အချစ်ရေးနဲ့ပတ်သက်ရင် ပရိသတ်တွေနားလည်ပေးပါ…ခင်ဇာခြည်ကျော်






အချစ်ရေးနဲ့ပတ်သက်ပြီး ပရိသတ်တွေကိုအသိပေးရတာကတော့ သူနဲ့အစ်မဘ၀ လက်တွဲဖော်တွေအဖြစ်ရည်ရွယ်ထားလို့ ပရိသတ်တွေကိုအသိပေးရတာပါ။ သူက အစ်မဘ၀ အစ်မမိသားစု အစ်မကလေးတွေအပေါ်လည်းနားလည်မှုပေးနိုင်တယ်။ အစ်မကလေးတွေကိုလည်း သူ့ကလေးတွေလိုချစ်တယ်။ ကိုယ့်အပေါ်အရာရာနားလည်ပေးနိုင်တဲ့သူမို့ ဘ၀လက်တွဲဖော်အဖြစ်ရွေးချယ်လိုက်တာဖြစ်သလို ပရိသတ်တွေလည်း ဒါကို နားလည်ပေးကြပါလို့တောင်းဆိုချင်ပါတယ်။ အချစ်ရေးနဲ့ပတ်သက်ပြီး ပရိသတ်တွေနားလည် ပေးကြပါလို့ပြောချင်ပါတယ်။
အနုပညာလှုပ်ရှားမှုအနေနဲ့ကတော့ တစ်ခုလပ်ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးရိုက်ဖို့ရှိတယ်။ အရင်ခေတ်က မင်းသမီးသုံးလက်ပေါ့နော်။ အခုချိန်ကတော့ အစ်မတို့အတွက် ဇာတ်လမ်းရွေးချယ်မှုတော့သိပ်မရှိတော့ပါဘူး။ လူကြီးပိုင်းရောက်ပြီဆိုတော့အမေနဲ့ အဒေါ်နေရာတွေမှာသရုပ်ဆောင်ရတာများပါတယ်။ ဘယ်နေရာပဲသရုပ်ဆောင်ရပါစေ။ အခုလိုပရိသတ်တွေနဲ့ပြန်ထိတွေ့ပြီး အနုပညာအလုပ်တွေပြန်လုပ်နေရတာကိုပဲ ပျော်နေပါတယ်။ အခုချိန်အထိအားပေးခဲ့ကြတဲ့ ပရိသတ်တွေကို အရမ်းကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်။

---
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်


Share on Google Plus

0 comments:

Post a Comment