လီယိုနာဒိုက ငွေခ၀ါချမှုနဲ့ ပတ်သက်လို့အော်စကာရုပ်တု ပြန်ပေးအပ်



လီယိုနာဒိုကက်ပရီယိုဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ၄င်းပါဝင်တဲ့ ဇာတ်ကား The Wolt of Wall Street အတွက် မတည်ငွေထည့်ခဲ့တဲ့ ရက်ဂရင်းနိုက်ရုပ်ရှင်ကုမ္ပဏီထံမှ ၄င်းလက်ဆောင် ရရှိခဲ့တဲ့ ရုပ်ရှင် မင်းသားကြီး မလွန်ဘရန်ဒ်ရဲ့ အော်စကာဆုကို ပြန်လည်ပေးအပ်လိုက်ပါတယ်။ ၂၀၁၆ ခုနှစ် ဇာတ်ကား အတွက် ၄င်းရဲ့အော်စကာဆုကိုတော့ ၄င်းသိမ်းထားဆဲပါ။
ရက်ဂရင်းနိုက်ရုပ်ရှင်ကုမ္ပဏီဟာ မလေးရှားနိုင်ငံမှ ငွေခ၀ါချမှုအရှုပ်တော်ပုံမှာ ပါဝင်တယ်လို့ စွပ်စွဲခံရ ပြီး အမေရိကန်အစိုးရရဲ့ စုံစမ်းစစ်ဆေးခြင်းခံနေရတာကြောင့် လီယိုက အဲဒီအော်စကာဆုရော၊ ၄င်းတို့ထံမှ လက်ဆောင်ရခဲ့တဲ့ ပန်းချီ အနုပညာတချို့ပါ ပြန်ပေးအပ်လိုက်ပါတယ်။ အဲဒီပန်းချီအနုပညာလက်ရာတွေကို ရက်ဂရင်းနိုက်ငွေမည်းတွေနဲ့ ၀ယ်ပြီးတော့မှ လီယိုကို လက်ဆောင်ပေးခဲ့တာလို့ တရားရေးဝန်ကြီးဌာနရဲ့ စွဲချက်မှာဖော်ပြထားပါတယ်။ ရက်ဂရင်းနိုက် ပူးတွဲတည်ထောင်သူ ရီဇာအဇစ်ဟာ ၄င်းရဲ့ပထွေး မလေးရှား ၀န်ကြီးချုပ် နာဂျစ်ရာဇက်က အစိုးရဘဏ္ဍာငွေ ဒေါ်လာ (၄.၅ )ဘီလျံအလွဲသုံးစားလုပ်ဖို့ ကူညီခဲ့ဖွယ်ရှိပြီး အဲဒီငွေမည်းတချို့ဖြင့် ရုပ်ရှင်ကုမ္ပဏီတည်ထောင်ပြီး wolf ဇာတ်ကားကို ထုတ်လုပ်ပေးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ လီယိုဟာ အဲဒီဇာတ်ကားအတွက် ရတဲ့သရုပ်ဆောင်ခတွေ ပြန်ပေးအပ်ဖို့ အစီအစဉ်မရှိပေမယ့် အစိုးရညွှန်ကြားချက်အရ လက်ဆောင် သို့မဟုတ် လှူဒါန်းမှုတွေကို ပြန်ပေးမယ်လို့ ၄င်းရဲ့ပြောခွင့်ရပုဂ္ဂိုလ်က aceshowbiz ကို ပြောပါတယ်။
---


ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်


Share on Google Plus

0 comments:

Post a Comment