ခိုင်လီဂျင်နာ ဖက်ရှင်ဒီဇိုင်း ခိုးသူအဖြစ်စွပ်စွဲခံရ






ကင်(မ်)ခါဒါရှန်းရဲ့ ဖအေတူ မအေကွဲညီမငယ်မော်ဒယ်လ်သရုပ်ဆောင်ခိုင်လီဂျင်နာဟာ ၄င်းရဲ့ ပြောက်ကျားအဆင်ဖက်ရှင် ပစ္စည်းတွေကို (၈-၆-၁၇)နေ့က ဖြန့်ချီလိုက်တဲ့အခါ တစ်သီးပုဂ္ဂလဖက်ရှင်လုပ်ငန်းငယ်ဖြစ်တဲ့ PluggedNYC  ရဲ့ ၀တ်စုံဒီဇိုင်းတွေ ခိုးချထားတယ်လို့ ပရိသတ်တွေက ချက်ချင်းဆိုရှယ်မီဒီယာကတဆင့် ထောက်ပြလိုက်ကြပါတယ်။ ရာချီတဲ့လူတွေက ခိုင်လီ့ပစ္စည်းနဲ့ PluggedNYC ပစ္စည်းရဲ့ဒီဇိုင်းတွေ ယှဉ်တွဲဖော်ပြအပြီးမှာNYC ရဲ့ပိုင်ရှင် 'တီဇီးတားဘာလမ်လေး'က ခိုင်လီ့ကို အင်စတာဂရမ်ကနေ ကဲ့ရဲ့ရှုတ်ချလိုက်ပါတယ်။ ''နောက်ဆုံးတော့ ငွေရှိတဲ့ ခါဒါရှန်းမိသားစုက သြဇာပိုရှိလို့ ကျွန်မထက်'သာ'တာပေါ့။ ကျွန်မက သူတို့လောက်ကြော်ငြာဖိုးမဖြုန်းနိုင်ဘူးလေ''လို့ တီဇီးတားက ရေးပါတယ်။ ခိုင်လီဟာ ယခင်က NYC တံဆိပ်ဖက်ရှင်ပစ္စည်းတွေ ၀တ်ဆင်ခဲ့ဖူးပြီး တီဇီးတားကိုယ်တိုင်လည်း ပစ္စည်းတချို့ကို သူမထံ လက်ဆောင်ပို့ပေးခဲ့ဖူးပါသတဲ့။ ခိုင်လီရဲ့အစ်မ ခလိုအီကလည်း ၄င်းရဲ့ Good American ၀တ်စုံတွေအတွက် ဒီဇိုင်းနဲ့ဒက်စတနီဘလူးရဲ့ အသားကပ်ဝတ်စုံဒီဇိုင်းတွေကို ဗြောင်ကျကျခိုးချခဲ့တယ်လို့ မကြာခင်ကစွပ်စွဲခံခဲ့ရတယ်။

---


ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်



Share on Google Plus

0 comments:

Post a Comment