သွားချင်တဲ့နေရာကတော့အများကြီးပဲ….သွားချင်ပြီးမရောက်ဖူးသေးတာဆိုပုဂံပေါ့…
ပြည်တွင်းမှာအများကြီးတော့
မရောက်ဖူးပါဘူး။ လားရှိုး၊ မူဆယ်၊ ချောင်းသာ၊ ထားဝယ်ဆိုရင် မောင်းမကန်လောက်ပဲနည်းနည်းပါးပါးပဲ
ရောက်ဖူးသေးတယ်။ ထပ်ပြီးသွားချင်တဲ့နေရာကတော့အများကြီးပဲ။ သွားချင်ပြီးမရောက်ဖူးသေးတာဆိုပုဂံပေါ့။
အရမ်းသွားချင်တယ်။ သူငယ်ချင်းတွေနဲ့သွားမယ်ဆိုပြီးမသွား ဖြစ်သေးတာပေါ့။
ထိုင်းကတော့သွားဖြစ်တယ်… နည်းနည်းဝေးတာဆိုရင်တော့ဂျပန်ပေါ့…
ပြည်ပခရီးစဉ်ကတော့
အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းပေါ့။ ထိုင်းကတော့သွားဖြစ်တယ်။ နည်းနည်း ဝေးတာဆိုရင်တော့ဂျပန်ပေါ့။
သွားချင်တာဆိုရင် သခင်ယေရှုမွေးဖွားတဲ့နေရာပေါ့။ ဂျူးလူမျိုးတွေရှိတဲ့နိုင်ငံ ဂျေရုစလင်ပေါ့။
အဲဒါကိုဘာလို့ ရောက်ဖူးချင်တာလဲဆိုတော့ သခင်ယေရှုတကယ်မွေးဖွားတဲနေရာတွေ၊ သူသွားလာခဲ့တဲ့နေရာတွေ
အဲဒီနေရာမှာရှိတယ်။ အဲဒီကိုသွားဖူးချင်တယ်။ ရောက်ဖူးချင်တယ်။
ခရီးသွားတာအရမ်းအရေးကြီးတယ်…
ခရီးသွားတာအရမ်းအရေးကြီးတယ်။
ခရီးတစ်ခုထွက်လိုက်ရင် ကိုယ်ပင်ပန်းခဲ့သမျှတွေပြေပျောက်သွားပြီး အားအင်သစ်တွေရတယ်ပေါ့။
ဦးနှောက်တွေလည်းကြည်လင်သွားတယ်ပေါ့။
ခရီးသွားရင် မိသားစုနဲ့သွားဖြစ်ပါတယ်…
ခရီးသွားရင်မိသားစုနဲ့သွားဖြစ်တာများပါတယ်။
သွားဖြစ်တာမှန်သမျှ အမှတ်တရတွေရှိတာပေါ့နော်။ မြစ်ကြီးနားသွားရင်လည်း Christmas ကာလမှာ
အမျိုးတွေတွေ့ဆုံကြပြီး ပွဲတွေလုပ်ကြတယ်။
ခရီးသွားဖြစ်တိုင်းမပါမဖြစ်ဆိုရင်
ကလေးအတွက်လိုအပ်တဲ့ဆေးဝါးတွေပေါ့…
ခရီးသွားဖြစ်တိုင်းမပါမဖြစ်ဆိုရင်
ကလေးအတွက်လိုအပ်တဲ့ဆေးဝါးတွေပေါ့။ ပြီးရင် အေးနေလား၊ ပူနေလားဆိုတာရယ် ကိုယ်သွားရင်
ဓာတ်ပုံရိုက်တယ်။ ပြီးရင်ဝယ်ချင်သမျှ လက်ဆောင်တွေဝယ်လို့ရအောင်လည်း ပိုက်ဆံလုံလုံလောက်လောက်ပေါ့။
အဲဒါတွေယူသွားဖြစ်ပါတယ်။
အစားသမားဆိုတော့ ခရီးမသွားခင်ကတည်းက
အစားအသောက်ဘာကောင်းလဲ အရင်စုံစမ်းပြီးတော့ ရောက်ရင်စားတယ်…
လုကအစားသမားဆိုတော့
ခရီးမသွားခင်ကတည်းက အစားအသောက်ဘာကောင်းလဲအရင်စုံစမ်းပြီးတော့ ရောက်ရင် စားတယ်။
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...
www.facebook.com/shapejournal
www.facebook.com/groups/weloveshape
#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
0 comments:
Post a Comment