Jism


2012 : Jism 2 ဟာ ၂၀၀၃ ခုနစ်ကထွက်ရှိခဲ့တဲ့ Jism ရဲ့ နောက်ဆက်တွဲဇာတ်ကားဖြစ်ပြီး ဆန်နီက ငွေရောင်ပိတ်ကားထက်မှာ ပုရိသတွေကို အသည်းဘ၀င်ခိုက်စေအောင် ဆွဲဆောင်နိုင်ခဲ့ပါတယ်…
ဆန်နီလီယွန်နေး https://youtu.be/sevoE8lq_8M
အရင်တုန်းက ပွန်းစတားတစ်ဦးအဖြစ် နာမည်ကျော်ခဲ့ဖူးတဲ့ ဆန်နီလီယွန်နေးဟာ ၂၀၁၂ ခုနှစ်ရောက်မှ အိန္ဒိယရုပ်ရှင်လောကထဲ ၀င်ရောက်လာတာဖြစ်ပြီးသူ့ရဲ့ အိန္ဒိယရုပ်ရှင်လောက စွန့်စားခန်းခရီးအစက စိတ်ဝင်စားစရာကောင်းခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်မှာ Jism 2 ဇာတ်ကားနဲ့ အိန္ဒိယရုပ်ရှင်လောကထဲဝင်ရောက်လာတဲ့ ဆန်နီလီယွန်နေးကို ပထမဆုံးကမ်းလှမ်းတာကJism 2 မဟုတ်ဘဲ ဒါရိုက်တာမိုဟစ်ဆူရီရဲ့ Kalyug ဇာတ်ကားက သူနဲ့ရိုက်ဖို့အရင်ဆုံးကမ်းလှမ်းခဲ့တာပါ။ ဒါပေမဲ့  ဆန်နီလီယွန်နေး က အဲဒီဇာတ်ကားမှာပါဝင်သရုပ်ဆောင်ဖို့အတွက် ဒေါ်လာ ၁သန်း အထိ တောင်းဆိုခဲ့တာကြောင့် ဇာတ်ကားထုတ်လုပ်တဲ့ ပရိုဂျူဆာက သူ့ကိုလက်လျှော့ခဲ့ရပါတယ်။ သူဟာ  အိန္ဒိယရဲ့ ရုပ်သံပရိုဂရမ်အစီအစဉ်တစ်ခုဖြစ်တဲ့ Big Boss အစီအစဉ်မှာ ပါဝင်ခဲ့လို့ဝေဖန်မှုတွေနဲ့ရင်ဆိုင်ခဲ့ရသူဖြစ်ပြီး ဒါရိုက်တာ မာဟက်ရှ်ဘဟက်က လူငယ်တွေအသည်းစွဲဖြစ်နေတဲ့သူ့ကို Jism 2 ဇာတ်ကားနဲ့ ပထမဆုံး မိတ်ဆက်ပေးခဲ့ပါတယ်။ အဲဒီနောက်ပိုင်းကတည်းက ဆန်နီဟာ ဒေသတွင်းရော ဟောလိဝုဒ်မှာပါ ဇာတ်ကားတွေ အများအပြားရိုက်ကူးခဲ့ပြီး သူ့ရဲ့အဖော်အချွတ်သရုပ်ဆောင်ချက်တွေကြောင့်လည်း ဝေဖန်မှုတွေနဲ့ရင်ဆိုင်နေရပါတယ်။ သူ့ရဲ့ဇာတ်ကားတွေကို နှစ်အလိုက်ပြန်လည်ဖော်ပြပေးရမယ်ဆိုရင် တော့…
2012 : Jism 2
၂၀၀၃ ခုနှစ်ကထွက်ရှိခဲ့တဲ့ Jism ရဲ့နောက်ဆက်တွဲဇာတ်ကားဖြစ်ပြီး ဆန်နီက ငွေရောင်ပိတ်ကားထက်မှာ ပုရိသတွေကို အသည်းဘ၀င်ခိုက်စေအောင် ဆွဲဆောင်နိုင်ခဲ့ပါတယ်။ ဒီဇာတ်ကားမှာလုပ်ကြံသတ်ဖြတ်သူ ရန်ဒတ်ဟိုဒါကို လှည့်ကွက်ဆင်ပြီး ဖမ်းဆီးနိုင်ဖို့အတွက် အရာရှိအရူနိုဒေးဆင်းရဲ့ခန့်အပ်ခြင်းခံခဲ့ရတဲ့ ပွန်းစတားတစ်ဦးအဖြစ် ပီပီပြင်ပြင်သရုပ်ဆောင်ခဲ့ပါတယ်။
၂၀၁၃ ခုနှစ်အတွင်း ဆန်နီ အနေနဲ့ဇာတ်ကားနှစ်ကားရိုက်ကူးခဲ့ပြီး ဒုတိယမြောက်ဇာတ်ကားအဖြစ် Shootout at Wadala ဇာတ်ကားမှာတော့ ဂျွန်အေဘရာဟမ်နဲ့အတူ Laila သီချင်းမှာ စည်းချက်ညီညီပါဝင်သရုပ်ဆောင်ခဲ့ကာ အဲဒီသီချင်းက Shootout at Wadala ဇာတ်ကားတစ်ကားလုံးရဲ့ ပရိသတ်အကြိုက်ဆုံးဇာတ်ဝင်ခန်းဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် သူဟာ ၂၀၁၃ခုနှစ်အတွင်း Jackpot ဇာတ်ကားဆက်လက်ရိုက်ကူးခဲ့ပြီး နာဆာရူဒင်ရှား၊ ဂျိုရှီတို့နဲ့အတူ အပေးအယူမျှမျှသရုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဒီဇာတ်ကားက ပရိသတ်အကြိုက်ဆုံးဇာတ်ကားတွေထဲမှာ မပါဝင်ခဲ့ပေမယ့် အဆိုတော် အာဂျစ်ဆင်းဂ်ျရဲ့ အလွမ်းသီချင်းKabhi Jo Baadal Barse မှာ ထိထိမိမိပါဝင်သရုပ်ဆောင်နိုင်ခဲ့ပြီး ဒီအခန်းကလည်း လူပြောများခဲ့ပါတယ်။
၂၀၁၄ ခုနှစ်မှာတော့ သူဟာ ဇာတ်ကား (၄)ကားအထိ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပထမဆုံးအနေနဲ့ သရဲဇာတ်ကားဖြစ်တဲ့ Ragini MMS 2 မှာပါဝင်ခွင့်ရခဲ့ပါတယ်။ Vadacurry ဇာတ်ကားကတော့ ဆန်နီအတွက် တီလူဂူအမျိုးအစား ပထမဆုံးဇာတ်ကားဖြစ်ခဲ့ပြီး ဒီဇာတ်ကားမှာပါဝင်တဲ့Low Aana Life u သီချင်းထဲမှာ သူ့ရဲ့သရုပ်ဆောင်ချက်တွေက သရုပ်ပါလွန်းခဲ့ပါတယ်။ Hate Story 2 ဇာတ်ကားမှာလည်း ဆန်နီက ဆာဗင်းချော်လာ၊ ဘာနူရှာလီတို့နဲ့အတူ ပါဝင်သရုပ်ဆောင်ခဲ့ပြီး  လုပ်ကွက်သိပ်မရခဲ့ပေမယ့် Pink Lips သီချင်းနဲ့ ပရိသတ်တွေရဲ့ အသိအမှတ်ပြုခံခဲ့ရပါတယ်။ Balweinder Singh Famous Ho Gaya ဇာတ်ကားကတော့ ခေါင်းဆောင်မင်းသားအဖြစ် မီကာဆင်းဂ်ျရဲ့ပထမဆုံးဇာတ်ကားဖြစ်ခဲ့ပါတယ်။ ၂၀၁၄ခုနှစ်အတွက် သူ့ရဲ့နောက်ဆုံးကားဖြစ်တဲ့ Current Theega ဇာတ်ကားမှတော့ သူက အင်္ဂလိပ်လူမျိုးဆရာမလေးအဖြစ် ပီပီပြင်ပြင် သရုပ်ဆောင်နိုင်ခဲ့ပါတယ်။
ဆန်နီဟာ ၂၀၁၅ ခုနှစ်မှာလည်း ဇာတ်ကားအများအပြား ရိုက်ကူးခွင့်ရခဲ့ပြီး စုစုပေါင်း (၅) ကားဖြစ်လာခဲ့ပါတယ်။ ပထမဆုံးအနေနဲ့ ကာနာဒါရဲ့ပွဲဦးထွက်ဇာတ်ကားဖြစ်တဲ့ DK ဇာတ်ကားမှာလည်း ဆန်နီ ပါဝင်သရုပ်ဆောင်ခွင့်ရရှိခဲ့ပြီး Sesamma သီချင်းမှာ  သူ့ရဲ့ခြေထောက်လှုပ်အက,က ပရိသတ်တွေကို အံ့အားသင့်စေနိုင်ခဲ့ပါတယ်။ ဇာတ်ကားအများစုမှာ ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်ခွင့်ရရှိခဲ့ရာကနေ EK Paheli Leela ဇာတ်ကားမှာတော့ သူဟာ ဘာနူရှာလီ၊ ဒက်ဂဲလ်၊ အရိုရာ၊ အလာဝက်တို့နဲ့အတူ အရေးပါတဲ့ဇာတ်ကောင်နေရာကနေ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ Kuch Kuch Locha Hai ဇာတ်ကားကတော့ ဝေဖန်မှုတွေနဲ့ရင်ဆိုင်ခဲ့ရပြီး အချစ်ဇာတ်ကား Luv u Alia ရဲ့ Kamakshi သီချင်းမှာပါဝင်သရုပ်ဆောင်ခဲ့သလို ၂၀၁၅ ခုနှစ်ရဲ့နောက်ဆုံးဇာတ်ကားအဖြစ်Singh Is Bliing ဇာတ်ကားမှာ ပါဝင်ခွင့်ရခဲ့ပါတယ်။
သူဟာ ၂၀၁၆ ခုနှစ်မှာလည်း ၅ ကားရိုက်ကူးခဲ့ပြီး One Night Stand ဇာတ်ကားမှာ ဆယ်လီနာအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ Beiimaan Love ဇာတ်ကားကတော့ ဆန်နီရဲ့ခင်ပွန်း ဒန်နီရယ်ဝက်ဘာအတွက် ပထမဆုံးဘောလိဝုဒ်ဇာတ်ကားဖြစ်ခဲ့ပေမယ့် သူတို့နှစ်ယောက်ဟာ အဲဒီဇာတ်ကားအတွက် ပရိုမိုးရှင်းပြုလုပ်ခဲ့ရာမှာ ပါဝင်ခွင့်မရခဲ့ပါဘူး။ Fudda နဲ့ Dongari Ka Raja ဇာတ်ကားတွေမှာလည်း ဆန်နီက ပရိသတ်အကြိုက် အလှုပ်အယမ်းအကတွေနဲ့ ဆွဲဆောင်နိုင်ခဲ့ပါတယ်။
လက်ရှိ ၂၀၁၇ ခုနှစ်ထဲမှာတော့ ဆန်နီက ဇာတ်ကား(၃)ကား ရိုက်ကူးထားပြီး အထူးသဖြင့် နာမည်ကြီးမင်းသား ရှာရွတ်ခန်းရဲ့ Raees ဇာတ်ကားမှာ ပါဝင်ခွင့်ရခဲ့ပါတယ်။ ဒီဇာတ်ကားက ဘောလိဝုဒ်ရဲ့ထိပ်တန်းစာရင်းဝင်ခဲ့ပြီး ဆန်နီက Laila Main Laila သီချင်းမှာ ရှာရွတ်ခန်းနဲ့အတူ အတွဲအဖက်ညီညီကပြသရုပ်ဆောင်နိုင်ခဲ့ပါတယ်။ သူဟာ နောက်ထပ်လည်း Noor နဲ့ Baadshaho ဇာတ်ကားတွေမှာလည်း ပါဝင်သရုပ်ဆောင်ထားပြီး ဆက်လက်လည်း ဇာတ်ကားတွေအများအပြားရိုက်ကူးထားပါတယ်။

ဇွဲထူးမြတ်လွင်

---

ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်




Share on Google Plus

0 comments:

Post a Comment