ရေနွေးနဲ့ ကျန်းမာရေး...ရန်နိုင်









ကျန်းမာတဲ့ခန္ဓာကိုယ်နဲ့ဘ၀နေထိုင်မှုအတွက် ရေပုံမှန်သောက်ပေးဖို့လိုပါတယ်။
ရေသောက်ခြင်းက ခန္ဓာကိုယ် အဆိပ်အတောက်ကင်းစေပြီး အသားရေလှစေပါတယ်။ နံနက်ခင်းပိုင်းအချိန်
ရေတစ်ဖန်ခွက်သောက်ပေးတာက ကျန်းမာရေးအတွက်ကောင်းစေသလို နေ့ပိုင်းအချိန်တွေမှာ ရေနွေးသောက်ပေးတာကလည်း ကျန်းမာရေးကိုအကျိုးပြုစေပါတယ်။

အစာကြေစေတယ်
အစာကြေစေဖို့ရေနွေးသောက်ပေးပါ။ ရေနွေးက အစာခြေဂလင်း တွေကို သက်သာရာရစေပြီး အစာအိမ်အတွင်းအစာတွေကို ချေဖျက်ပေးတဲ့အတွက် အစာခြေရလွယ်ကူသွားစေပါတယ်။

လည်ချောင်းနာသက်သာစေတယ်
လည်ချောင်းနာခြင်းက လည်ပင်းယားယံခြင်း၊ နာကျင်ခြင်း၊ အအေးမိ၊ ဖျားနာခြင်းကြောင့်ဖြစ်နိုင်ပါတယ်။ အဲဒီအချိန် ရေနွေးလေးသောက်ပေးရင် အသက်ရှူလမ်းကြောင်းတစ်လျောက်ချွဲ သလိပ်တွေကိုပျော်စေပြီးလည်ချောင်းနာသက်သာစေပါလိမ့်မယ်။

ဝမ်းချုပ်ခြင်းကင်းစေတယ်
ရေနွေးပုံမှန်သောက်ပေးခြင်းက အူလမ်းကြောင်းစနစ်ကို ပျော့ပြောင်းစေပြီးဝမ်းချုပ်ခြင်းကို တွန်းလှန်ပေးပါတယ်။ အဲဒီအတွက် ၀မ်းချုပ်ခြင်းကြောင့် နေထိုင်ရမသက်မသာဖြစ်ခြင်း၊ ၀မ်းဗိုက်နာ ကျင်ခြင်းကင်းစေပါတယ်။

အိုမင်းရင့်ရော်မှုနှေးစေတယ်
ရေနွေးသောက်တာက အရေပြားကိုလည်း အကျိုးပြုပါတယ်။ ရေနွေးကြောင့်ခန္ဓာကိုယ်အဆိပ်အတောက်တွေ ကင်းစင်စေကာ အသားအရေသန့်ရှင်းစေတဲ့ တခြားကျန်းမာရေး ပြဿနာတွေပါ ကင်းစင်စေပါလိမ့်မယ်။

နှာခေါင်းပိတ်ခြင်းသက်သာစေတယ်
နှာစေး၊ နှာပိတ်အတွက် ရေခပ်နွေးနွေးလေးသောက်ပေးရင် လည်ချောင်းနဲ့ အာခေါင်တစ်လျောက် ချွဲသလိပ်များပျော်စေပြီး အသက်ရှူရအဆင်ပြေစေပါလိမ့်မယ်။


ဝိတ်ကျစေတယ်
ခန္ဓာကိုယ်အလေးချိန်ချဖို့ ကြိုးစားနေသူများကို ရေနွေးကလည်း ကူညီပေးပါလိမ့်မယ်။
ရေနွေးကြောင့် ခန္ဓာကိုယ်အပူချိန်တက်စေပြီး ခန္ဓာကိုယ်အပူချိန်တက်ခြင်းက ဇီဝဖြစ်စဉ်တွေကို
မြန်ဆန်စေပါတယ်။ ဒီလိုမြန်ဆန်တဲ့အတွက် ကယ်လိုရီတွေပိုပြီးလောင်ကျွမ်းစေပါတယ်။

အဆိပ်အတောက်ကင်းစေတယ်
ရေနွေးသောက်ခြင်းက ခန္ဓာကိုယ်တွင်း အဆိပ်ရှိတဲ့ဓာတုပစ္စည်းတွေကို ဆီးကနေတစ်ဆင့် စွန့်ထုတ်ပြီး အဆိပ်အတောက်တွေ ကြောင့်ဖြစ်ပေါ်စေတဲ့ဝက်ခြံ၊အမည်းစက်တွေကင်းစင်စေပါတယ်။

---
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်

Share on Google Plus

0 comments:

Post a Comment