ပျားရည်ဆမ်းခရီးထွက်တယ်ဆိုတာ










ခရီးထွက်တယ်ဆိုတာ လူတစ်ယောက်ရဲ့ အကောင်းအဆိုးတွေ အားလုံးကို သိမြင်စေနိုင်ပါတယ်။ အဲဒီလူတစ်ယောက်ရဲ့ အကောင်းဆုံးအကျင့်နဲ့ အဆိုးရွားဆုံး ပြဿနာတွေကို သိသာထင်ရှားစွာ ပေါ်လွင်စေပါတယ်။ အဲဒီအတွက်ကြောင့်လည်း ပူပူနွေးနွေး ဇနီးမောင်နှံတွေအနေနဲ့ ပျားရည်ဆမ်း ခရီး မဖြစ်မနေထွက်သင့်တဲ့ အဓိကအချက်တွေပါပဲ။ ဒီလို ပျားရည်ဆမ်းခရီးထွက်ခြင်းအားဖြင့် တစ်ယောက်အကြောင်း တစ် ယောက် ပိုမိုသိလာမှာဖြစ်သလို တစ်ယောက်ရဲ့ အားနည်းချက်ကို တစ်ယောက်က ဘယ်လိုကူညီဖေးမမလဲဆိုတဲ့ အချက်ကိုလည်း တွေ့ရှိနိုင်မှာ ဖြစ်ပါတယ်။ 

စိတ်ကို ပေါ့ပါးလန်းဆန်းစေနိုင်တယ်
ကိုယ်ကျင်လည်ရာ၊ ကိုယ် ရင်းနှီးရာပတ်ဝန်းကျင်ဒေသကနေ တစ်ခါမှမရောက်ဖူးတဲ့နေရာကို ခရီး ထွက်မယ်ဆိုရင် ပထမဆုံးခံစားရမှာက ကိုယ့်ရဲ့စိတ် လန်းဆန်း ပေါ့ပါးတာပဲဖြစ်ပါတယ်။ တွေ့ကြုံရတဲ့ အရာတိုင်းက ကိုယ့်ကို ပြင်းထန်လွန်ကဲတဲ့ စိတ်ခံစားမှုပေးစွမ်းနိုင်ပြီး အမျိုးသမီးတွေအနေနဲ့ ကိုယ့် အမျိုးသားရဲ့ မွေးရပ်ဌာနဆီ ဆွေပြမျိုးပြသဘောမျိုး ခရီးထွက်မယ်ဆိုရင်လည်း အကျိုးကျေးဇူးတွေ ရရှိလာနိုင်ပါတယ်။ သူနဲ့ပတ်သက်တဲ့ နောက်ခံအကြောင်းအရာတွေကို ကိုယ်တိုင်ကိုယ်ကျ လေ့လာ နိုင်မှာဖြစ်ပါတယ်။ 

သူ့အကြိုက် ကိုယ့်အကြိုက် ညှိနှိုင်းမယ်
အဲဒီလို ပျားရည်ဆမ်းခရီးထွက်မယ်ဆိုရင် သူနဲ့ ကိုယ်တို့ နှစ်ယောက်ကြား တစ်ယောက်နဲ့ တစ် ယောက် အကြိုက်ချင်း မတူညီနိုင်တာတွေလည်း ရှိလာနိုင်ပါတယ်။ သူက ဒီပြတိုက်သွားချင်တယ်ဆို ကိုယ်က ဟိုပြတိုက်သွားချင်တယ်ဆိုတာမျိုးပါ။ ဒီတော့ တစ်ယောက်နဲ့တစ်ယောက် ညှိနှိုင်းရတော့မှာ ဖြစ်ပြီး ခရီးမထွက်ခင်ကတည်းက အစီအစဉ်တကျ စာရင်းပြုစုထားဖို့လည်း လိုအပ်ပါ တယ်။ ဒီလို တစ်ယောက်နဲ့တစ်ယောက် ညှိနှိုင်းရာမှာ အလျှော့ပေးရတာတွေလည်း ရှိပါတယ်။ ဒါပေမဲ့ ဒီလို အလျှော့ပေးတယ်ဆိုတာ သူ့အပေါ် ကိုယ်ဘယ်လောက် ချစ်တယ်ဆိုတဲ့အကြောင်း သက်သေပြရာ လည်း ရောက်ပါတယ်။ 

နာကျင်စရာ အတိတ်ဟောင်းနေရာမှာ ပျော်ရွှင်စရာ အမှတ်တရတွေနဲ့ အစားထိုးမယ်
ဒါကတော့ပြန်လည်အမှတ်ရချင်စရာမကောင်းတဲ့ အနာဂတ်ပိုင်ဆိုင်ထားသူတွေအတွက်ဖြစ်ပြီး ပထမ တစ်ယောက်နဲ့ ခရီးထွက်တုန်းက ခံစားရသမျှတွေကို အခုလက်ရှိအချစ်သစ်နဲ့အတူ ပျားရည်ဆမ်း ခရီးထွက်ခြင်းအားဖြင့် ပျော်ရွှင်စရာအမှတ်တရတွေနဲ့ အစားထိုးလို့ရပါတယ်။ 

ငွေရေးကြေးရေး ကိစ္စတွေကိုလည်း ထိန်းညှိနိုင်မယ်
တစ်သက်လုံး အဆင်ပြေချောမွေ့တဲ့ ဆက်ဆံရေးပိုင်ဆိုင်ချင်တယ်ဆိုရင် ခရီးအတူတူထွက်တာက အရေးပါတဲ့ အစိတ်အပိုင်းတစ်ရပ်အဖြစ် ပါဝင်နေပါတယ်။ အဓိကအချက်ကတော့ ကိုယ့်ရဲ့ ငွေရေး ကြေးရေးပိုင်းဆိုင်ရာ စီစဉ်ညွန်ကြားနိုင်မှုကို ခရီးထွက်တဲ့အချိန်မှာ အပြည့်အ၀စမ်းသပ်နိုင်လို့ပဲဖြစ်ပြီး ဘ၀ခရီးကို အတူလက်တွဲတော့ မယ့် ချစ်သူတွေအတွက် ပိုမိုအရေးကြီးပါတယ်။ ကိုယ့်ရဲ့တစ်လစာ အသုံးစရိတ်ကို စာရင်းအတိအကျနဲ့တွက်ဖို့ ခက်ခဲနိုင်တာကြောင့် ခရီးထွက်တဲ့အချိန်မှာ အနာဂတ် အမှားတွေ ကျူးလွန်နိုင်တာကြောင့် အဲဒီအမှားတွေအပေါ် သင်ခန်းစာယူပြီး ပြင်ဆင်နိုင်မှာဖြစ်ပါတယ်။ 

 ပုံမှန်လုပ်ရိုးလုပ်စဉ်တွေကနေ ကွဲထွက်မယ်
ဒါကတော့ ရှင်းပါတယ်။ နှစ်ယောက်အတူတူ ဘ၀ခရီးလမ်းဖြတ်သန်းရာမှာ အချိန်ဇယားနဲ့ ဘယ်နေ့မှာ ဘာလုပ်မယ်ဆိုပြီး စီစဉ်ထားတတ်ပါတယ်။ ဒါပေမဲ့ ခရီးထွက်ပြီဆိုရင်တော့ ကိုယ်စီစဉ်ထားတဲ့အတိုင်း ဖြစ်လာမှာမဟုတ်ပါဘူး။ ကိုယ်မရောက်ဖူးတဲ့ဒေသမှာ ကိုယ့်ရဲ့စိတ်က အမြဲတမ်း အတည်တကျ မရှိနိုင် လို့ ကြိုတင် စီစဉ်ထားရင်လည်း တကယ်လုပ်ဆောင်ဖို့ ခက်ခဲနိုင်ပါတယ်။ ရုတ်တရက် စီစဉ်လိုက်ရတာ မျိုးတွေ မကြာခဏရှိလာမှာဖြစ်တာကြောင့် ရှေ့ဆက်လှမ်းရမယ့်ဘ၀မှာ အရေးပေါ် ကြုံလာတဲ့ ပြဿနာမျိုးတွေနဲ့ ရင်ဆိုင်ရရင် ပျားရည်ဆမ်းခရီးထွက်တုန်းက အတွေ့အကြုံတွေကို အားကိုးလို့ရနိုင် ပါတယ်။ နောက်ပြီး ဒီလို ပျားရည်ဆမ်းခရီးထွက်ခြင်းအားဖြင့် စိတ်ဓာတ်ခွန်အားတွေလည်း ပိုမိုရရှိ လာမှာဖြစ်ပြီး အဲဒီခွန်အားတွေနဲ့ ဘ၀ကို ရင်ဆိုင်ဖြတ်သန်းနိုင်စွမ်း ရှိပါတယ်။ 

ပျော်ရွှင်စရာတွေကို အတူတူခံစားမယ်
ပျားရည်ဆမ်းခရီးထွက်ခြင်းရဲ့ အရေးကြီးဆုံး အကျိုးကျေးဇူးကတော့ ပျော်ရျွှင်စရာတွေကို အတူတူခံစားတာပဲဖြစ်ပါတယ်။ ကိုယ်မရောက်ဖူးတဲ့၊ မသိတဲ့မြို့တွေ နိုင်ငံတွေမှာ တွေ့ကြုံခံစားရသမျှ တွေကို နှစ်ယောက်အတူတူ မျှဝေတာကပဲ ဘာနဲ့မှအစားထိုးလို့ မရတဲ့ခံစားမှုဖြစ်ပါတယ်။ ဒီလို အံ့အားသင့်ဖွယ်ကောင်းတဲ့ အတွေ့အကြုံ၊ ခံစားမှုတွေကို တစ်သက်လုံး ဘယ်တော့မှာမေ့မှာမဟုတ် သလို ပြဿနာတစ်ခုခုကြောင့် စိတ်ပျက်ဝမ်းနည်းချိန်ရောက်ရင် အဲဒီခံစားမှုတွေကို တွန်းအားတစ် ရပ်အဖြစ် ပြောင်းလဲရယူနိုင်စွမ်းလည်း ရှိပါတယ်။
whitney
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
 
Share on Google Plus

0 comments:

Post a Comment