အချိန်တိုအတွင်း အလွယ်တကူမိတ်ကပ်လိမ်းကြမယ်…
မိတ်ကပ်လိမ်းတဲ့နည်းလမ်းတွေဘယ်လိုလေးလိမ်းလိုက်ရင် ပိုလှသွားမယ်။ ဘယ်လိုဆိုအချိန် ကုန်သက်သာ တယ်ဆိုပြီးနေ့စဉ်နဲ့အမျှ ရှာဖွေလေ့လာနေကြတာ မိန်းကလေးတွေရဲ့သဘာဝပါ။ နံနက်ခင်းမှာ အချိန် ခဏလေးပေး လိုက်ရတာဖြစ်စေ၊ ကိုယ်လိမ်းလိုက်တဲ့မိတ်ကပ်က တခြားမိန်းကလေးတွေထက် ထူးခြား ပြီးလှပသွားမယ်ဆိုရင်လည်း ပျော်ရွှင်တတ်ကြတာ မိန်းကလေးတွေရဲ့သဘာဝပေါ့။ အခုလည်း အချိန် ကုန်သက်သာစေပြီး အများနဲ့မတူ ကွဲပြားသွားစေမယ့် မိတ်ကပ်လိမ်းနည်းအဆန်းအပြားလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
မျက်တောင်ကော့ဆေး
Mascara တွေမျက်တောင်ပေါ်မှာ အထစ်အငေါ့မရှိပြေပြစ်နေစေဖို့က မိန်းကလေးတွေရဲ့ ဆန္ဒတစ်ခုပါ။ အဲဒါကြောင့် နံနက်ခင်းတိုင်း Mascara မသုံးခင်မှာ မျက်တောင်ကော့ဆေးဘူးကို ရေခပ်နွေးနွေးထဲထည့်ထားပြီး ခဏစိမ်ထားလိုက်ပါ။ ပြီးမှယူမယ်ဆိုရင် လှပချောမွေ့တဲ့မျက်တောင်လေးတွေပိုင်ဆိုင်နိုင်မှာပါ။
မိတ်ကပ်ဘရပ်ရှ်
အိမ်သုတ်ဆေးဘရပ်ရှ်တွေကလည်း မိတ်ကပ်လိမ်းတဲ့ဘရပ်ရှ်တွေလိုပါပဲ။ ခြားနားချက်က အိမ်သုတ်ဆေး ဘရပ်ရှ်က ငွေအကုန်အကျနည်းပါတယ်။ ဒါပေမဲ့ အရည်အသွေး ကောင်းတာရွေးချယ်တတ်ဖို့လိုပါတယ်။ 
Eye Liner သုံးတဲ့အခါ
Eye Liner သုံးမယ်ဆိုတိုင်း မညီမညာ ရုပ်ဆိုးသွားစေတဲ့ ပြဿနာရှောင်ရှားဖို့ မှန်ကိုအောက်စိုက်ကြည့်ပါ။ ဒါကရိုးရှင်းပြီးလွယ် ကူသလိုသေသေသပ်သပ်နဲ့ ခြယ်သပြီးသွားပါလိမ့်မယ်။
မျက်ခုံးမွေးဆွဲတံ
သဘာဝကျကျ မျက်ခုံးမွေးလေး ပိုင်ဆိုင်နိုင်ဖို့ Eyebrow Pencil သုံးတဲ့အခါ ခပ်မှိန်မှိန်လေးသာခြယ်သပါ။ မျက်ခုံးမွေးပါးတဲ့နေရာမှာ သာမန်ထက်ပိုပြီး ခပ်ပါးပါးသာခြယ်ပါ။ ထူထူထဲထဲမျက်ခုံးမွေးဆွဲထားတာက သဘာဝမကျသလိုကြည့်ရဆိုးစေပါတယ်။ 
ချောမွေ့တဲ့နှုတ်ခမ်းတစ်စုံအတွက်
ချောမွေ့တဲ့နှုတ်ခမ်းသားလေးတစ်စုံပိုင် ဆိုင်ဖို့အများကြီး အားထုတ်စရာမလိုပါဘူး။ အုန်းဆီလေးနဲ့ နှုတ်ခမ်းမွေးကိုပွတ်ထားပေးပြီး သွားတိုက်တဲ့အခါတိုင်း သွားပွတ်တံနဲ့ နေ့စဉ်ပုံမှန်ခပ်ဖွဖွလေးတိုက်ပေးပါ။ 
မိတ်ကပ်အသားကျစေဖို့
လိမ်းထားတဲ့မိတ်ကပ်တွေ အကြောင်းကြောင်းကြောင့် ပျက်ရွေ့သွားမှာစိတ်မပူပါနဲ့။ မိတ်ကပ်လိမ်းပြီးတိုင်း Makeup Setting Spary  ဒါမှမဟုတ် Facial Mist လေးဖျန်းပေးပါ။ 
ပါးနီအရင်သုံး
လူရွှင်တော်တစ်ယောက်လို ကိုယ်လိမ်း ထားတဲ့မိတ်ကပ် လူရယ်စရာမကောင်းသွားစေဖို့ နှုတ်ခမ်းဆိုးဆေး၊ Eyeshadow မသုံးခင် ပါးနီကိုဦးစွာ ခပ်ပါးပါးလေးသုံးပေးပါ။ ဒါမှနှုတ်ခမ်း၊ မျက်ဝန်း၊ ပါးသုံးမျိုးစလုံးအရောင် ချိန်ညှိပေးနိုင်ပါလိမ့်မယ်။ 
မိတ်ကပ်ဖျက်ဆေး သံလွင်ဆီ
သဘာဝသံလွင်ဆီက ဖျက်ရခက်ခဲ လွန်းတဲ့မိတ်ကပ်တွေကို အရေပြားထိခိုက်ခြင်းမရှိဘဲ ဖျက်ပေးရုံသာမက အရေပြားကို အစိုဓာတ်ဖြည့်ပေးပြီး ပြန်လည်အားဖြည့်ပေးပါလိမ့်မယ်။
ဝက်ခြံ၊ အမည်းစက်တွေဖုံးကွယ်ဖို
ဝက်ခြံဒဏ်ရာနဲ့ အမည်းစက်နေရာတွေကို ကွန်ဆယ်လာပါးပါးလေးပုတ်ပေးပါ။ ပြီးမှ ပေါင်ဒါလေး သိပ်ပေးပါ။ ပေါင်ဒါအပေါ်က ကွန်ဆယ်လာထပ်အုပ်ပြီး ပေါင်ဒါလေးထပ်သုံးပေးမယ်ဆိုရင် မျက်နှာပေါ်က မညီညာတာတွေကို ဖုံးကွယ်ပေးပါလိမ့်မယ်။
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...
www.facebook.com/shapejournal
www.facebook.com/groups/weloveshape
#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
Share on Google Plus
0 comments:
Post a Comment