကွယ်။ ရှေးရိုးစွဲကိုလည်းသိပ်မစွဲကြနဲ့ကွယ်။

ဟိုးရှေးတုန်းက ကားအင်ဂျင်များ ကသံဂျွတ်တွေသံမဏိတွေကို အခြေခံ လုပ်ထားတဲ့စစ်ကျန်ကားများပါ။ အရာရာ Alloy ဆိုတဲ့သတ္ထုစပ်ရောများနဲ့အင်ဂျင်ကများ လာပါတယ်…
ဟိုးရှေးတုန်းက ကားအင်ဂျင်များကသံဂျွတ်တွေသံမဏိတွေကို အခြေခံလုပ်ထားတဲ့ စစ်ကျန်ကားများပါ။ အမေရိကန် အင်္ဂလန်နဲ့ဥရောပကားများဆိုလည်း မမှားပေဘူးပေါ့။ အင်ဂျင်ဝိုင် ကလည်းအနည်းဆုံး SAE-40 နဲ့စသုံးကြပါတယ်။ လဲချင်တဲ့အချိန်လဲ ဂိတ်တံကိုထုတ်ပြီး အသွေးရောင်မဲမမဲ-ပျစ်မပျစ် စေးမစေးကြည့်ပြီး အကဲဖြတ်ကြခါ ချေးများသွားရင် အလဲနောက်ကျရင် စောစောကပြော သလို ဒီဇယ်လေးနည်းနည်းထည့်ပြီးပြန်နှိုး ကာပူလာမှဖောက်ချကာလဲပေးကြတယ်။ 

ဒါကရှေ့တန်းမှာသုံးတဲ့နည်းတွေပါ။ အရေးပေါ်နည်းဆို လည်းမမှားပါ။ ချက်ချင်းလက်ငင်း အဆင်ပြေအောင်လုပ်လိုက်တာ။ရှေ့တန်းဆိုတာ စစ်တိုက်မှမဟုတ်ပါဘူး။ အလုပ်ရုံနဲ့ဝေးရာမြို့နဲ့ဝေး ရာဒေသတစ်ကယ်အလုပ်သွားလုပ်နေတဲ့နေရာအားလုံးကိုခေါ်ပါတယ်။ဆောက်လုပ်ရေးဆည်မြောင်း စိုက်ပျိုးရေး လုပ်တဲ့နေရာများကိုလည်းခေါ်ပါတယ်။ သူတို့ခေတ်သူတို့အခါက အဆင်ပြေပေမယ့်လည်း ခု ခေတ်ပေါ်ကားများအတွက်အဆင်မပြေနိုင်ပါမလုပ်ပါနဲ့။ အရာရာ
Alloy ဆိုတဲ့ သတ္ထုစပ်ရောများနဲ့ အင်ဂျင်ကများလာပါတယ်။ ဆလင်ဒါလိုင်နာခေါ်တဲ့ Sleeve တစ်ခုပဲ အပွန်းခံအစားခံတဲ့ သံမဏိ စတီးနဲ့လုပ်ပေးပါတော့တယ်။ အင်ဂျင်ထဲမှာ အပေါက်လေးတွေနဲ့အာရုံခံတဲ့ ဟိုဆင်စာဒီဆင်စာများလေးကလည်း အင်ဂျင်ဝိုင်ဖိအားနဲ့ အာရုံ ခံပြီးစနစ်ကိုထိန်းကျောင်းပေးတယ်။

ချိန်းဆိုတဲ့ သံကွင်းဆက်ကြိုးသဘောသဘာဝကတစ်ခါသုံးပါ။ မိတ်ဆွေစီးနေတဲ့ စက်ဘီး/ ဆိုင်ကယ်က ချိန်းကိုဓာတ် ဆီ/ဒီဇယ်တစ်ခုခုနဲ့ဆေးပြီးပြန်သုံးကြည့်ပါ…
တစ်ဖန်တိုင်မင်ကိုလည်း ချိန်းနဲ့ပြန်လာပြန်တယ်။ ချိန်းဆိုတဲ့ သံ ကွင်းဆက်ကြိုးသဘောသဘာဝက တစ်ခါသုံးပါ။ မပျက်မချင်းကောင်း ဆိုပါတော့ သက်တမ်းကြာလာတာနဲ့အမျှ ချောင်တဲ့အသံလျော့တဲ့ အသံထွက်ပါတယ်။ အထဲမှာ နေသားတစ်ကျရှိပြီးသားချိန်းကိုချေး ဆေးလိုက်ရင် ချောင်ကုန်တတ်ပါတယ်။ လျော့ကုန်တတ်ပါတယ်။မယုံရင်မိတ်ဆွေစီးနေတဲ့ စက်ဘီး/ ဆိုင်ကယ် က ချိန်းကိုဓာတ်ဆီ/ဒီ ဇယ်တစ်ခုခုနဲ့ဆေး ပြီးပြန်သုံးကြည့်ပါ။ အပြီးပျက်သွား တာတွေ့ရပါလိမ့်မယ်။ အသံမျိုး စုံထွက်ပြီး တစ်ဂျောက်ဂျောက်နဲ့ သုံးမရအောင်တွေ့ရမယ်။

 ဒါဆို သဘောပေါက်ဖို့ကောင်းပါပြီ။ မိမိ အင်ဂျင်ကိုပိုကောင်းချင်ပါတယ် ဆိုရင် - Semi / Fully Synthetic Eng : Oil- တစ်ခုခုကို အမြဲသုံးလိုက်ပါ။ သူ့မှာ အင်ဂျင်ပါဝါကောင်းစေဖို့ကြာကြာ ခံစေဖို့ လိုတိုးပိုလျှော့လုပ်ပေး တဲ့ Additive တို့ ဒီတားဂျင့် တို့နဲ့ရော စပ်ပေးထားပါတယ်။ လူလုပ်စရာမလိုအောင် ထိန်းသိမ်းမှုကင်းစေပါတယ်။ ဒါပေမဲ့ ဈေးကြီးတယ်။ ပုံမှန်အင်ဂျင်ဝိုင် ကိုလဲချင်ရင်ဘယ်ကားမဆိုကီလို ၅ထောင်နဲ့၆ထောင်ကြားလဲဖြစ်အောင်လဲပါ။ ဒါဆိုလုံလောက်ပါပြီ။

နံပါတ်နှစ်မေးခွန်းအတွက် အင်ဂျင်ဝိုင်လဲတိုင်းလေအားပြင်းနဲ့ မှုတ်ပေးတာကောင်းလားဆိုတော့ ကောင်းလည်း ကောင်းပါတယ်
နံပါတ်နှစ်မေးခွန်းအတွက် အင်ဂျင်ဝိုင်လဲတိုင်း လေအားပြင်းနဲ့ မှုတ်ပေးတာကောင်းလားဆိုတော့ ကောင်း လည်းကောင်းပါတယ်။ မကောင်းလည်းမကောင်းတတ်ပါဘူး။ လေမှုတ်စက်သဘောအရဖိအားများရတယ်။ ဒါကြောင့် လှောင်ထားတဲ့ လေဗူးထဲမှာ ရေခိုးရေငွေ့ကနေ ရေဖြစ်နေတတ်တယ်။ မှုတ်လိုက် တဲ့လေမှာရေ မှုံရေမွှားလေးတွေ မသိမသာကပ်ပါတတ်ပါတယ်။ ဒီလိုဖြစ်ခဲ့ရင် ဘေးထွက်ဆိုးကျိုးရ တတ်ပါတယ်။ ရှင်းရှင်းပြောရရင်ဆီကို ရေနဲ့ရောသွားတတ်လို့ ရေမော်လီကျုးလေးများရောသွားလို့မကောင်းပါ။ ဒါမျိုးက နံနက်စောစောအရင်ဆုံးလုပ်ပေးလိုက်တဲ့ကားများ ခံရတတ်တယ်။ ဒီအချိန်မှာ ရေငွေ့တွေပါလာတတ်တယ်။

စနစ်ကျတဲ့ အလုပ်ရုံကနံက်တိုင်းလေဗူးထဲကလေကိုချုလိုက်ပါတယ်။
ဒါဆိုရင်ညဘက်မှာဖြစ်တတ်တဲ့ ရေခိုးရေငွေ့တစ်ဖြစ်လဲ ရေများကအောက်ကိုကျလာပါမယ်။ နမူနာလေထိုးစက်တွေကလေဗူးကို လေချူရင်လည်းမြင်နိုင်ပါတယ်။ အိမ်တို့ရုံးတို့သုံးတဲ့ အ၀ီစိတွင်းအတွက် လေမှုတ်စက်ကလေဗူးကို လေဖောက်ချရင်လည်းတွေ့နိုင်ပါတယ်။ လေဘရိတ်သုံး တီအီး ၁၁-/၂၁-လိုကားမျိုးကလေဖေါက်ရင်လည်း ရေထွက်ကျလာတာငြင်းမရတဲ့သက်သေပါပဲ။

အလုပ်ရုံအနေအထားကိုကြည့်ပြီး ဆင်ဆင်ခြင်ခြင်လုပ်စေချင်ပါတယ်။ သေချာတာကတော့မလုပ်မရှုပ်မပြုတ်ပြင်လွန်း ရင်လည်းဖင်ချွန်းတတ်ပါတယ်…
ဒါကြောင့် အလုပ်ရုံအနေအထားကိုကြည့်ပြီး ဆင်ဆင်ခြင်ခြင် လုပ်စေချင်ပါတယ်။ သေချာတာကတော့ မလုပ်မရှုပ် မပြုတ်ပြင်လွန်းရင်လည်းဖင်ချွန်းတတ်ပါတယ်။ မေးပါများ စကားရ နော့လစ်များကို လေ့လာပါ။         

 ခင်မင်လျက်-ကိုသက်
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
 
Share on Google Plus

0 comments:

Post a Comment