FHM Philippines ရဲ့ဆွဲဆောင်မှုအရှိဆုံးမင်းသမီး ကက်ထရီနာဟာလီလီ



ဒီတစ်ပတ် Audicence`s Choice ကဏ္ဍအတွက်ရွေချယ်ထားတာကတော့ ဖိလစ်ပိုင်မင်းသမီး၊ကြော်ငြာမော်ဒယ်၊ တေးသီချင်းထုတ်လုပ်သူ ကက်ထရီနာဟာလီလီပါ။ Star Struck နဲ့ ပဲဦးထွက်ခဲ့ပြီး Darna, Majika, MairMar နဲ့ Destiny Rose, One Night Only, Gagambio စတဲ့ဇာတ်ကားတွေနဲ့ နာမည်ကြီးလူကြိုက်များလာသူပါ။ ဟာလီလီက Star Struk ကနေ အနုပညာခြေလမ်းအစပြုခဲ့ပြီး FHM နဲ့ Maxim Philippnes စတဲ့ထိပ်တန်းမဂ္ဂဇင်းတွေမှာ အကြိမ်ပေါင်းများစွာမျက်နှာဖုံးရှင်အဖြစ်ပါဝင်ခွင့်ရခဲ့ပါတယ်။ ၂ဝဝ၆ခုနှစ်၊ ၂ဝဝ၇ခုနှစ်မှာ FHM Philippnes ရဲ့Sexiest Woman of The Year ဆု နှစ်နှစ်ဆက်တိုက် ရရှိခဲ့ပါတယ်။ FHM Philippnes မဂ္ဂဇင်းမှာဆိုရင် ၄ ကြိမ်ဆက်တိုက်မျက်နှာဖုံးရှင်အနေနဲ့ပါဝင်ခွင့်ရခဲ့ပြီး ၂ဝဝ၈ ခုနှစ်မှာ မာရီရန်ပြီးရင် မဲပေါင်း၁၂၃ဝဝဝမဲနဲ့ FHM မှာ ဒုတိယ အကြိမ်ရွေးချယ်ခံရပြန်ပါတယ်။ ၂ဝဝ၉ ခုနှစ်မေလက ဟာလီလီနဲ့Dr.Heyden တို့ရဲ့လိင်ပိုင်းဆိုင်ရာဗီဒီယိုက အွန်လိုင်းပေါ်ပျံ့နှံ့ခဲ့ပါတယ်။ ဒီကိစ္စ အတွက်ဟာလီက နှစ်ရှည်တရားရင်ဆိုင်ခဲ့ပြီးကြော်ငြာရိုက်ကူးရေးအခွင့်အလမ်းတွေ ပိတ်ဆို့ခဲ့ရပါတယ်။ဒါပေမယ့်လည်း ၂ဝဝ၉ ခုနှစ်မှာ FHM Philippnes ရဲ့ 100Sexiest Woman စာရင်းမှာနံပါတ်  ၇ နေရာ၊ ၂ဝ၁ဝ ခုနှစ်မှာ နံပါတ် ၆ နေရာ၊ ၂ဝ၁၂ မှာ ၁၆ ၊ ၂ဝ၁၃ မှာ နံပါတ် ၂၇၊ ၂ဝ၁၄ မှာနံပါတ် ၃၁၊ ၂ဝ၁၅ မှာ နံပါတ် ၁၅ နှစ်စဉ်မပျက်မကွက်နိုင်ငံရဲ့ တစ်ဦးတည်းသောမင်းသမီးဖြစ်ပါတယ်။ 
Share on Google Plus

0 comments:

Post a Comment