ဂျေလိုတို့ စုံတွဲရွက်လွှင့်ဇိမ်ခံကြ




ဂျေလိုခေါ်ဂျင်နီဖာလိုပက်(ဇ်) နဲ့ သူမချစ်သူ အေရော့(ဒ်) ခေါ် အဲလက်(ဇ်)ရော့ဒရစ်ဂက်(ဇ်)တို့ဟာ (၁၆-၆-၁၇)နေ့က ပြင်သစ်နိုင်ငံ တောင်ပိုင်းသွားပြီး အင်တီး(ဘ်) ကမ်းခြေသို့ရောက်စဉ် ရွက်သင်္ဘောပေါ် နေပူစာလှုံရင်း ဇိမ်ခံခဲ့ကြပါတယ်။ TMZ က ရရှိတဲ့ ဓာတ်ပုံတချို့မှာ ဂျေလိုက အဖြူရောင်တစ်ချောင်းထိုး ရေကူး ၀တ်စုံဝတ်ထားပြီး နေကာမျက်မှန်တပ်ကာ ဆံပင်ကို မြင်းမြီးပုံချည်ထားပါတယ်။ နောက်တစ်ပုံမှာ ရွက်သင်္ဘောရဲ့ကုန်းပတ်ပေါ် လက်ရန်းဘေးရပ်ပြီး ဓာတ်ပုံရိုက်ဖို့ ကိုယ်ဟန်ပြနေပါတယ်။ တအောင့်ကြာတော့ ဂျေလိုတို့စုံတွဲဟာ ကမ်းမကပ်ခင်နေပူစာလှုံရင်း နေ့လည်စာစားကြပါတယ်။ ဂျေလိုက သူမနဲ့အဲလက်(ဇ်)တို့စား သောက်ဆိုင်မှာသွားစားစဉ်ဆိုဖာပေါ်အေးဆေးထိုင်နေကြတဲ့ အဖြူအမည်းဓာတ်ပုံကိုအင်စတာဂရမ်မှာတင်ခဲ့ပြီး ''ကျွန်မအရမ်းပျော်နေတော့ ဘာကိုမှဂရုမစိုက်တော့ဘူး။ ဘယ်သူဘာပြောပြော အရေးလုပ်စရာလား။ ဗေးဂါ့(စ်)မြို့မှာ ကျွန်မပြန်ကဦးမယ်။ ပါရီ၊ စိန့်ထရိုပေး၊ မွန်တီကာလို၊ မိုင်ယာမီမြို့တွေ လျှောက်လည်မယ်''လို့ ပုံစာရေးထား ပါတယ်။
---


ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
Share on Google Plus

0 comments:

Post a Comment