အမြဲတမ်းနောက်ကျတတ်တဲ့လူမျိုးဟာ ပတ်ဝန်းကျင်မှာ မကောင်းတဲ့သတင်းနဲ့ ကျော်ကြားလေ့ရှိပါတယ်










နာတာရှည်ရောဂါတစ်ခုလိုစွဲကပ်နေတဲ့ နောက်ကျလွန်းတတ်တဲ့ အကျင့်ဆိုးကြောင့် စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေပြီလား။ ကိုယ့်သူငယ်ချင်းတွေနဲ့ ချိန်းထားတဲ့အချိန်ထက် မိနစ်(၂၀)နာရီဝက်လောက် နောက်ကျပြီးမှရောက်လာတဲ့ ကိုယ့်ကို သူတို့တွေ စိတ်ရှည် လက်ရှည် စောင့်ဆိုင်းနေတာ တကယ် စိတ်ရောပါရဲ့လား။ အသေချာဆုံးကတော့ အဲဒီနောက်ကျတတ်တဲ့ အကျင့်ဆိုးကြောင့် ကိုယ်ကိုယ်တိုင် စိတ်မချမ်းမသာဖြစ်နေမှာပါပဲ။ ဒီလို နောက်ကျတတ်တဲ့လူတွေကို ပတ်ဝန်းကျင်က အဓိပ္ပာယ်နှစ်မျိုးနဲ့ ခွဲခြားသတ်မှတ်ထားလေ့ရှိပါတယ်။ အချိန်ရဲ့ တန်ဖိုးကြီးမားပုံကို ဂရုမစိုက်တဲ့ အမျိုးအစားနဲ့ တစ်ဖက်သားကို ကိုယ်ချင်းမစာတဲ့ အမျိုးအစားအဖြစ် သတ်မှတ်ထားပါတယ်။ အဲဒီလို နောက်ကျတတ်ခြင်းရဲ့ အကျိုးဆက်အဖြစ် ကိုယ့်ကိုယ်ပါ ဒုက္ခတွေ့စေလာနိုင်ပါတယ်။ တကယ်လို့ နာတာရှည်ရောဂါလို စွဲကပ်နေတဲ့ အဲဒီအကျင့်ဆိုးကို တစ်ဘ၀လုံး မဖျောက်ဖျက်နိုင်ဘူးဆိုရင်တော့ အလုပ် အကိုင်ကောင်းတွေ၊ သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ ကြီးကျယ်တဲ့ အခွင့်အရေးတွေကို လက်လွှတ်ဆုံးရှုံးရမှာဖြစ်ပါတယ်။ ဒီတော့ နောက်ကျလွန်းတတ်တဲ့ အကျင့်ဆိုးကို ဖြေဖျောက်နိုင်ဖို့အတွက် အသင့်တော်ဆုံး နည်းလမ်းတွေကိုဖော်ပြပေးလိုက်ပါတယ်။ 

အမှန်တကယ် လုပ်ဆောင်ပါ

တကယ်လို့ ကိုယ်ကစည်းမဲ့ကမ်းမဲ့၊ စီစဉ်ညွန်ကြားမှု ညံ့နေမယ် ဆိုရင်လည်း ဒီပြဿနာကနေ အလျင်မြန်ဆုံးရုန်းထွက်နိုင်မှာမဟုတ်ပါဘူး။ ပထမဆုံး လုပ်ဆောင်ရမှာကတော့ လက်တွေ့ဆောင်ရွက်ရမှာဖြစ်ပြီး မနက်ကတည်းက လုပ်ဆောင်မယ်ဆိုရင် တစ်နေ့တာလုံး လုပ်ဆောင် ဖို့ လျင်မြန်လာပါလိမ့်မယ်။ အလုပ်မသွားခင် တတ်နိုင်ရင်ည ကတည်းက အလုပ်တက်မယ့်ဝတ်စုံကို ကြိုတင်စီစဉ်ထားသင့်ပြီး ကိုယ်အလွယ်တကူ ရှာတွေ့လို့ရနိုင်မယ့်နေရမျိုးမှာ ထားသင့်ပါ တယ်။ တကယ်လို့ နောက်ဆုံးအချိန်ရောက်မှ ကပ်လုပ်မယ် ဆိုရင် ကိုယ်လည်း နောက်ကျသံသရာထဲက ရုန်းထွက်နိုင် မှာမဟုတ်ပါဘူး။

နောက်ကျတတ်တာတွေကို ခွင့်ပြုပါ

လူတော်တော်များများက မလွှဲမရှောင်သာ နောက် ကျတတ်တဲ့ ကိစ္စတွေကို လက်သင့်မခံချင်ကြပါဘူး။ တကယ်လို့ ကိုယ်က ကားမောင်းနေမယ်ဆိုရင် ကား မောင်းတဲ့ကြာချိန်ကို လက်သင့်ခံရပါမယ်။ ဒီလိုခေတ် ကြီးထဲမှာ ကားလမ်းပိတ်တဲ့ ပြဿနာက မဖြစ်မနေ ရင်ဆိုင်ရမှာဖြစ်လို့ အဲဒီ ကားလမ်းပိတ်တဲ့အချိန်အတွက် ကိုယ့်ဘက်က ကြိုတင်ပြင်ဆင်ထားရမှာ ဖြစ်ပါတယ်။ 

အိပ်ရေး၀၀အိပ်ပါ

အလုပ်ကို အမြဲတမ်းနောက်ကျမှ ရောက်လေ့ရှိသူ တွေဟာ ညဘက်တွေမှာ အိပ်ရေးပျက်ခံကြတဲ့သူတွေ ပိုများပါတယ်။ ညတိုင်းမှာ အိပ်ယာဝင်နောက်ကျရင် နောက် တစ်နေ့မနက်စောစော အိပ်ယာကထဖို့ဆိုတာကလည်း အတော်လေးခက်ပါလိမ့်မယ်။ အဲဒီအကျင့်ဆိုးကို ဖျောက်ဖို့ အတွက် ပထမဆုံးလုပ်ရမှာကတော့ အလုပ်ရှုပ်မယ့်နေ့မတိုင်ခင် တစ်ရက်အလိုမှာ (၈)နာရီလောက် အိပ်ရမှာဖြစ်ပြီး ဒီလိုလုပ် ပေးခြင်းအားဖြင့် အလုပ်ပိတ်ရက် စနေ၊ တနင်္ဂနွေ မတိုင်ခင် သောကြာညတွေမှာ ညဘက် ပါတီပွဲတက်တာမျိုးတွေကို အလိုလို ရှောင်ပြီးသားဖြစ်သွားပါလိမ့်မယ်။ နာတာရှည် နောက်ကျလွန်းတဲ့ အကျင့်ဆိုးကို ဖြေဖျောက်ရာမှာ ရုပ်ပိုင်း ဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာပါ လန်းဆန်း တက်ြွကနေမှ အဆင်ပြေပါလိမ့်မယ်။


ကိုယ့်ကိုယ်ကိုယ် အားပေးပါ

ဒီလို ကိုယ့်ကိုယ်ကိုယ် ပြန်လည်အားပေးတာက အနာဂတ် ဘ၀တစ်ခုလုံးအတွက် စိတ်ဓာတ်ခွန်အားတွေ ဖြစ်ပေါ်လာစေနိုင်ပါတယ်။ အထူးသဖြင့် အပျင်းထူခြင်းနဲ့ ဆိုးရွားတဲ့ အလေ့အကျင့်တွေကို တားဆီးရာမှာ ကိုယ့်ကိုယ်ကိုယ် အားပေးချီးမြှောက်တာက အဓိကကျလာနိုင်ပါတယ်။ ကိုယ့်အနေနဲ့ ဒီအလေ့အကျင့်ဆိုးတွေကို ဖျက်ဆီးရာမှာ ပြင်းပြင်းထန်ထန် လုပ်ဆောင်ဖို့ မလိုအပ်ပေမယ့် သေးငယ်တဲ့ အောင်မြင်မှုတွေမှာလည်း ကိုယ့်ကိုယ်ကိုယ်အားပေးတာက နောက်ကျလွန်းတဲ့ အကျင့်ဆိုးကို ခက်ခက်ခဲခဲဖြေဖျောက်နေရတဲ့ ကိုယ့်အတွက် အားဆေးတစ်ခွက်ဖြစ်လာနိုင်ပါတယ်။ 

ပတ်ဝန်းကျင်အခြေအနေကိုကြည့်ပါ

ကိုယ်က ဆိုးဆိုးရွားရွား နောက်ကျလွန်းနေရင် ပတ်ဝန်းကျင်က လူတွေကလည်း ကိုယ့်ကို ကိုယ်ချင်းမစာသူနဲ့ တာဝန်မဲ့လွန်းသူအဖြစ် သတ်မှတ်နိုင်ပါတယ်။ ကိုယ့်ကိုမျှော်လင့်ချက် စောင့်ဆိုင်းနေသူတွေရဲ့နေရာမှာ လူစားဝင်ခံစားကြည့်ရင် ပိုမိုသိ နိုင်ပါလိမ့်မယ်။ ဒါနဲ့မှ မခံစားရသေးဘူးဆိုရင်တော့ ကျေနပ်မှုမရှိဘဲ ဒေါသထွက်နေတဲ့ သူတို့ရဲ့မျက်ဝန်းတွေကိုကြည့်ရင် သိနိုင်ပါတယ်။ အဲဒီလိုဆိုရင် ကိုယ်သာနောက်ကျလွန်းတဲ့ သူငယ်ချင်းကြောင့် စိတ်ခံစားရရင် သူတို့လည်း ကိုယ့်ကြောင့် ဘယ်လောက် ခံစားကြရမလဲဆိုတာကို ကိုယ်ချင်းစာနိုင်ပါတယ်။ 

အကျိုးဆက်ကို စဉ်းစားပါ

အဲဒီပြဿနာရဲ့ အဓိကဗဟိုချက်ကို နားလည်ချင်တယ်ဆိုရင်တော့ အကျိုးဆက်ကိုလည်း အရင်ဆုံးစဉ်းစားမှ သင့်တော်ပါလိမ့် မယ်။ စိတ်ပျက်စရာကောင်းလွန်းတဲ့ ဒီအကျင့်ဆိုးက တခြားသူတွေနဲ့ ဆက်ဆံရေးကို ဆိုးဆိုးရွားရွား ထိခိုက်စေနိုင်ပါတယ်။ အမြဲတမ်း နောက်ကျတတ်တဲ့လူမျိုးဟာ ပတ်ဝန်းကျင်မှာ မကောင်းတဲ့ သတင်းနဲ့ ကျော်ကြားလေ့ရှိပါတယ်။ အဲဒီထက်ပိုဆိုးတာက ကိုယ့်မှာ သားသမီးတွေရှိနေရင် သူတို့ဆီကိုပါ အဲဒီအကျင့်ဆိုးတွေကူးစက်နိုင်တဲ့အချက်ပါပဲ။ ကိုယ်သာ ကိုယ့်ရဲ့ အချိန်တွေကို တန်ဖိုးထားလေးစားရင် တခြားသူတွေကလည်း ကိုယ့်ကို တန်ဖိုးထားလေးစားလာပါလိမ့်မယ်။

နောက်ကျလွန်းတတ်တဲ့ အကျင့်ဆိုးကို ပြင်ဖို့ဆိုတာ ကိုယ်ထင်ထားသလောက် သိပ်အခက်ကြီးမဟုတ်ပါဘူး။ အထူးသဖြင့် အရမ်းအရေးကြီးတဲ့ပွဲမျိုးနဲ့ အစည်းအဝေးမျိုးတွေမှာ နောက်မကျအောင် ကြိုတင်စီစဉ်ထားရမှာဖြစ်ပြီး ကိုယ့်ဘ၀ရဲ့ အစောပိုင်းကာလတွေမှာ ပြင်ထားနိုင်မယ်ဆိုရင် လှပတဲ့အနာဂတ်ကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။

---
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
 
Share on Google Plus

0 comments:

Post a Comment