စိတ်အပန်း ဖြေဖို့အကောင်းဆုံးအရာ တစ်ခု ......L ဘောက်နူး













Lဘောက်နူး
စိတ်အပန်း ဖြေဖို့အကောင်းဆုံးအရာ တစ်ခု
ခရီးသွားတာကိုဘယ်လို အဓိပ္ပာယ်ဖွင့်ချင်လဲဆိုတော့ အတွေ့အကြုံသစ်ရယ် ကိုယ်မရောက်ဖူးတဲ့နေရာက အစားအသောက်တွေရယ် လေ့လာခွင့်ရတယ်။ ပြီးတော့ စိတ်အပန်းဖြေဖို့ အကောင်းဆုံးအရာတစ်ခုလို့နူးက တော့ လက်ခံထားပါတယ်။

မှတ်မှတ်ရရဖြစ်တာတွေလည်း အများကြီး တစ်ခုကတော့ ကလောခရီးစဉ်ပေါ့။ ဟိုတယ်မရဘူး။ အေးလွန်းလို့လမ်းပေါ်မှာပြေးကြတာပေါ့
ပြည်တွင်းခရီးစဉ်တွေကတော့ တော်တော်များများရောက်ဖူးတယ်။ မှတ်မှတ်ရရဖြစ်တာတွေ လည်းအများကြီးပဲပေါ့နော်။ တစ်ခုကတော့ ကလောခရီးစဉ်ပေါ့။ ဘယ်တော့မှမမေ့ပါဘူး။ ရောက် သွားတာမနက်အစောကြီး။ အစ်မတွေနဲ့ ကိုယ့်ကားနဲ့ကိုယ်သွားကြတာ။ ယောက်ျားလေးကလည်း ကားမောင်းတဲ့ လူတစ်ယောက်တည်းပါတယ်။ ရောက်ရောက်ချင်း ဟိုတယ်မရဘူး။ အေးလွန်းလို့ လမ်းပေါ်မှာပြေးကြတာပေါ့။ အဲဒါလေးကတော့လုံးဝ အမှတ်တရပါပဲ။

Poland နိုင်ငံကိုသွားခဲ့ ရတာတော့ လုံးဝအမှတ်တရပါပဲ။ နိုင်ငံ့ကိုယ်စားပြုအနေနဲ့ သွားခဲ့တာ
ပြည်ပခရီးကတော့အများ ကြီးမသွားဖူးသေးဘူးပေါ့။ ဒါပေမဲ့ ပြိုင်ပွဲအနေနဲ့ Poland နိုင်ငံကိုသွားခဲ့ရတာတော့ လုံးဝအမှတ်တရပါပဲ။ နောက်ထပ်ပြည်ပခရီးထပ်သွားဖြစ်မယ်ဆိုရင်အဲဒီအချိန်ကလောက် ဘာနဲ့မှ လဲလို့ရမှာမဟုတ်ဘူး။ အဲဒီတုန်းက နိုင်ငံ့ကိုယ်စားပြုအနေနဲ့သွားခဲ့တာ။ ပြီးတော့ ဂျူးလူမျိုးတွေရဲ့သမိုင်းကိုပါ လေ့လာခွင့်ရခဲ့တဲ့ အမှတ်တရရယ် အဲဒါကြောင့် အဲဒီခရီးစဉ်ကတော့ လုံးဝအမှတ်တရပါပဲ။

ညီမတွေပါရင် sister goal တွေဘာတွေရိုက်လို့ရတယ်ပေါ့
ခရီးသွားတာကတော့အမျိုးမျိုးကွာတယ်။ မိသားစုနဲ့သွားရင် ကိုယ့်မိသားစုတွေချည်းပဲ ပျော်ပျော်ရွှင်ရွှင်ပေါ့။ ညီမတွေပါရင် sister goal တွေဘာတွေရိုက်လို့ရတယ်ပေါ့။ သူငယ်ချင်းတွေနဲ့သွားတာကလည်း ပျော်စရာကောင်းပါတယ်။ ဒါပေမဲ့ တစ်ခါတလေ စိတ်မညီတဲ့ သူငယ်ချင်းတွေပါရင် ခရီးစဉ်က သိပ်တော့ အဆင်ပြေမှာ မဟုတ်ဘူး။ ပျော်စရာကောင်းမှာ မဟုတ်ဘူး။ ဒါပေမဲ့ Friendship Goal လေးတွေရိုက်ပြီး အမှတ်တရ လေးတွေဖန်တီးလို့ရပါတယ်။ အလုပ်ကိစ္စနဲ့သွားတာတော့သိပ်မပျော်ဘူး။ ကိုယ်ကအလုပ်ဆိုတာကြီးက ခေါင်းထဲမှာရှိနေတော့ သူ့ကိုပဲခေါင်းထဲထည့်ထားရတယ်။ အလုပ်ကိစ္စ ပြီးလို့ပြန်လျှောက်လည်ရင်တော့ ပြန်ပြီးပျော်ရတာပေါ့နော်။

ခရီးသွားရင်မပါမဖြစ်ယူသွားတာက ဖုန်းလို့လည်းပြောလို့ရတယ်
ခရီးသွားရင် မပါမဖြစ်ယူသွားတာက ဖုန်းလို့လည်းပြောလို့ရတယ်။ ဖုန်းကတော့ လူတိုင်းယူတယ်ပေါ့နော်။ အဓိကကတော့ အမြဲတမ်း ယူနေကျကနားကြပ်ပေါ့။ ဘာလို့လဲဆိုတော့ နူးကအလှအပတွေကိုကြည့်ပြီး အဲဒါနဲ့လိုက်ဖက်တဲ့သီ ချင်းတွေ Online ကနေရှာပြီးနား ထောင်ရတာသဘောကျတယ်။ အဲဒီတော့အမြဲတမ်းသီချင်းနားထောင်ဖြစ်တယ်။ ခရီးထွက်တိုင်းလည်း သီချင်းအသစ်လေးတွေစုဖြစ်တယ်။ ပြီးတော့ Sunblock လိုမျိုးလည်း ယူသွားဖြစ်တယ်။ နေကာမျက်မှန်၊ ပြီးတော့ ဦးထုပ်ကတော့ အမြဲတမ်း လိုလိုထည့်ဖြစ်ပါတယ်။

ခရီးမသွားခင်အရင်ဆုံးပြင် ဆင်တာက လိုတဲ့ပစ္စည်းတွေ အရင်ဆုံးချရေးဖြစ်တယ်
ခရီးမသွားခင် အရင်ဆုံးပြင် ဆင်တာက လိုတဲ့ပစ္စည်းတွေအရင် ဆုံးချရေးဖြစ်တယ်။ ပြီးတော့အဲဒီထဲကအတိုင်း တစ်ခုမှမကျန်ရလေအောင် အမြဲတမ်းထည့်တယ်။ ပြီးတော့ နူးကခရီးသွားတိုင်းသူငယ်ချင်းတွေထဲမှာ ပစ္စည်းအများဆုံးပဲ။ သူငယ်ချင်းတွေဆို အိမ်ပြောင်းလာတာလားဆိုပြီးတောင် အမြဲတမ်းစကြတယ်။ ဒါပေမဲ့လည်း အမြဲတမ်း ပစ္စည်းတွေစုံအောင်ယူသွားဖြစ်ပါတယ်။

ခရီးသွားတဲ့နေရာကနေ သင်ခန်းစာတွေအများကြီးရတယ်
ခရီးသွားတဲ့နေရာကနေသင် ခန်းစာတွေအများကြီးရတယ်။ ဥပမာ-မတူညီတဲ့ ယဉ်ကျေးမှု ဓလေ့ ထုံးစံတွေကိုလေ့လာရတယ်။ ဥပမာ-မြန်မာနိုင်ငံထဲမှာဆိုရင်တိုင်းရင်းသားတွေအများကြီးရှိတယ်။ တစ်စုနဲ့ တစ်စုတောင်ယဉ်ကျေးမှုမတူကြဘူး။ ပြီးတော့ ဘာသာစကားလေ့လာလို့ရတယ်၊ သူတို့ဆီကနေ နှုတ်ဆက်စကားလေးတွေလိုမျိုးပေါ့။

သူငယ်ချင်းတွေနဲ့ခရီးသွားရင်လည်း ဘယ်သူငယ်ချင်းက ခရီးသွားဖို့အကောင်းဆုံးအဖော် ဖြစ်မလဲဆိုတာကိုလည်းဆန်းစစ်ကြည့်လို့ရတယ်
ပြီးရင်သူငယ်ချင်းတွေနဲ့ ခရီးသွားရင်လည်း ဘယ်သူငယ်ချင်းက ခရီးသွားဖို့အကောင်းဆုံးအဖော် ဖြစ်မလဲဆိုတာကိုလည်းဆန်းစစ်ကြည့်လို့ရတယ်။ ပြီးရင်ခရီးစဉ်တစ်ခုလုံးကရတဲ့အတွေ့အကြုံကတော့ ဘာ နဲ့မှမလဲနိုင်တဲ့သင်ခန်းစာပေါ့။ တန်ဖိုးမဖြတ်နိုင်ပါဘူး။
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
 
Share on Google Plus

0 comments:

Post a Comment