ဂျင်နီဖာလောရင့်(စ်)စီးလာတဲ့ လေယာဉ်ပျံစက်ပျက်လို့ အရေးပေါ်ဆင်းသက်ရ




ရုပ်ရှင်မင်းသမီး ဂျင်နီဖာလောရင့်(စ်)စီးလာတဲ့ စင်းလုံးငှားလေယာဉ်ပျံဟာ စက်နှစ်လုံး (အင်ဂျင်နှစ်လုံး) စလုံးပျက်သွားလို့ အရေးပေါ်ဆင်းသက်ခဲ့ရကြောင်း aceshowbiz က (၁၁-၆-၁၇)နေ့ ကဖော်ပြပါတယ်။ အော်စကာဆုရှင်ဂျင်နီဖာဟာ သူမဇာတိမြို့ကင်တပ်ကီပြည်နယ်၊ လူဝီဗီး(လ်)မြို့မှ အဲဒီလေယာဉ်ဖြင့်ထွက်ခွာလာပြီး အမြင့်ပေ ၃၁၀၀၀ အရောက်မှာ အင်ဂျင်တစ်လုံးပျက်လို့ အရေးပေါ် ဆင်းဖို့ပြင်ဆင်နေတုန်း နောက်အင်ဂျင်တစ်လုံးပါ ထပ်ပျက်သွားပေမဲ့ နယူးယောက်ပြည်နယ်၊ ဘတ်ဖလိုးမြို့လေဆိပ်ကို ချောမောစွာအရေးပေါ်ဆင်းသက်နိုင်လို့ လေယာဉ်ရောဂျင်နီဖာပါထိခိုက်မှုမရှိကြောင်း သိရပါတယ်။ ဂျင်နီဟာ ၂၀၁၆ ခုနှစ်က သိပ္ပံဇာတ်ကား Passengers နဲ့ X Men: Apocolypse တို့မှာပါဝင်ခဲ့ပြီး ယခုအခါစိတ္တဇ သည်းဖိုဇာတ်ကား Mother! နဲ့ သူလျှိုဇာတ်ကားRed Sparrow တို့ကို ရိုက်ကူးလျက်ရှိပါတယ်။

---

ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်




Share on Google Plus

0 comments:

Post a Comment