Pirates
of the Caribbean ဇာတ်ကားတွဲ ရဲ့ခေါင်းဆောင်မင်းသားဂျော်နီဒက်(ပ်) ရဲ့တစ်ဦးတည်းသောသမီးဖြစ်သူ
မော်ဒယ်မင်းသမီးပေါက်စ ၁၈ နှစ်အရွယ် လီလီရို့(စ်)ဒက်(ပ်)ဟာမကြာခင်က သူမစီးကရက်ဖွာနေတဲ့ပုံကို
အင်စတာဂရမ်မှာတင်ပြီး ''စတိုင်ကျသူတွေနဲ့ အပျိုစင်လေးများအတွက်သာ''လို့ ပုံစာရေးခဲ့ပါတယ်။
အဲဒီပုံကြောင့်
လီလီရဲ့အင်စတာဂရမ်ပရိသတ်ဦးရေသုံးသန်းဟာဘ၀င်မကျတဲ့ဆေးလိပ်သောက်ခြင်းရဲ့ အန္တရာယ်တွေကိုပြောပြပြီး
ဆုံးမကြပါတယ်။ ''ဆေးလိပ် သောက်တာမကောင်းဘူး''လို့ တစ်ဦးကရေးပြီး နောက်တစ်ဦးက ''နင့်အဖေဟာ
ကျန်းမာရေးကြောင့် ဆေးလိပ်ဖြတ်ခဲ့ရတယ်မဟုတ်လား'' လို့မေးသလို နောက်တစ်ဦးကလည်း ''ငါ့သူငယ်ချင်းတစ်ယောက်တော့
ဆေးလိပ်ကြောင့် အဆုတ်ကင်ဆာ နဲ့သေသွားပြီ''လို့ရေးသားသတိပေးကြပါတယ်။ တချို့ကတော့သူမရဲ့ဖက်ရှင်စတိုင်ကိုဝေဖန်ကြပါတယ်။
''လီလီရေ ဆေးလိပ်သောက်တာက မင်းရဲ့အသွင်ကိုပိုမလှစေပါဘူး''ဆိုတာမျိုးရေးကြပါတယ်။ လီလီဟာ
Channel No.5 L’eu ရေမွှေးပင်တိုင်ကြော်ငြာမော်ဒယ်လုပ်ခဲ့ကာ ၂၀၁၇ မေလက ကဲန်း(စ်)ရုပ်ရှင်ပွဲတော်မှာ
ပြသခဲ့တဲ့ ဇာတ်ကား The Dancer နဲ့ မနှစ်က Planeterium (၂၀၁၆) ဇာတ်ကားတွေမှာလည်း သရုပ်ဆောင်အဖြစ်ပါဝင်ခဲ့ပြီးဖြစ်ပါတယ်။
---
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...
www.facebook.com/shapejournal
www.facebook.com/groups/weloveshape
#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
0 comments:
Post a Comment