ကိုယ်ကာယလေ့ကျင့်ခန်းဆိုတာ ကျန်းမာရေးရှုထောင့်အနေနဲ့ရော
အလှအပရှုထောင့်အနေနဲ့ပါ လူတိုင်းလုပ်ဆောင်သင့်တယ်လို့ အားလုံးက ပြောကြမှာသေချာပါတယ်။
ဒါပေမဲ့ တစ်ခါတလေကျရင် ပုံမှန်လုပ်ဆောင်နေကျ ကိုယ်ကာယလေ့ကျင့်ခန်းတွေလုပ်ဆောင်ဖို့
အခြေအနေမပေးတဲ့ ကိစ္စမျိုးတွေ လည်း ရှိနိုင်ပါတယ်။ တကယ်လို့ တစ်ခါတလေ လေ့ကျင့်ခန်းလုပ်တာကို
အပျက်ခံခဲ့ရင် ကိုယ့်ဘက်က ခက်ခက်ခဲခဲကြိုးစားစရာမလိုတော့တာတွေ ဖြစ်လာနိုင်ပါတယ်။ တစ်နေ့တာမှာ
အရမ်းအလုပ်များနေ ရင်၊ စိတ်ထဲနေလို့ သိပ်မကောင်းဘူးလို့ ခံစားနေတဲ့အချိန်မှာ ကိုယ့်ကိုယ်ကို
လေ့ကျင့်ခန်းလုပ်ရမယ် ဆိုပြီး ဖိအားမပေးသင့်ပါဘူး။ ဒီတော့ ပုံမှန်လေ့ကျင့်ခန်းလုပ်နေသူတွေအတွက်
အကျိုးများရအောင် လမ်းညွှန်ပေးချင်ပါတယ်။
ဖျားနာခြင်း
ပုံမှန်လေ့ကျင့်ခန်းလုပ်ဆောင်နေတာကို ကျော်လွှားသင့်တဲ့အကောင်းဆုံးအချိန်ကတော့
ဖျားနာနေတဲ့ အချိန်ပါပဲ။ နေမကောင်းဘဲ ကိုယ်ကာယလေ့ကျင့်ခန်းလုပ်မယ်ဆိုရင် ကောင်းကျိုးထက်
ဆိုးကျိုးက ပိုများလာမှာဖြစ်သလို ကိုယ်က အအေးမိဖျားနာလို့ နှာခေါင်းပိတ် ချောင်းဆိုးနေချိန်မှာ
လေ့ကျင့်ခန်း လုပ်မယ်ဆိုရင် ချောင်းပိုဆိုးစေနိုင်ပါတယ်။ တကယ်လို့ စိတ်ထဲမှာ နေလို့ထိုင်လို့
သိပ်မကောင်းသေး ဘူးလို့ ခံစားနေရသေးရင် ပုံမှန်လေ့ကျင့်ခန်းတွေကိုလည်း ဖျက်ဖို့ဝန်မလေးပါနဲ့။
အဲဒီလိုအနားယူခြင်း အားဖြင့် ပုံမှန်လေ့ကျင့်ခန်းမလုပ်လို့ ခန္ဓာကိုယ်ထဲမှာကျန်ရှိနေတဲ့
အားအင်တွေက ကိုယ့်ရဲ့အဖျား ရောဂါဝေဒနာကို တိုက်ထုတ်ဖို့ အကောင်းဆုံးခွန်အား ဖြစ်လာနိုင်ပါသေးတယ်။
ပြင်ပဒဏ်ရာရရှိမှု
ဒါကတော့ သိသာထင်ရှားပါတယ်။ ထိခိုက်ရှနာတာ၊ ကြွက်သားနာကျင်တာတွေကြောင့်
ပုံမှန် လေ့ကျင့်ခန်းလုပ်တာတွေကို ဆက်လုပ်ဖို့ မသင့်တော်ဘူးလို့ ခံယူရမှာဖြစ်ပါတယ်။
ဒီလိုပြင်ပဒဏ် ရာရရှိနေတဲ့ကြားက လေ့ကျင့်ခန်းလုပ်မယ်ဆိုရင် ကိုယ်ပဲ ပိုမိုနာကျင်ခံစားရမှာဖြစ်ပါတယ်။
အိပ်ရေးပျက်ခြင်း
တကယ်လို့ ကိုယ်က အိပ်ရေးပျက်နေမယ်ဆိုရင်လည်း အပြေးလေ့ကျင့်ခန်းလုပ်တာမျိုးတွေကို
ရှောင်သင့်ပါတယ်။ အခုလို ပြင်းထန်တဲ့ကိုယ်ကာယလေ့ကျင့်ခန်းတွေလုပ်တော့မယ်ဆိုရင် ကိုယ်
ခံအားပြည့်ဝနေစေဖို့အတွက် အနည်းဆုံးတော့ အိပ်ရေး၀၀အိပ်ထားရမှာဖြစ်ပါတယ်။ အိပ်ရေးမ၀ဘဲ
လေ့ကျင့်ခန်းလုပ်မယ်ဆိုရင် အကျိုးရလဒ်က မျှော်လင့်ထားသလို အကောင်းဆုံးဖြစ်လာမှာမဟုတ်ဘဲ
ကိုယ်ကလည်း ပိုမိုပင်ပန်းနွမ်းနယ်သွားမှာ သေချာပါတယ်။ တကယ်လို့ ကိုယ်က အိပ်ရေးဝနေရင်
တောင်မှ လေ့ကျင့်ခန်းလုပ်တဲ့အခါ သက်သောင့်သက်သာမရှိဘူးလို့ ခံစားရရင် ဆရာဝန်နဲ့ ဆွေးနွေး
ပြသတိုင်ပင်သင့်ပါတယ်။
အပြေးပြိုင်ပွဲတွေ ပါဝင်ယှဉ်ပြိုင်ပြီးချိန်
လွတ်လပ်ရေးနေ့လို ပျော်ပွဲရွှင်ပွဲမျိုးတွေမှာ အပြေးပွဲစဉ်တွေလို
ကိုယ်ကာယအားသုံးတဲ့ အားကစား ပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ပြီးရင် အဲဒီနေ့အတွက် လုပ်ရမယ့်လေ့ကျင့်ခန်းတွေကို
ရှောင်သင့်ပါတယ်။ အထူးသဖြင့် မာရသွန်လို တာဝေးအပြေးပြိုင်ပွဲတွေ ပါဝင်ယှဉ်ပြိုင်ပြီးသွားရင်တော့
အနားယူဖို့ လိုအပ် နေပါလိမ့်မယ်။
အလုပ်များလွန်းခြင်း
တချို့ရက်တွေမှာ ပုံမှန်ကိုယ်ကာယလေ့ကျင့်ခန်းလုပ်ဖို့
မတတ်နိုင်လောက်အောင် အလုပ်တွေရှုပ်ပြီး ကသီလင်တနိုင်နေတတ်ပါတယ်။ ဒါတွေက နေ့တိုင်းဖြစ်နေမှာ
မဟုတ်တာကြောင့် တစ်ရက်တလေ ပုံမှန်လေ့ကျင့်ခန်းမလုပ်ဖြစ်ရင်လည်း ကိစ္စသိပ်မရှိပါဘူး။
အလုပ်တွေ အရမ်းများလွန်းနေရင် စိတ်ပင်ပန်းမှုဖြေဖျောက်နိုင်ဖို့အတွက် အကောင်းဆုံးသောနည်းလမ်းကတော့
ကိုယ်ကာယလေ့ကျင့် ခန်းတွေမလုပ်ဘဲ သူငယ်ချင်းတွေနဲ့အတူ အချိန်ဖြုန်းတာပဲဖြစ်ပါ တယ်။
ပွန်းပဲ့ဒဏ်ရာရနိုင်တာမျိုး ကြိုပြင်ထားပါ
လေ့ကျင့်ခန်း စတင်ပြုလုပ်ပြီးခါစမှာပဲဖြစ်ဖြစ် ပုံမှန်လေ့ကျင့်ခန်း
ပြုလုပ်နေတာကနေ ဒီထက်ပိုပြင်း ထန်တဲ့အဆင့်မျိုးတက်ချင်လို့ပဲ ဖြစ်ဖြစ် အဲဒီအခါမှာ ကိုယ်လက်နာကျင်တာတွေ
ဖြစ်လာနိုင်ပါတယ်။ အဲဒီလိုအချိန်မှာ စိတ်ဓာတ်မကျဘဲ လေ့ကျင့်ခန်းတွေ ပုံမှန် ပြုလုပ်ပေးပါမှ
နောက်ပိုင်းရောက်ရင် နာတာကျင်တာတွေမရှိတော့မှာဖြစ်ပါတယ်။ တကယ်လို့ ကိုယ်လက်ကိုက်ခဲတာက
ပုံမှန်ထက် ပိုမို ပြင်းထန်နေမယ်ဆိုရင်တော့ ကိုယ် အဆင့်မြှင့်တင်လိုက်တဲ့ လေ့ကျင့်ခန်းအသစ်က
အရမ်းပြင်းထန် တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒီလိုဆိုရင်တော့ ကိုယ့်ရဲ့လေ့ကျင့်ခန်းအစီအစဉ်တွေကို
ပြန်လည် ဆန်းစစ်လေ့လာဖို့ လိုအပ်နေပြီဆိုတာ နားလည်ရပါလိမ့်မယ်။
တခြားအရေးကြီးအလုပ်တွေ လုပ်ဆောင်ပြီးသွားချိန်
တစ်နေ့တာလုံး ပင်ပင်ပန်းပန်းအလုပ်လုပ်ရပြီဆိုရင်တော့
အဲဒီနေ့အတွက် လုပ်ရမယ့်လေ့ကျင့်ခန်း တွေကို ရှောင်လိုက်တာအကောင်းဆုံးဖြစ်မှာပါ။ တကယ်လို့
အလုပ်ကို အသွား၊ ကားလမ်းပိတ်မှု ပြဿနာကြောင့် စိတ်ရောကိုယ်ပါ ပင်ပန်းနေပြီဆိုရင် အိမ်ရောက်တာနဲ့
ခြေပစ်လက်ပစ်အနားယူ လိုက်သင့်ပါတယ်။ နောက်ပြီး တစ်နေ့တာအတွက် ခန္ဓာကိုယ်အားပြုလုပ်ကိုင်ရမယ့်
အလုပ်တွေ ရှိရင်လည်း အဲဒီနေ့မှာ ပုံမှန်လေ့ကျင့်ခန်းလုပ်တာကို ရှောင်နိုင်ရင် အကောင်းဆုံးပါပဲ။
ကိုယ့်ရဲ့ ခန္ဓာကိုယ်ကို ကိုယ်က အတတ်နိုင်ဆုံး ထိန်းသိမ်းစောင့်ရှောက်နိုင်ရင် ပုံမှန်လေ့ကျင့်ခန်း
လုပ်တာတွေက အကျိုးရှိလာမှာ သေချာပါတယ်။
အဆုံးသတ်အနေနဲ့ ကောက်ချက်ချရရင် တစ်ရက်လောက် လေ့ကျင့်ခန်းပျက်သွားတာကို
သေမ လောက်ကြောက်တဲ့စိတ်မျိုးမထားဖို့ အရေးကြီးပါတယ်။ ဒါဟာ ကိုယ်တစ်ယောက်တည်းမှာမှ ကွက်ဖြစ်တာမဟုတ်ဘဲ
လူတိုင်းမှာ ဖြစ်နိုင်တာကို ထည့်တွက်ရင် စိတ်သက်သာရာရပါလိမ့်မယ်။
--------------------------------------------------------
ရသစုံလင်
အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ
...
www.facebook.com/shapejournal
www.facebook.com/groups/weloveshape
#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
www.facebook.com/shapejournal
www.facebook.com/groups/weloveshape
#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
0 comments:
Post a Comment