လောကသားတွေကို ဝေငှပြီးတော့ အကြံပြုချက်တွေတောင်းပေမယ့်ထုံးစံအတိုင်းလောကသားတွေရဲ့ အကြံပြုချက်တွေက ထင်သလောက်တက်မလာခဲ့ဘူး…#လူမင်း






ရုပ်ရှင်ဆင်ဆာနဲ့ပတ်သက်လို့ကတော့ မြန်မာ့ရုပ်ရှင်မြှင့်တင်ရေးရုံးမှာပြန်ကြားရေး ၀န်ကြီးဌာနပြည်ထောင်စုဝန်ကြီးရော လွှတ်တော်အမတ်တွေရော ဆင်ဆာအဖွဲ့က တာဝန်ရှိသူတွေ အနုပညာရှင်အချို့ တက်ရောက်ဆွေးနွေးခဲ့ကြတဲ့အခါမှာတော့ အဖြေကနှစ်ခုထွက်ပါတယ်။ နံပါတ်တစ်အချက်အနေနဲ့ကတော့ တကယ် မဖြစ်မနေဖြတ်တောက်ဖို့ လိုအပ်တဲ့အရာတွေကို ဆင်ဆာအဖွဲ့အနေနဲ့ကတော့ ဖြတ်တောက်စေမယ်။ အဲဒီလိုဖြတ်တောက်တဲ့နေရာမှာ မဖြတ်စေချင်ဘူးဆိုရင် အယူခံဝင်ခွင့်ရှိတယ်။ ဒုတိယအချက်ကတော့ ဇာတ်ကားတွေမှာ တော်ရုံတန်ရုံအချက်တော် တော်များများကို ထုတ်လုပ်သူဒါရိုက်တာတွေရဲ့တာဝန်ယူမှု တာဝန်ခံမှုအချက်တွေနဲ့ ခွင့်ပြုသွားမယ်လို့ အဲဒီနှစ်ချက်ဆုံးဖြတ်ချက်အဖြေထွက်ခဲ့ပါတယ်။ ရုပ်ရှင်ဥပဒေကတော့ ဖိုင်နယ်ရေးဆွဲပြီးပြီလို့တော့ပြောလို့ရတယ်။ သို့သော် အကြံပြုချက်တွေနဲ့ဆွေးနွေးရမယ့် အဆင့်တွေကတော့ကျန်သေးတယ်။ လောကသားတွေကို ဝေငှပြီးတော့ အကြံပြုချက် တွေတောင်းပေမယ့်လည်းထုံစံအတိုင်းပဲလောကသားတွေရဲ့ အကြံပြုချက်တွေက ထင်သလောက် တက်မလာခဲ့ဘူးဆိုတော့ ကိုယ်တို့က ဒီရုပ်ရှင်ဥပဒေနဲ့ပတ်သက်ပြီး ထပ်ဆွေးနွေးရမယ့်အဆင့်တွေ၊ နောက်လောကသားတွေ ထပ်ချပြရမယ့်အဆင့်တွေပြီးမှ လွှတ်တော်ထဲကို တင်လို့ရမယ့်အနေအထားရှိပါတယ်။ ရုပ်ရှင်ဥပဒေအမြန်ဆုံး ပေါ်ပေါက် လာဖို့အတွက်ကတော့ ၀ိုင်းဝန်းကြိုးစားနေကြပါတယ်။

---
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်




Share on Google Plus

0 comments:

Post a Comment