ကိုရီးယား K-Pop အဖွဲ့












Oh My Girl အယ်လ်ဘမ်နဲ့အတူ Best New Artist (Female) ရရှိထားတဲ့ ကိုရီးယား K-Pop အဖွဲ့
Oh My Girl အဖွဲ့ကတော့ WM Entertainment ကနေ ၂၀၁၅ ခုနှစ်မှာ ဖွဲ့စည်းခဲ့တဲ့ ဂီတအဖွဲ့ပါ။ ဟိုဂျွန်း၊ ဂျင်ဆီ၊ ပီပီ၊ ယူအာ၊ ဆွန်ယီး၊ ဂျီဟို၊ ဆီနီ၊ အေရင်းစတဲ့ကောင်မလေး ၈ ယောက်နဲ့ဖွဲ့ စည်းထားခြင်းဖြစ် ပါတယ်။ 

၂၀၁၅ ဧပြီလ ၂၀ ရက်နေ့က Oh My Girl အဖွဲ့ရဲ့ ပထမဆုံး Single ခွေ Oh My Girl ကိုထုတ်လုပ်ခဲ့ပြီး
SBS MTV ရဲ့ The Show မှာ ပထမဆုံးဖျော်ဖြေခဲ့ပါတယ်။ဇွန်လ ၂၁ ရက်နေ့ မှာတော့ ဒုတိယ Mini Album Closer ကို ထုတ်လုပ်ခဲ့ပါတယ်။ 

ဒီဇင်ဘာ ၁၁ ရက်နေ့က Oh My Girl အဖွဲ့က တတိယအယ်ဘမ်အတွက် LA ကို ဓာတ်ပုံရိုက်ဖို့ ထွက်ခွာခဲ့ပါတယ်။ ဒါပေမဲ့ အမေရိကအ၀င်မှာ သူတို့ရဲ့ အ၀တ်အစားတွေက လိင်လုပ်ငန်းအတွက်ကြောင့် လို့အထင်လွဲခံရပြီးလေဆိပ်မှာ နာရီပေါင်းများစွာထိန်းသိမ်းခံခဲ့ရပါတယ်။ ဒါပေမဲ့ အမေရိကဘက်မှ တာဝန်ရှိသူတွေကတော့Oh My Girl အဖွဲ့က အလည်အပတ်အနေနဲ့သာ ၀င်ရောက်လာတာဖြစ်ပြီး
ဖျော်ဖြေရေးလုပ်ငန်းအတွက်ဆိုတာမဖော်ပြထားကြောင်း ငြင်းဆိုထားပါတယ်။

တတိယအယ်လ်ဘမ် Pink Ocean ကိုတော့ ၂၀၁၆ မေလက Liar Liar သီချင်းနဲ့အတူဖြန့်ချိခဲ့ပါတယ်။
အဲဒီနေ့မှာပဲ သူတို့ရဲ့တရားဝင်ပရိသတ်အဖွဲ့နာမည် Miracle ကို ကြေညာခဲ့ပါတယ်။ Step by Step သီချင်းကတော့ M Countdown, Inkigayo Music Core  နဲ့ Music Bank တို့မှာ နာမည်ရထားတဲ့သီချင်းတွေပါ။

လက်ရှိအချိန်မှာတော့ Oh My Girl အယ်လ်ဘမ်နဲ့အတူ Best New Artist (Female) ဆုရရှိထားပါတယ်။
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
 
Share on Google Plus

0 comments:

Post a Comment