ကေတီပယ်ရီရဲ့တွစ်တာ ပရိသတ်ဦးရေသန်း(၁၀၀) ပြည့်သွားပြီ




ပေါ့(ပ်)ဂီတအဆိုတော် ကေတီပယ်ရီဟာ တွစ်တာဆိုရှယ်မီဒီ ယာဝက်(ဘ်)ဆိုက်မှာ follower ခေါ် ပရိသတ်ဦးရေသန်း(၁၀၀) ပြည့်တဲ့ပထမဆုံးပုဂ္ဂိုလ်ဖြစ်ကြောင်း 'တွစ်တာ'ကုမ္ပဏီက သူမရဲ့အကောင်းဆုံး tweet (တွစ်တာပေါ်တင်တဲ့ post) တချို့နဲ့အတူ သူမကို ဂုဏ်ပြုချီးမွမ်းလိုက်ပါတယ်။ ကေတီဟာ ၂၀၀၉ ခုနှစ်မှာ တွစ်တာ စသုံးပြီးတောက်လျှောက် တက်ကြွစွာ အချိန်ပြည့်သုံးစွဲနေသူ ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်က သူမပရိသတ်ဦးရေ သန်း (၅၀) ပြည့်ခဲ့ပါတယ်။ 'တွစ်တာ'မှာ ပရိသတ်အများဆုံးရှိတဲ့ တခြားပုဂ္ဂိုလ်တွေက ဂျပ်စတင်ဘီးဘား (၉၆.၇ သန်း) သမတ္တဟောင်း အိုဘားမား (၉၀.၈သန်း) တေလာဆွစ် (ဖ်) (၈၅.၁သန်း) ရီဟားနား (၇၄.၁သန်း) တို့ဖြစ်ကြပါသည်။ တွစ်တာမှာ ပရိသတ်အများဆုံးရှိသူဖြစ်ရခြင်းဟာ ကေတီရဲ့ ကြီးမားတဲ့ အသွင်ပြောင်းလဲမှုတွေမှာ တစ်စိတ် တစ်ပိုင်းပါဝင်နေပါတယ်။ ယခုအခါ မိမိရဲ့ပုံရိပ်အသစ်အတွက် စိတ်ချမ်းသာနေပြီး ယခင်ပုံရိပ်က ကေတီပယ်ရီလက်ဟောင်းဖြစ်တယ်လို့ သူမကမကြာခင်က အင်တာဗျူး တစ်ခုမှာ ပြောသွားပါတယ်။ ''ကျွန်မကိုယ် ကျွန်မညှို့အားပြင်းအောင်လုပ်တာ လိုတာထက်ပိုသွားပေမဲ့ ကျွန်မကဒီနည်းပဲလုပ်တာ ပါ'' လို့ ပြောပါတယ်။
---

ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်

Share on Google Plus

0 comments:

Post a Comment