ရည်းစားဟောင်းနဲ့သူငယ်ချင်းဖြစ်သင့်သလား




ဒါအကြံကောင်းလို့ ထင်စရာရှိပါတယ်။ အလုပ်ဖြစ်ဖို့တော့ ခက်ခဲတာပေါ့။ အများအားဖြင့်တော့ ဒါတစ်ယောက်နဲ့တစ်ယောက် အတူမနေနိုင်ကြတော့လို့ လမ်းခွဲလိုက်ပေမယ့် မပြတ်သားနိုင်တဲ့ လက္ခဏာတစ်ရပ်ပါ။ အဲဒီတော့ ရည်းစားဟောင်းနဲ့ သူငယ်ချင်းဖြစ်သင့်ရဲ့လား။ မဖြစ်သင့်ဘူးလား။ ဘာဆက်လုပ်ကြမလဲ။

ကိုယ့်ဘက်ကမပြတ်သားနိုင်
ဘယ်လောက်ပဲခက်ခဲကြမ်းတမ်းနေပေမယ့် သူ့အပေါ်ခံစားချက်ရှိနေတုန်းပါပဲ။ သူငယ်ချင်းတစ်ယောက် အနေနဲ့ သူ့ရည်းစားအသစ်တွေအကြောင်းကြားရမယ်။ သူပွေရှုပ်တဲ့ဇာတ်လမ်းတွေ အကြောင်းကြားရမယ်။ ဘယ်လောက်တောင်ခံစားရခက်လိုက်ပါသလဲ။

ရှေ့ဆက်တိုးဖို့ခက်စေတယ်
သူ့အပေါ်ခံစားချက်က ကျန်နေမှတော့ ရှေ့ဆက်တိုးဖို့ခက်ပြီပေါ့…။

ကိုယ့်ကိုယ်ကိုယ်နှိပ်စက်တာ
သူ့ဘေးမှာကပ်နေပြီး သူ့သတင်းတွေနားထောင် ရတာလည်း ကိုယ့်စိတ်ကိုယ် ထိန်းချုပ်ထားရတဲ့အတွက် ကိုယ်ပဲ စိတ်သောကရောက်ရပါတယ်။ ဒါကိုယ့်ကိုယ် ကိုယ်နှိပ်စက်တဲ့နည်းလမ်း တစ်ခုဖြစ်နေတာပေါ့။

သ၀န်တိုနေတုန်းပဲ
အခု သူကချစ်သူအသစ် ရနေပြီဆိုတော့ ကိုယ်နဲ့အတူ အရင်က ဖန်တီးခဲ့တဲ့အမှတ်တရလေးတွေ အခု ပြန်ဖန်တီးဦးမှာလားဆိုပြီး သံသယ၀င်သ၀န်တိုလာတာပေါ့။

နားလည်မှာမဟုတ်
ကိုယ့်ရဲ့ရည်းစားအသစ်လေး… သူကလည်း ကိုယ့်ရည်းစားဟောင်းကို ပုံမှန်တွေ့နေတာကို လုံးဝကြိုက်မှာမဟုတ်ပါဘူး။ သိသိသာသာဖြစ်စေ၊ မသိမသာဖြစ်စေ သ၀န်တိုမယ်။ နောက်ဆုံး သံသယ ၀င်မယ်။

အတိတ်မှာကျန်နေမယ်
အားလုံးကပြီးဆုံးသွားလို့ အနာဂတ်ကို သွားနေကြပြီ။ ကိုယ်တစ်ယောက်တည်း တမျှော်မျှော်နဲ့သာ အတိတ်မှာ ကျန်နေခဲ့တာပေါ့။

သူငယ်ချင်းအစစ်ဆိုတာ
စစ်မှန်တဲ့သူငယ်ချင်းဆိုတာ ဘာမဆို ပြောဆို တိုင်ပင်လို့ရပါတယ်။ ရင်ဖွင့်လို့ရပါတယ်။ အခု သူနဲ့ ကိုယ်ကြားက ရည်းစားဟောင်းဆိုတဲ့ စည်းခံနေတာ ရင်ဖွင့်တိုင်ပင်လို့ရပါ့မလား။

ပြီးဆုံးသွားပြီ
ကိုယ့်ဘက်ကသာ ခံစားချက်ကျန်နေသေးလို့ သူငယ်ချင်းအဖြစ်နဲ့ နေနေတာ။ သူ့ဘက်ကပြီးသွားတာမှ ရှင်းနေတာပဲ။

Whitney


---
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်


Share on Google Plus

0 comments:

Post a Comment