Horoscope















မိဿရာသီဖွား (မတ်လ၂၁-ဧပြီလ ၁၉)
Aries : အစားကိုကုန်အောင်စား၊ စကားကို ကုန် အောင်မပြောနဲ့ ဆိုတဲ့အတိုင်းကျင့်ကြံနေထိုင်ရပါလိမ့်မယ်။ ပတ်ဝန်းကျင်ကိုအထူးသတိထားပါ။ မိတ်ဆွေထက် ရန်သူတွေဝန်းရံ နေမယ့်ကာလတစ်ခုဖြစ်ပါတယ်။

ပြိဿရာသီဖွား (ဧပြီလ၂၀-မေလ၂၀)
Taurus : ချစ်သူနဲ့ဘ၀ရှေ့ရေး အနာဂတ်အကြောင်းဆွေးနွေးရမယ့် ကာလတစ်ခုပါ။ တစ်ယောက်နဲ့တစ်ယောက်ဖြစ်ချင်တာထက် ဖြစ်သင့်တာတွေကိုဦးစားပေးဆွေးနွေးကြပါ။ အပြန်အလှန်နား လည်မှုထားပြီးဆွေးနွေးမယ်ဆိုရင် ထူးထူးခြားခြားလိုက်လျောညီထွေဖြစ်နေမယ့် ကာလလေးတစ်ခုပါ။

မေထုန်ရာသီဖွား (မေလ၂၁-ဇွန်လ၂၁)
Gemini : ဘ၀မှာ ဘယ်သူမဆို တစ်ကြိမ်တစ်ခါ လောက်အပြောင်းအလဲတစ်ခုခံစားရဖို့ ကြိုးစားဖူးကြမှာပါ။ ကျရှုံးခြင်းတွေရှိသလို အောင်မြင်မှုတွေလည်း ကြုံဖူးကြမှာပါ။ အရေးကြီးတာကတော့ သတ္တိရှိ ဖို့ပါပဲ။ ဒီလိုပါပဲ။ အချစ်ရေးမှာ ကိုယ့်ဘက်က အနိုင်အရှုံးတွေချိန်ဆနေတာထက် သတ္တိ ရှိရှိနဲ့သာဖွင့်ပြောလိုက်ပါ။

ကရကုဋ်ရာသီဖွား (ဇွန်လ၂၂-ဇူလိုင်လ၂၂)
Cancer : အေးစက်နေတဲ့ အချစ်ရေးကိုပူနွေးလာအောင်ဖန်တီးပေးရမယ့် အချိန်ပါ။ နှစ်ဦးသား မကြာခဏတွေ့ပေးပါ။ တစ်ချိန်ကလိုနွေးထွေးတဲ့ဆက်ဆံရေးမျိုးရအောင်ဖန်တီးပေးပါ။

သိဟ်ရာသီဖွား (ဇူလိုင်လ၂၃-သြဂုတ်လ၂၂)
Leo : ဒီရာသီဖွားများဒီကာလအတွင်းစိတ်ထဲကဆန္ဒတွေကို အပြည့် အ၀ပုံဖော်ခွင့်ရမယ့်ကာလတစ်ခုပါ။ ကိုယ့်ဆန္ဒတွေကို အကောင်အထည် ဖော်နိုင်လေ ကိုယ့်ကိုယ်ကိုယ်ပျော်ရွှင်ကျေနပ်နှစ်သက်လေပါ။ ပျော်ရွှင် မများကြောင့်အချစ်ရေးကိစ္စတွေကို မေ့လျော့နေပါလိမ့်မယ်။ 

ကန်ရာသီဖွား (သြဂုတ်လ၂၃-စက်တင်ဘာလ၂၂)
Virgo : တစ်စုံတစ်ယောက်ကိုချစ်မြတ်နိုးပေမယ့် သူ့ဆီကအငြင်း စကားကိုလက်မခံနိုင်ဖြစ်နေပါလိမ့်မယ်။ အာရုံထဲသိပ်ပြီးလေးလေးနက်နက်တွေးမနေပါနဲ့။စိတ်ခံစားချက်အတိုင်းတစ်ခါတလေလုပ်ဆောင်ကြည့်ပါ။

တူရာသီဖွား(စက်တင်ဘာ၂၃-အောက်တိုဘာလ၂၂)
Libra : ချစ်သူနှစ်ဦးကြား ရွေးချယ်စရာတွေများပြားနေမယ့် ကာလတစ်ခုပါ။ အကောင်းဆုံး အကြံ ပြုချင်တာကတော့တစ် ခဏတာ ပျော်ရွှင်မှုထက်တစ်ဘ၀လုံးတန် ဖိုးရှိတာကိုရွေးချယ်တတ်ဖို့ပါပဲ။

ဗြိစ္ဆာရာသီဖွား(အောက်တိုဘာလ၂၃-နိုဝင်ဘာလ ၂၁)
Scorpio : တစ်ကိုယ်တည်း သမားများ အိမ်တွင်းပုန်းနေတာထက် ပွဲလမ်းသဘင်များများတက်ပေးပါ။ ဘယ်အရာကိုမှလွယ်လွယ်ကူကူကတိမပေး မိပါစေနဲ့။ ကိုယ့်ကိုယ်ထိခိုက်လာနိုင်ပါတယ်။

ဓနုရာသီဖွား (နိုဝင်ဘာလ၂၂-ဒီဇင်ဘာလ၂၁)
Sagittarius : ချစ်သူနှစ်ဦးကြားဆက်ဆံရေးက အနည်းငယ်လျို့ဝှက် ပြီးမျက်လှည့်ဆန်နေပါလိမ့်မယ်။ တစ်ယောက်နဲ့တစ်ယောက်ဆက်ဆံရေးမှာအဆင်ပြေစေဖို့အတွက်နွေးထွေးရင်းနှီးတဲ့ ပတ်ဝန်းကျင်လေးဖန်တီး ပေးပါ။

မကရရာသီဖွား (ဒီဇင်ဘာလ၂၂-ဇန်န၀ါရီလ ၁၉)
Copricorn : ပါတီပွဲတွေက တစ်ကိုယ်တည်းသမားများလှုပ်ရှား ဖို့အကောင်းဆုံးနေရာတွေပါ။ ထူးထူးခြားခြားတစ်စုံတစ်ဦးနဲ့ကြုံဆုံရ ကိန်းရှိပါတယ်။ ဒီတွေ့ဆုံမှုက တစ်ဘ၀လုံးစာအထိကြီးမားတဲ့အပြောင်း အလဲကြီးဖြစ်သွားနိုင်ပါတယ်။

ကုံရာသီဖွား (ဇန်န၀ါရီလ၂၀-ဖေဖော်ဝါရီလ ၁၈)
Aquarius: အချစ်ရေးကိစ္စလေးတွေကိုအသာချပြီး ကိုယ့်ယုံကြည်ချက်တွေ၊ စိတ်ကူးအိပ်မက်တွေအကောင်အထည်ဖော်ဖို့အချိန်ပေးပါ။ အိပ်မက်တွေကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ အဆုံးထိသာ ရဲရဲဝံ့ဝံ့လျှောက်လှမ်းပါ။

မိန်ရာသီဖွား (ဖေဖော်ဝါရီလ၁၉-မတ်လ၂၀)
Pisces : အချစ်ရေးပြဿနာလေးတွေကို တစ်ဖန်စိစစ်တတ်ဖို့လိုပါတယ်။ တစ်ကိုယ်တည်းသမားများ ဒိတ်လုပ်တဲ့အခါဘယ်ကိုသွားရမယ်၊ ဘာလုပ်ရမယ်ဆိုတာလေးတွေ သေချာဆုံးဖြတ်ချက် ချထားဖို့လိုပါတယ်။


Share on Google Plus

0 comments:

Post a Comment