အဖျားနှစ်ခွဆံပင်တွေက
ဆံကေသာ ပြဿနာတွေထဲက အဆိုးဆုံးတစ်ခုပါ။ ဆံပင်အဖျားတွေ ခြောက်သွေ့ကြွပ်ဆတ်လာတဲ့အခါ အဖျားနှစ်ခွတွေဖြစ်လာပါတယ်။
ညှပ်ပစ်လိုက်ရင်တော့ အကောင်းဆုံးပါ။ ဒါမှမဟုတ် သဘာဝနည်းလမ်းလေးတွေနဲ့လည်း ကုသပေးလို့ရပါတယ်။
ထောပတ်သီး
ထောပတ်သီးမှာပါဝင်တဲ့
သဘာဝအဆီက ဆံပင်အဖျားနှစ်ခွဖြစ်တာကို အမြန်ဆုံးသက်သာ ပျောက်ကင်း စေပါတယ်။ ထောပတ်အဆီအနှစ်ကို
ရေစိုနေတဲ့ ဆံပင်မှာလိမ်းထားပြီး တစ်နာရီလောက်ကြာမှ ရေဆေးချလိုက်ပါ။
ငှက်ပျောသီး
ငှက်ပျောသီးက
ဆံသားကို အားဖြည့်ပေးပြီး အဖျားနှစ်ခွဆံပင်တွေကို ကုသပေးပါတယ်။ ငှက်ပျောသီးအမှည့်တစ်လုံး၊
သံပုရာရည်တို့ကို ရောစပ်ပြီး ဆံသားအနှံ့လိမ်းပေးပါ။ မိနစ် ၃၀ ကြာရင် ခေါင်းလျှော်ပေးလိုက်ပါ။
နို့
ပရိုတိန်းပါဝင်တဲ့နို့က
ဆံသားကို အာဟာရဖြည့်ပေးပြီး သန်စွမ်းစေပါတယ်။ ဦးရေပြားနဲ့ ဆံသားအနှံ့ နို့ရည်လိမ်း
ထားပေးပြီး သုံးနေကျ ခေါင်းလျှော်ရည်နဲ့ ပုံမှန် အတိုင်းလျှော်လိုက်ပါ။
ဘီယာ
ဘီယာမှာပါဝင်တဲ့
ပရိုတိန်းနဲ့ အာဟာရတွေက ဆံကေသာအဖျားနှစ်ခွဖြစ်တာတွေကို အမြန်ဆုံး ကုသပေးပါလိမ့်မယ်။
ကြက်ဥ
ကြက်ဥမှာပါတဲ့
ပရိုတိန်းနဲ့ fatty acid က ဆံပင်ကို သန်စွမ်းစေပြီး အဖျားနှစ်ခွဖြစ်ခြင်းကို သက်သာစေပါလိမ့်မယ်။
သင်္ဘောသီးနဲ့ဒိန်ချဉ်
သင်္ဘောသီးအမှည့်နဲ့ဒိန်ချဉ်
ရောစပ်ပြီး ဆံသားနဲ့ ဦးရေပြားအနှံ့ လိမ်းပေးမယ် ဆိုရင် ဆံပင်အဖျား နှစ်ခွဖြစ်တာ သက်သာပျောက်ကင်းစေပါလိမ့်မယ်။
ဝဿန်
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...
www.facebook.com/shapejournal
www.facebook.com/groups/weloveshape
#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
0 comments:
Post a Comment