ဘ၀ဆိုတာရှုပ်ထွေးပွေလီဖို့
မွေးဖွားလာတာမှမဟုတ်တာ။ ဒါဆိုဘယ်သူတွေကရှုပ်ထွေးစေတာလဲ။ အဲဒါကတော့ကိုယ်ကိုယ်တိုင်ပါ။
တစ်နေ့ကိုနာရီပေါင်းများစွာ အလုပ်လုပ်မယ်။ မျှော်လင့်ချက်၊ ရည်ရွယ်ချက်အမှားတွေထားမယ်၊
မလုပ်နိုင်တာတွေကတိပေးမယ်၊ မလိုအပ်ဘဲလိမ်ညာပြောမယ် စသည်ဖြင့်ပေါ့။ ပြိုင်ဆိုင်မှု၊ တိုးတက်မှုတွေများလာလေဘ၀ကပို
ပြီးကျဉ်းကြပ်လာလေ၊ ပိုပြီးစိတ်ဖိ စီးမှုတွေများလာလေပါ။ ကဲ … အဲဒီတော့အသက်ခပ်ပြင်းပြင်းရှူပြီး
ဘာတွေမှားနေလဲ၊ ဘာတွေကို ရှုပ်ထွေးနေစေသလဲ' သိရဖို့နောက်ကိုခြေတစ်လှမ်းခပ်ရဲရဲဆုတ်ကြည့်ရအောင်…။
အရာရာတိုင်းပိုလိုချင်ကြတယ်
'အရည်အတွက်သည်ပဓာန၊
အရည်အချင်းသာအဓိက'ဆိုတဲ့ ဆောင်ပုဒ်လေးကြားဖူးကြမှာပါ။ ဒါပေမဲ့ဘယ်သူတွေဒီဆိုရိုးအတိုင်း
လိုက်နာကျင့်သုံးကြပါသလဲ။ အရည်အသွေးအစားအရည်အ တွက်ကိုသာတကယ်တမ်းတန်ဖိုး ထားနေကြတာပါ။
ဘယ်အရာမဆို ပိုပိုသာသာလေးလိုချင်တယ်။ အ၀တ်အစား၊ ဖိနပ်၊ သူငယ်ချင်း၊ ငွေကြေးသူများတကာထက်ထူးပြီး
ပိုပိုသာသာလေးလိုချင်ကြတယ်။ ကိုယ်ပိုင်ဆိုင်သမျှအရာတွေကိုစစ် ထုတ်ကြည့်ဖူးပါသလား။ ဘ၀ကို
ပျော်ရွှင်ရောင့်ရဲနေသူတွေကတော့ ဒီလိုအရေအတွက်များတဲ့ပတ်ဝန်း ကျင်အရာဝတ္ထုတွေထက်ပိုင်ဆိုင်
ထားပြီးသားအရာတွေထဲကစစ်မှန် မှုကိုသာရှာဖွေရင်းဘ၀ကိုကျေနပ် ရောင့်ရဲကြပါတယ်။
တွန့်ဆုတ်နေတယ်
တစ်ခါတစ်ရံမှာတော့လူတစ်ချို့ဟာပြောသင့်ပြောထိုက်တာကို
မပြောတဲ့အတွက်အချိန်တွေပိုကြာကုန်ပါတယ်။ ဥပမာ 'ငြင်းဆန်ဖို့' ခက်ခဲနေတာမျိုးပေါ့။ ဒီနေ့အားနာပြီးပြတ်ပြတ်သားသားမပြောလိုက်
တဲ့ကိစ္စကနောက်တစ်နေ့မှာလည်း မပြတ်မသားနဲ့နှစ်ဖက်စလုံးအတွက် အချိန်ပိုကြာပြီးမျက်နှာပျက်စရာ
တွေဖြစ်လာပါတယ်။
မကောင်းမြင်သူတွေဝန်းရံနေတယ်
မကောင်းမြင်သူတွေရဲ့မကောင်းတဲ့အတွေးတွေကလည်း
လူတွေရဲ့ဘ၀ကိုအမှန်တကယ်ရှုပ်ထွေးစေပါတယ်။ ခင်မင်မှုစည်းမျဉ်းတွေဆိုတာလူတစ်ဖက်သားကို နာကျင်စေဖို့မဟုတ်ပါဘူး။
တစ် ယောက်နဲ့တစ်ယောက်ကူညီဖေးမဖို့ပါ။ ဒါပေမဲ့ တစ်ခါတစ်ရံမှာတော့ ခင်မင်မှုစည်းမျဉ်းတွေဟာကိုယ့်
ကိုယ်စိတ်ဖိစီးစေပြီးအချိန်တွေကုန် ဆုံးနေစေပါတယ်။ လူတွေကဘ၀ ထဲဝင်လာကြတယ်။ ဘ၀ထဲကနေ
ပြန်ထွက်သွားကြတယ်။ ကိုယ့်ဘ၀ထဲဝင်လာတဲ့ တစ်ခဏတာလေး အတွင်းမှာ ခင်မင်ခွင့်ရရုံနဲ့တော့
သူ ငယ်ချင်းလို့မခေါ်နိုင်ပါဘူး။ ကိုယ့်ကိုစိတ်ဖိစီးစေ၊ စိတ်ဓာတ်ပျက်ပြားစေတဲ့လူတွေကိုတော့
အတတ်နိုင် ဆုံးအဝေးဆုံးကရှောင်ရမဲ့လူတွေပါ။ ဒီလိုလူတွေနဲ့ ပေါင်းသင်းမိပြီဆိုရင်တော့
မိမိဘ၀ကြီးပဲ ရှုပ်ထွေးလာမယ် မဟုတ်ပါလား။
အလုပ်နှစ်ခုပြိုင်တူလုပ်တယ်
'ယုန်နှစ်ကောင်လုံးတစ်ပြိုင်
တည်းပစ်ဖို့ကြိုးစားရင် ဘယ်ကောင်မှ မိမှာမဟုတ်ပါဘူး'လို့ ကွန်ဖြူး ရှပ်က ဆိုထားပါတယ်။
အဲဒီလိုပါပဲ တစ်ပြိုင်တည်းအလုပ်တွေမျိုးစုံလုပ်တာကလည်းမဖြစ်ပါဘူး။ ဒါတင်မကပါဘူး၊ လူကိုပါပိုပြီးဖိစီးစေပါတယ်။
လူတိုင်း အလုပ်၂ခု ၃ခု ကတော့ ပြိုင်တူလုပ်ကြပါတယ်။ Chatting ၀င်နေရင် ဘေးကထိုင်တဲ့သူငယ်ချင်းကို
စကားပြောမယ်၊ ထမင်းစားရင်း ရုပ်ရှင်ကြည့်မယ်၊ ဟင်းချက်ရင်းဖုန်းပြောမယ်၊ လုပ်ငန်းခွင်မှာဆိုရင်လည်း
အလုပ် ၂ခု လောက်ကို တစ်ပြိုင်နက်လုပ်နေမယ်။ ဒါကလုပ်နေတဲ့အရာပေါ် ရှုပ်ထွေးသွားစေရုံသာမက
စိတ်ထဲပါရှုတ်ထွေးလာစေပါတယ်။
ကိုယ့်တန်ဖိုးကိုယ်မသိဖြစ်နေတယ်
ကိုယ့်တန်ဖိုးကိုယ်မသိတဲ့လူ
တစ်ယောက်ဟာ ကိုယ့်ကိုယ့်ကိုယ် အမှန်အတိုင်းမြင်ရဖို့ ရုန်းကန်နေရ ပါလိမ့်မယ်။ ကိုယ့်ကိုယ်ကိုယ်
အမှန်အတိုင်းမမြင်နိုင်တဲ့လူတစ်ယောက်ဟာလည်း သူ့ကိုမလိုအပ်တဲ့ပတ် ၀န်းကျင်မှာသံသရာလည်နေတတ်ပါတယ်။
အချိန်ဆွဲတယ်
အချိန်ဆွဲတဲ့အရသာနဲ့
အကျိုးဆက်ကို လူတိုင်းခံစားဖူးကြမှာပါ။ အချိန်ဆွဲနေချိန်မှာတော့အကောင်း၊ ဒါပေမဲ့ တဖြည်းဖြည်းအလုပ်တွေပုံလာပါတယ်။
ဒီအလုပ်တွေကို အသည်းအသန်လုပ်နေရတာ ကလည်း စိတ်ဖိစီးစရာပါ။ ဘယ်သူ့ အပြစ်မှမဟုတ်ပါဘူး။
လုပ်ခွင့်ရနေ ချိန်မှာဘာမှမလုပ်တဲ့ ကိုယ့်အပြစ် သာဖြစ်ပါတယ်။
အရေးကြီးတာကိုနားမလည်
လူတစ်ယောက်က
ဘ၀မှာ ပြင်ချင်တယ်ဆိုရင် လုပ်ချင်တာနဲ့လုပ်ဖို့လိုအပ်တာကို ခွဲခြားသိဖို့လိုပါတယ်။
ဒီထက်ပိုပြီးပြောရမယ်ဆိုရင် လုပ်ဖို့လိုအပ်တာထဲက အရေးကြီးဆုံးတွေကို တန်းစီပြီး အစီအစဉ်ချဖို့လိုအပ်ပါတယ်။
ကိုယ့်အတွက်အရေးကြီးတာကိုမသိရင် ဘာပြီးရင်ဘာလုပ်ရမယ်ဆိုတဲ့ အချိန်ကိုလည်းသိမှာမဟုတ်ပါဘူး။
အဲဒီတော့ ဘ၀အတွက်အရေးကြီးဆုံးတွေကိုခွဲခြားသိပါ။
သေသေချာချာအလုပ်မလုပ်
တစ်ခါတစ်ရံ
လူတိုင်းအတက် နိုင်ဆုံးအလုပ်အနည်းငယ်ဆီ လုပ်ကြပါတယ်။ ကိုယ့်အတွက်အချိန်ပို များများထွက်တာပေါ့။
အချိန်ပို များများထွက်တော့ များများပျော်ရွှင်ရတယ်။ ဒါပေမယ့် ဒီပျော် ရွှင်မှုကတာရှည်ခံပါ့မလား။
အစိုးရိမ်လွန်တယ်
စိုးရိမ်စိတ်က
လူတစ်ယောက်ကို လက်ရှိပစ္စုပ္ပန် ကာလကနေဝေးကွာစေပါတယ်။ စိုးရိမ်ပူပန်နေလို့ ဖြစ်ပျက်နေတာတွေက
ရပ်သွားမှာမှမဟုတ်တာ။ ကိုယ်သာလက်ရှိအချိန်တွေကနေ ဝေးကွာရတာပါ။
ရန်နိုင်
--------------------------------------------------------
ရသစုံလင်
အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ
...
www.facebook.com/shapejournal
www.facebook.com/groups/weloveshape
#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
www.facebook.com/shapejournal
www.facebook.com/groups/weloveshape
#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
0 comments:
Post a Comment