တွမ်ခရူး(စ်)ရိုက်ကွင်းနားမှာ “ကေတီ”က “ဂျေမီ”နဲ့ချိန်းတွေ့





တွမ်ခရူး(စ်)ရဲ့ဇနီးဟောင်း ကေတီ ဟုမ်း(စ်)နဲ့ သူမချစ်သူလူမည်းရုပ်ရှင် မင်းသား ဂျေမီဖောက်ဇ်တို့ဟာ ပါရီမြို့မှာ အတူတူအချိန်ဖြုန်းနေပုံတွေ့လိုက်ရလို့ ၄င်းတို့တွဲခုတ်နေကြောင်း ကောလာဟလတွေကို ပိုပြီးခိုင်လုံသွားစေပါတယ်။ ကေတီ ဟာပါရီရှိဂျေမီဆီ လေယာဉ်ဖြင့်လိုက်လာပြီး ဟိုတယ်တစ်ခုလုံးမှာ အတူ တည်းခိုခဲ့ကြောင်း၊ ၄င်းတို့ဟာ အဲဒီ ဟိုတယ်နားမှာ M.I.6 ဇာတ်ကား လာရိုက်နေတဲ့ ကေတီ့ခင်ပွန်းဟောင်း တွမ်ခရူး(စ်)နဲ့ ပက်ပင်းတိုးမှာစိုးလို့ အခန်းအောင်းနေခဲ့ကြကြောင်း E!News က ဖော်ပြပါတယ်။ ''သူတို့စုံတွဲက သိပ်သိုသိပ်တယ်။ ဟိုတယ်ထဲ ၀င်ထွက်တဲ့အခါ လူခွဲပြီးဝင်ထွက်တယ်။ ကားတစ်စီးစီခွဲစီးကြတယ်''လို့ သက်သေတစ်ဦးက ပြောတယ်။ ၄င်းတို့ဟာ ၉-၆-၁၇ နေ့က အမေရိကားကို စင်းလုံးငှားဂျက်လေယာဉ်ဖြင့် ပြန်ဖို့ စီစဉ်ထားပေမယ့် လေယာဉ်ချွတ်ယွင်းမှုကြောင့် မပြန်ဖြစ်ဘူးတဲ့။ ပါရီမှာရှိစဉ် ကေတီက စိန့်ဂျာမိန်းလမ်းထဲက စာအုပ်ဆိုင်မှာ ဟဲမင်းရဲ့ဝတ္ထုနှစ်အုပ်ဝင်ဝယ်ပြီး ဂျေမီပါဝင်တဲ့ဇာတ်ကားသစ် Robin Hood: Origins  ရိုက်ကူးရာ Cinema City ရုပ်ရှင်ခြံထဲသွားလည်ခဲ့သေးတယ်လို့ သိရပါတယ်။ ၄င်းတို့စုံတွဲဟာ ဧပြီလတုန်းက­တော့ နယူးယောက်မှာ ညစာအတူစားစဉ် ပါပါရာဇီတွေရဲ့လက်ချက်မိသွားပါတယ်။

---
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်



Share on Google Plus

0 comments:

Post a Comment