ကျွမ်းဘားသမားသေဆုံးတဲ့ကွင်းမှာ ဖြေဖျော်မိလို့ “ဂရင်းဒေး”ကပြန်တောင်းပန်




နာမည်ကျော် အမေရိကန် ပန့်(ခ်)-ရော့(ခ်) ဂီတအဖွဲ့ဂရင်းဒေး (Green Day) ဟာ စပိန်နိုင်ငံ၊ မက်ဒရစ်မြို့မှာကျင်းပတဲ့ ‘Mad Cool’ ဂီတပွဲတော်မှာ ၄င်းတို့မဖြေဖျော်ခင် ကျွမ်းဘားသမားတစ်ဦးမတော် တဆသေဆုံးခဲ့ကြောင်းပွဲပြီးမှသိရလို့ ဖြေဖျော်ခဲ့တာပါလို့ ပရိသတ်ကိုပြန်တောင်းပန်ပါတယ်။
''အဲဒီလိုမတော်တဆမှုဖြစ်လျက်နဲ့ ကျွန်တော်တို့ ဘာကြောင့် ဖြေဖျော်သလဲလို့ ပရိသတ်ကသိချင်တယ်။ အမှန်တော့ပွဲပြီးမှပဲ အဲဒါသိတာပါ။ ကျွမ်းဘား ဖြေဖျော်မှုအစီအစဉ်ရှိမှန်းတောင် ကျွန်တော်တို့ ကြိုမသိခဲ့ပါဘူး။ ပင်မဇာတ်ခုံနဲ့ မိုင်ဝက်လောက်ဝေးတဲ့ နေရာမှာ ကျွန်တော်တို့ရှိနေပြီးပွဲစဖို့ (၁၅)မိနစ် အလိုမှာ လုံခြုံရေးပြဿနာရှိလို့ ခဏစောင့်ပါလို့ အာဏာပိုင်တွေက လာပြောပါတယ်။ အဲဒီမတော်တဆဖြစ်မှု အကြောင်း လုံးဝမကြားမိတော့ ပင်မဇာတ်ခုံကြီးဆီ ဗင်ကားနဲ့သွားကြပါတယ်။ သေဆုံးသူရဲ့ မိသားစုနဲ့ ထပ်တူဝမ်းနည်းပါတယ်။ အဲဒီအဖြစ်ဆိုးမြင်လိုက် ရသူတွေလိုပဲ ကျွန်တော်တို့လည်း သွေးလန့်ပြီး စိတ်မကောင်းဖြစ်မိပါတယ်''လို့ အဖွဲ့ခေါင်းဆောင် ဘီလီဂျိုးအမ်းစထရောင်းက ပြောပါတယ်။



စိုးသိဏ်း-စုစည်းတင်ပြသည်
---
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်

 
Share on Google Plus

0 comments:

Post a Comment