ကညွှတ်နဲ့ကျန်းမာရေး











ကညွှတ်နဲ့ကျန်းမာရေး

ကညွှတ်ကတော့ကြော်၊ ချက်၊ ပေါင်းနည်းမျိုးစုံနဲ့ လူတိုင်းနီးပါးစားသုံးကြတဲ့ အသီးအရွက်တစ်မျိုးပါ။ စားရုံတင် အရသာရှိတာမဟုတ်ပါဘူး။ ကျန်းမာရေးအကျိုးပြုတဲ့ ဓာတ်တွေအများကြီးပါဝင်နေပါတယ်။ ကညွှတ်မှာ ဗီတာမင် A,B1,B2,B3,b6,C,C နဲ့ တို့အပြင် သံဓာတ်၊ ဖောလစ် အက်ဆစ်၊ ကယ်လ်ဆီယံ၊ ပိုတက်ဆီယမ်၊ ဇင့်၊ အဂ္ဂနီဆီယမ်၊ မဂ္ဂနီစ်၊ အမိုင်နိုအက်ဆစ်တွေပါ ပါဝင်ကြပါတယ်။ ဒါတင်မကပါဘူး၊ ကျန်းမာရေး အတွက် အမျှင်ဓာတ်၊ ကာဘိုဟိုက်ဒရိုက်၊ ပရိုတိန်းနဲ့အဆီတွေလည်း ပါဝင်ပါတယ်။ ကယ်လိုရီ၊ ဆိုဒီယမ်ပါဝင်မှုနည်းပြီး ရေဓာတ်ပါဝင်နှုန်းများပါတယ်။ ကျန်းမာရေးပိုင်းက ကြည့်မယ်ဆိုရင် ရောင်ရမ်းခြင်းတွေကို သက်သာစေပြီး ဆီးအနံ့အသက်ကင်းစေပါတယ်။

ကင်ဆာရောဂါကာကွယ်ပေးတယ်

အင်တီအောက်ဆီဒင်ကြွယ်ဝတဲ့ အစိမ်းရင့် ရောင်ကညွှတ်ဟာ ကာဆီနိုဂျင်နဲ့ ခန္ဓာကိုယ်အတွင်းက Free radical တွေကိုပြိုကွဲစေပါတယ်။ ဒါက အရိုး၊ ရင်သား၊ အူမကြီး၊ အဆုတ်ကင်ဆာတို့လို ကင်ဆာရောဂါကြီးကြီးမားမားတွေကိုလျှော့ချပြီးဖြစ်စေပါတယ်။ Glutahione ပါဝင်တဲ့အတွက် caranogens တွေကိုဖျက်ဆီးပေးပါတယ်။

အစာကြေစေတယ်

ကညွှတ်မှာပါဝင်တဲ့ အမျှင်ဓာတ်တွေက အူလမ်းကြောင်း အစာခြေ စနစ်တွေကိုကောင်းမွန်စေပြီး အစာချေဖျက်ခြင်းကို ကူညီပေးပါတယ်။ ဒါတင်မကပါဘူး၊ ခန္ခာကိုယ်အကျိုးပြု ဘက်တီး ရီးယားလေးတွေကို ကောင်းမွန်စွာရှင်သန်စေပြီး အစာခြေစနစ်နဲ့ ခန္ဓာကိုယ်ခုခံအားစနစ်ကို အထောက်အပံ့ပေးပါတယ်။ ရေဓာတ် ကြွယ်ဝစွာပါဝင်တဲ့အတွက်ဝမ်း ချုပ်ခြင်းကိုသက်သာစေ ပြီးအူလမ်းကြောင်းကိုကျန်းမာစေပါတယ်။

အရိုးများကို ကျန်းမာစေတယ်

ဗီတာမင် K ပါဝင်တဲ့ကညွှတ်က အရိုးကျန်းမာရေးမှာလည်း အထောက်အကူပြုပါတယ်။ နေ့စဉ်လှုပ်ရှားမှုတွေကြောင့် ပင်ပန်းနွမ်းနယ်နေတဲ့၊ ပျက်စီးနေတဲ့အရိုးတွေကို ပြန်လည်ပြုပြင်ပေးပါတယ်။ သံဓာတ်မြင့်မားစွာပါဝင်တဲ့အတွက်လည်း အရိုး၊ အဆစ်တွေကို သန်မာစေပါတယ်။

နှလုံးကျန်းမာစေတယ်

အင်တီအောက်ဆီဒင့်နဲ့ ရောင်ရမ်းမှုကိုသက်သာစေတဲ့ ဂုဏ်သတ္တိပါဝင်တဲ့ ကညွှတ်က နှလုံးကျန်းမာရေးအတွက်လည်း အထောက်အကူပြုပါတယ်။ သူ့မှာပါဝင်တဲ့ဗီတာ မင်ဘီက နှလုံးကြွက်သား ကျန်းမာရေးကို ထိန်းသိမ်းပေးပါတယ်။ ဗီတာမင် K ကတော့ နှလုံးနဲ့ဆက်စပ်နေတဲ့ သွေးကြောတွေကို ကျန်းမာစေပြီး သွေးခဲခြင်းမဖြစ်အောင်ကူညီပေးပါတယ်။

မှတ်ဉာဏ်ကောင်းစေတယ်

ဗီတာမင် B12 နဲ့ Folate ပါဝင်တဲ့ကညွှတ်က ဦးနှောက်မှတ်ဉာဏ်အားကိုလည်းပိုပြီးတိုးစေပါတယ်။ ကညွှတ်ကို ပုံမှန်စားပေးနိုင်မယ်ဆိုရင် အယ်ဇိုင်းမားလိုရောဂါမျိုးတောင် ကာကွယ်ပေးနိုင်ပါတယ်။

သွေးတွင်းသကြားဓာတ်ကို ထိန်းပေးတယ်

ကညွှတ်ကသွေးတွင်း သကြားဓာတ်ကိုထိန်းပေးတဲ့အတွက် ဆီးချိုသမားများ စားသုံးသင့်တဲ့ အစာတစ်ခုလည်းဖြစ်ပါတယ်။ ကညွှတ်မှာပါဝင်တဲ့ ဗီတာမင်က ခန္ဓာကိုယ်တွင်း အင်ဆူလင် ထုတ်လုပ်မှုကို တိုးပွားစေပါတယ်။

အမြင်အာရုံကောင်းစေတယ်

ကညွှတ်ကမျက်လုံးကျန်းမာရေးကိုလည်းအထောက် အကူပြုပါတယ်။ သူ့မှာပါဝင်တဲ့ ဗီတာမင် A က အမြင် အာရုံကောင်းမွန်စေဖို့ အထောက်အပံ့ပေးပါတယ်။ zeaxanthin က မျက်ဝန်းကိုနေရောင် ခြည်မကြာခဏ ထိတွေ့ခြင်းကြောင့် ပျက်စီးခြင်းတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

အိုမင်းရင့်ရော်ခြင်းကိုတားဆီးပေးတယ်

ဗီတာမင်နပါဝင်တဲ့ ကညွှတ်က မျက်နှာနဲ့ ခန္ဓာကိုယ်အရေပြားက အရေးအကြောင်းတွေ၊ အစက် အပြောက်တွေကိုလျော့ပါးစေပြီး ဇရာကိုလည်း ကာကွယ်ပေးပြီးသားဖြစ်စေပါတယ်။
ရန်နိုင်


--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်





Share on Google Plus

0 comments:

Post a Comment