အချစ်ရေးနဲ့ပတ်သက်ရင် သစ္စာရှိပါ…အိုင်းရင်းဇင်မာမြင့်







ချစ်တာကောင်းပါတယ်။ ဘယ်လိုအချစ်မျိုးဖြစ်ဖြစ်ပေါ့။ ဒါပေမဲ့ ၁၅၀၀ အချစ်မှာတော့ အားလုံးက ဒီခေတ်ဒီကာလမှာ ဉာဏ်ပညာတွေပွင့်လင်းလာကြတော့ ယောက်ျား၊ မိန်းကလေး နှစ်ဖက်စလုံးကပေါ့နော်။ အားလုံးမျှမျှတတတွေးပြီးတော့ တစ်ယောက်နဲ့ တစ်ယောက်နားလည်မှုရှိရှိသွားစေချင်ပါတယ်။ အဓိက အချစ်ဆိုတာလေ အချိန်တန်လာရင်သူက နောက်တစ်အိမ်ကို ပြောင်းသွားတာကို ဆက်တိုက်ကြီးချစ်နေတာ မျိုးကို အချစ်ကုန်သွားတဲ့အချိန်မှာ သံယောဇဉ်၊ မေတ္တာ၊ သစ္စာတွေနဲ့ ပြန်သွားရတာကိုး။ အဓိကအိုင်ရင်း ပြောချင်တာ တစ်ယောက်နဲ့တစ်ယောက်သစ္စာရှိပါ။ တစ်ယောက်နဲ့ တစ်ယောက်နားလည်မှုရှိပါတယ်။ ညှိနှိုင်းပါ။ လုံးဝညှိနှိုင်းခွင့် မရှိတော့ဘူးဆိုရင်ယတိပြတ်ဖြတ်ပါ။ အဲဒါလေးကိုပြောချင် ပါတယ်။ ယတိပြတ်မဟုတ်ဘဲ ဟိုမလွတ် ဒီမလွတ်ဆိုတဲ့ အရာက နှစ်ဖက်စလုံးအတွက်မကောင်းပါဘူး။ ဒါက ဘာအကြာင်းအရာနဲ့မှပြောတာမဟုတ်ပါဘူး။ ယောက်ျားလေးပဲ ဖြစ်ဖြစ်၊ မိန်းကလေးပဲဖြစ်ဖြစ် မိန်းကလေးချည်းပဲကောင်းတယ်။ ယောက်ျားလေးချည်းပဲ ကောင်းတယ်လို့ အိုင်ရင်းမပြောပါဘူး။ အချစ်ဆိုတာက လပိုင်းနှစ်ပိုင်းအတွင်းမှာ သူနောက်အိမ်ပြောင်း သွားတတ်တယ်ရှင့်။ သူနောက်အိမ်ပြောင်းသွားတဲ့အချိန်မှာ ကိုယ့်အိမ်မှာကျန်ခဲ့တာ သစ္စာရယ် မေတ္တာရယ်သံယောဇဉ်ရယ်။ အဲဒါလေးတော့ ကိုယ့်အိမ်မှာမြဲပါစေ။ နှစ်ယောက်စလုံး အဆင် မပြေစပြုလာရင် ညှိပါ။ ညှိလို့အဆင်မပြေရင် ယတိပြတ် တစ်ယောက်နဲ့တစ်ယောက် နားလည်မှုရှိရှိနဲ့လမ်းခွဲပါ။ နောက်ဆုံးတစ်ချက်က အချစ်ရေးနဲ့ပတ်သက်ရင် သစ္စာရှိပါလို့ ပြောချင်ပါတယ်။

---
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်



Share on Google Plus

0 comments:

Post a Comment