သူကယုံကြည်ထိုက်သူလား…






ကိုယ်ဟာတကယ်လို့များ လူတစ်ယောက်ကို ယုံကြည်ဖို့ခက်ခဲနေရင် သူလုပ်ထားဖူးတဲ့ အပြုအမူတစ်ခုခုကြောင့် ဒါမှမဟုတ် ကိုယ့်မှာပဲ ယုံကြည်မှုနဲ့ဆိုင်တဲ့ ပြဿနာလေးတွေရှိနေတာလား။ အဲဒီတော့ သူဟာယုံကြည်ထိုက်သူလားဆိုတာ အဖြေရှာကြည့်ရအောင်။
မကြားချင်ပေမယ့်ရိုးသားတယ်
တစ်ခါတလေတော့ လွယ်ကူတဲ့ကိစ္စလေးတွေကို လူတွေက လွယ်လွယ်ကူကူပြောပြပါလိမ့်မယ်။ ဒါပေမဲ့ ကိုယ့်အတွက်ခက်ခဲတဲ့ ကိစ္စ၊ သူ့အတွက်ခက်ခဲလွန်းတဲ့ ကိစ္စတစ်ခုကိုတောင်မကြားချင်၊ မပြောချင်ပါလျက် ပြောပြနေပြီိဆိုရင်တော့ သူကကိုယ့်အပေါ်ရိုးသားမှုရှိနေပါတယ်။
ကိုယ့်အပေါ်စိတ်မပျက်ဘူး
လူတိုင်းအမှားလုပ်မိတတ်ပါတယ်။ အမှားတိုင်းအတွက်တော့ အပြစ်တင်လို့မရပါဘူး။ ကိုယ်က သူစိတ်ပျက်လောက်အောင် အမှားကို အခါခါကျူးလွန်မိနေတယ်။ ဒါပေမဲ့လည်း သူက ကိုယ့်ကိုယ်စိတ်မပျက်ဘဲ အရင်ကအတိုင်း ချစ်နေတုန်းပဲ။
ဖုံးကွယ်ထားတာမရှိ
အခုခေတ်ဆို စာပို့တာ၊ social media သုံးတာကအစ ပြောရမှာပေါ့။ သူဘယ်သူနဲ့ဘာပြောပြော  ဘာစာပို့ပို့ ကိုယ့်ကိုယ်ဖုံးကွယ်ထားခြင်းမရှိဘူး။
သူ့သူငယ်ချင်းတွေနဲ့ဆုံဖူးတယ်
သူငယ်ချင်းတွေဆိုတာ လူတစ်ယောက်ရဲ့ဘ၀တစ်စိတ်တစ်ပိုင်းပါ။ ဒီလို သူ့ဘ၀ရဲ့တစိတ်တပိုင်းကို ကိုယ်နဲ့ဆုံတွေ့ခွင့်ပေးတယ်၊ ဒါကိုယ်သူ့ကိုယုံကြည်လာစေဖို့ပေါ့။
နောက်မကျဘူး
တချို့တွေကဆုံတွေ့ဖို့ကို အချိန်နောက်ကျမှလာပြီး အကြောင်းပြချက်က မျိုးစုံရှိကြပါတယ်။ ပြီးတော့ ဒါကအကျင့်တစ်ခုလိုဖြစ်နေပြီး တဖက်လူကို ဂရုမစိုက်ဘူးလို့ အဓိပ္ပာယ်သက်ရောက်တာပေါ့။ ဒါပေမဲ့ သူ့အတွက်ကတော့ ဘယ်တော့ချိန်းချိန်း ကိုယ့်ထက်အရင်စောပြီးရောက်တယ်။ ကိုယ်ဘယ်တော့မှ စောင့်မနေစေရဘူး။
ကိုယ့်ကိုယ်ယုံကြည်တယ်
တစ်ခုကတော့ကိုယ့်ကိုယ်မယုံမကြည်ဖြစ်နေတာပါ။ သူလုပ်နေတာလိုမျိုး ကိုယ်လည်းလိုက်လုပ် နေမလားလို့ပေါ့။ တကယ်လို့ သူကအကြောင်းအရာတစ်ခုခုနဲ့ပတ်သက်ပြီး ကိုယ့်ကိုယ်စွပ်စွဲနေပြီဆိုရင် သူက မယုံကြည်ထိုက်လို့ဖြစ်ပါလိမ့်မယ်။

Whitney
---

ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်


Share on Google Plus

0 comments:

Post a Comment