အလုပ်နဲ့ပဲဖြစ်ဖြစ် မိသားစုနဲ့ပဲဖြစ်ဖြစ်
ကမ်းခြေသွားရတာ အရမ်းပျော်တယ်…
ခရီးသွားတဲ့အခါမှာတစ်ခါတလေကျ
ကိုယ်သွားချင်တဲ့နေရာလေးတွေ သွားရတာကိုပိုပျော်မိပါတယ်။ သီချင်းဆိုသွားရတာကတော့ အလုပ်နဲ့ဆိုတော့
သိပ်လွတ်လပ်မှုမရှိဘူးပေါ့။ ပြီးတော့ ကမ်းခြေတွေသွားရင်တော့ အလုပ်နဲ့ပဲဖြစ်ဖြစ်မိသားစုနဲ့ပဲဖြစ်ဖြစ်
အရမ်းပျော်တယ်။ ကမ်းခြေသွားရတာကို တအားပျော်မိပါတယ်။
ခြောက်တန်းလောက်က မုံရွာဘက်ပြီးတော့
ပုဂံတောင်ကြီး အဲဒီဘက်ကို မိသားစုတစ်စုလုံးခရီးထွက်ရတာကို အမှတ်တရအဖြစ်ဆုံးပါပဲ…
ညီမတို့မိသားစုက
အရမ်းသွားဖြစ်ကြတယ်။ ခရီးကိုလေ။ ညီမကအစ်မသုံးယောက်တောင်ရှိတယ်။ အဲဒီတုန်းကတော့ ညီမခြောက်တန်းလောက်က
မုံရွာဘက်ပြီးတော့ ပုဂံ၊ တောင်ကြီး အဲဒီဘက်ကို မိသားစုတစ်စုလုံးခရီးထွက်ရတာကိုအမှတ်တရ
အဖြစ်ဆုံးပါပဲ။ အရမ်းပျော်စရာကောင်းခဲ့တယ်လေ။ ပြီးတော့ ချောက်ဘက်လည်းရောက်ခဲ့တယ်။
ဖုန်းကတော့ ဘယ်သွားသွားမပါမဖြစ်အရာတစ်ခု….
အဓိကကတော့
ညီမကအလုပ်ကိစ္စအဆက်အသွယ်မပြတ်အောင် ဖုန်းကိုအဓိကထားယူဖြစ်တယ်။ အခုခေတ်က ဖုန်းကတော့ ဘယ်သွားသွား
မပါမဖြစ်အရာတစ်ခုဖြစ်တာလေ။ ပြီးတော့ ကိုယ့်အ တွက်လိုအပ်တဲ့အ၀တ်အစားတွေပါတယ်။ ဆေးဝါးတွေထည့်ဖြစ်တယ်။
ဗိုက်အောင့်တာတို့၊ နှာစေးတာတို့ဖြစ်ရင်သောက်ဖို့ပါ။
ကချင်ပြည်နယ်ဆို ပန်ဝါဘက်ကိုအရမ်းသွားချင်မိတာ…
ပြည်တွင်းမှာတော့
ချင်းပြည်နယ်၊ ကချင်ပြည်နယ်ဘက်ကို မရောက်ဖူးသေးဘူး။ အရမ်းသွားချင်မိတယ်။ ကချင်ပြည်နယ်ဆို
ပန်ဝါဘက်ကိုအရမ်းသွားချင်မိတာ။ ပြီးတော့ ချင်းပြည်ဘက်ဆိုရင်လည်း လမ်းမကောင်းတာရယ်၊
ဟိုမှာက အသိမရှိတာရယ်ကြောင့် သိပ်မသွားဖြစ်သေးဘူး။ သွားချင်မိပါတယ်။
ဘန်ကောက်ကိုတော့ တစ်နှစ်တစ်ခေါက်လောက်တော့ရောက်ဖြစ်တယ်…
ပြည်ပဘက်ကတော့
အများအားဖြင့်တစ်နှစ်တစ်ခေါက် လောက်ဖြစ်ဖြစ် ဘန်ကောက်ကိုရောက်ဖြစ်တယ်။ သူငယ်ချင်းတွေစုပြီးသွားဖြစ်တယ်၊
ပြီးတော့ မလေးရှားတို့ကိုရီးယားတို့ကိုတော့ သီချင်းသွားဆိုရင်း ရောက်ဖူးခဲ့ပါပြီ။
ကိုယ်သွားမယ့်နေရာဒေသကိုကြည့်ပြီး လိုအပ်တာတွေထည့်သွားကြပါ…
ခရီးသွားတော့မယ်ဆိုရင်
ကိုယ်သွားမယ့်နေရာဒေသကို ကြည့်ပြီး လိုအပ်တာတွေကိုထည့်သွားကြပါလို့။ ပြီးတော့ လမ်းမှာဖြစ်စေ၊
ခေါင်တဲ့နေရာဒေသတွေပဲဖြစ်စေသွားတော့မယ်ဆိုရင် ဆေးဝါးတွေ၊ အေးတဲ့ရာသီဆိုရင် အနွေးထည်တွေ၊
အ၀တ်အစားတွေကို ယူသွားသင့်တာယူသွားကြပါလို့ ပြောချင်ပါတယ်။
ပြည်ပခရီးစဉ်ဆိုလည်း ကစားကွင်းတွေသွား၊
လမ်းတွေလျှောက်၊ ဈေးတွေဝယ်ပေါ့။ အတွေ့အကြုံတွေရတာပေါ့…
ခရီးသွားရတာကိုအရမ်းသဘောကျတော့
ဘယ်ခရီးစဉ်ပဲသွား သွားအရမ်းပျော်တယ်။ အမေပါတဲ့ ပြည်တွင်းခရီးစဉ်တွေမှာဆိုရင်လည်း ဘယ်သွားသွား
အမေကို လမ်းလျှောက်ရတဲ့အခါ လူကြီးဖြစ်တော့ အားနာတော့၊ ပင်ပန်းမှာလည်းစိုးတော့ ထိုင်ခိုင်းထားတာတို့တွေရှိတာပေါ့နော်။
ကိုယ်တွေလူငယ်တွေကျတော့ ပြည်ပခရီးစဉ်ဆိုလည်း ကစားကွင်းတွေသွား၊ လမ်းတွေလျှောက်၊ ဈေးတွေဝယ်ပေါ့။
အတွေ့အကြုံတွေရတာပေါ့။
ဒီဇင်ဘာဆို စင်ကာပူက Visa Free ရက်(၃၀)တောင်
ရပြီဆိုတော့ အဲဒီကိုအလည်သွားချင်မိတယ်…
ဟုတ်၊ ပြည်တွင်းမှာဆိုရင်တော့
ပုဂံဘုရားဖူးသွားချင်မိတယ်၊ ပြည်ပဆိုရင်တော့ အခုကလာမယ့်ဒီဇင်ဘာဆို စင်ကာပူက Visa
Free ရက်(၃၀)တောင် ရပြီဆိုတော့ အဲဒီကိုအလည်သွားချင်မိတယ်။ သွားမယ်လို့လည်းစဉ်းစားထားပါတယ်။
အခုနောက်ဆုံးဘယ်ခရီးသွားပြီးတော့ပြန်လာတာလဲ
ပြည်တွင်းမှာပေါ့
ညီမ သိပ်မကြာခင်ကမှ
သာယာဝတီ၊ သုံးဆယ်ဘက်က သီချင်းဆိုပြီးပြန်လာတာပါ။ အဲဒါကတော့ ပဲခူးတိုင်းဘက်ပဲဆိုတော့
နီးပါတယ်။ အခု အဲဒီဘက်မှာတော့ မိုးကများတော့ တချို့အိမ်တွေ ရေတွေဝင်နေတာတွေတွေ့ရတယ်။
အခုနောက်ပိုင်းက မိုးရေချိန် အရမ်းများတော့လေ။
တကယ်ပြောရမယ်ဆိုရင်တော့ ဘယ်သွားသွား
သူငယ်ချင်းတွေနဲ့သွားရတာကို ပိုသဘောကျတယ်…
တကယ်ပြောရမယ်ဆိုရင်တော့
ဘယ်သွားသွားသူငယ်ချင်းတွေနဲ့သွားရတာကို ပိုသဘောကျတယ် (ရယ်လျက်) အမေနဲ့ သွားတာကျတော့
အမေကလမ်းကိုအကြာကြီးသိပ်မလျှောက်နိုင်တော့ ခရီးဝေးသွားရတဲ့အခါကျတော့ အမေ့ကိုတစ်နေရာ
မှာခဏထိုင်ထားခဲ့ရတာတို့ရှိတာပေါ့။ သူငယ်ချင်းတွေနဲ့ကျတော့ ကစားရင်လည်း လူညီလို့ ကစားကျတော့
သဘောကျတာပေါ့နော်။
--------------------------------------------------------
ရသစုံလင်
အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ
...
www.facebook.com/shapejournal
www.facebook.com/groups/weloveshape
#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
www.facebook.com/shapejournal
www.facebook.com/groups/weloveshape
#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
0 comments:
Post a Comment