ဖက်ရှင်မော်ဒယ်တွေ ဘာစားကြသလဲ





ဖက်ရှင်ကျကျဝတ်ချင်လာမယ် လမ်းလျှောက်တိုင်း စတိုင်အပြည့်နဲ့ ဖက်ရှင်မော်ဒယ်တွေလို လူတကာ ငေးမောကြည့်တာကို သဘောကျတာက တစ်ခါတလေတော့ ကိုယ်တိုင်ကြိုးစားချင်စိတ်မရှိဘဲ magazine စာမျက်နှာ၊ ရုပ်မြင်သံကြားထက်က ဖက်ရှင်မော်ဒယ်တွေကိုကြည့်ပြီး မနာလိုအားကျမိကြပါသေးတယ်။ အဲဒီတော့ သူတို့ ဘာတွေစားသလဲ လေ့လာကြည့်ရအောင်။
သစ်သီး
ဖက်ရှင်မော်ဒယ် မီဂန်စီလီယာကတော့ သူမရဲ့ပိန်သွယ်တဲ့ ခန္ဓာကိုယ်လျှို့ဝှက်ချက်က သစ်သီးစားလို့ ပါတဲ့။ ကိုယ်တွေစားသလို သွားရည်စာ မဟားဒရားစားတာ မဟုတ်ပါဘူး။ ဘလူးဘယ်ရီ၊ လိမ္မော်သီး၊ ပန်းသီး၊ ငှက်ပျောသီး၊ စပျစ်သီးတို့ကို သွားရည်စာအနေနဲ့ စားတာပါတဲ့။
ချောကလက်
ချောကလက်က သူတို့စားတဲ့ အစားအစာရဲ့ တစ်စိတ်တစ်ဒေသပါ။ အနက်ရောင်ချောကလက်က နှလုံးကျန်းမာရေးအတွက် သင့်လျော်ပါတယ်။ ဒါပေမဲ့ စားမယ်ဆိုရင် တရားလွန်မစားဖို့တော့ လိုတာပေါ့။
အစိမ်းရောင်ဖျော်ရည်
ဟင်းနုနွယ်ရွက်လိုမျိုး အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေနဲ့ လုပ်ထားတဲ့ဖျော်ရည်က ကယ်လိုရီပါ ၀င်မှုနည်းပြီး ဗီတာမင်၊ အမျှင်ဓာတ်၊ ပရိုတိန်းနဲ့ သတ္ထုထုဓာတ်တွေပါဝင်တာကြောင့် ကြွက်သားနဲ့အရိုး အတွက်ကောင်း ပါတယ်။
ဆာမွန်ငါး
ဆာမွန်ငါးက ဖက်ရှင်မော်ဒယ်တွေအတွက် catwall လျှောက်တဲ့အခါ အရုံစူးစိုက်မှု ပိုကောင်းစေ ပါတယ်။ ဆာမွန်ငါးမှာ ပါတဲ့ fatty acid တွေက စိတ်စွမ်းဆောင်ရည်ကို မြှင့်တင်စေပါတယ်။
ရေ
ရေက ဖက်ရှင်မော်ဒယ်တစ်ယောက်အတွက် မရှိမဖြစ်ပါ။ ကယ်လိုရီတွေ လောင်ကျွမ်းစေပြီး  အစာခံပါ တယ်။ အသားအရေကို လှပစေပါတယ်။
အစေ့အဆန်
မြေပဲ၊ ဗာဒံစေ့၊ မြေပဲထောပတ်တို့က အရသာရှိပြီး ဖက်ရှင်မော်ဒယ်တွေ မရှိမဖြစ်စားသင့်တာပါ။ ခန္ဓာကိုယ်က လိုအပ်တဲ့အဆီ တွေကို ဖြည့်ပေးပြီး အစာခံစေပါတယ်။
အဆိပ်ထုတ်လက်ဖက်ရည်
ခန္ဓာကိုယ်ပိန်သွယ်ပြီး အဆီပိုမရှိကျစ်လစ်လှပနေစေဖို့ အဆိပ်ထုတ်လက်ဖက်ရည်က ဖက်ရှင် မော်ဒယ် တစ်ယောက်အတွက် မရှိမဖြစ်လိုအပ်ချက်ပါ။
ထောပတ်သီး
ထောပတ်သီးမှာ ပရိုတိန်း၊ ကာဘိုဟိုက်ဒရိတ်နဲ့ အချိုဓာတ်တို့ ပါဝင်တဲ့အတွက် အနှစ်သက်ဆုံးဖြစ် ကြောင်း Victoria’s Secrt  မော်ဒယ် Candice Swanepoel က ပြောကြားထားပါတယ်။  

Cryatal
---


ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်


Share on Google Plus

0 comments:

Post a Comment