သူငယ်ချင်းဖွဲ့မယ်… ရန်နိုင်







သူငယ်ချင်း  လူတိုင်းလိုအပ်တယ်လိုချင်ကြတယ်။ ဒါပေမဲ့ တစ်ခါတလေ သူငယ်ချင်းအသစ်ဖွဲ့ဖို့ဆိုတာ ခက်ခဲတဲ့အလုပ်တစ်ခုလိုပါပဲ။ အားလုံးကလည်းမတူတဲ့အရည်အချင်းတွေ စိတ်နေစိတ်ထားတွေပိုင်ဆိုင်ထားကြတာလေ။ အဲဒီတော့ လွယ်လွယ်ကူကူနဲ့မိတ်ဆွေ အသစ်တွေ ဘယ်လိုဖွဲ့ကြမလဲ…။
အကြောက်တရားကိုကျော်လွှား
တစ်ချို့တွေအတွက် မသိတဲ့ လူတွေနဲ့ တွေ့ဆုံဖို့ဆိုတာကြောက်စရာ
အတွေးတစ်ခုပါ။ တွေးလေကြောက်လေပါပဲ။ အဲဒီလိုပဲ
သူတို့တွေထဲမှာလည်း ကိုယ့်လိုပဲ ကြောက်ရွံ့နေတဲ့လူတွေရှိပါတယ်။
အားလပ်ပါစေ
မိတ်ဆွေတော့ ဖွဲ့ပြီးပါရဲ့။ တွေ့ဆုံဖို့ချိန်းတိုင်း ငြင်းပယ်ဖို့
မကြိုးစားပါနဲ့။ ကိုယ့်ကိုယ်ကိုယ်လည်း တစ်ခါတစ်ရံအားလပ်နေအောင် ပြင်ဆင်ထားပါ။ ဒါမှ
တစ်ယောက်နဲ့တစ်ယောက်တွေ့ဆုံရင်း ရင်းနှီးမှုရလာမှာမဟုတ်ပါလား။
ကောင်းကြောင်းသာပြော
အကောင်းပြောသူ နားလူကောင်းတွေ ၀န်းရံနေပါလိမ့်မယ်။ လူအများမကောင်းကြောင်း
မပြောမိပါစေနဲ့။ ကိုယ့်ကိုပါ တစ်ဖက်သား အထင်သေးစေပါလိမ့်မယ်။
ဖြည်းဖြည်းစတင်
လူတွေနဲ့သိပ်ပြီး မဆက်ဆံဖူးရင် မိတ်ဆွေဖွဲ့တာအနည်းငယ် ကသိကအောက်နိုင်စရာကောင်းပါတယ်။ အဲဒီတော့ ခပ်ဖြည်းဖြည်း ခပ်မှန်မှန်လေးချဉ်းကပ်ကြည့်ပါ။ လွယ်ကူတာခံစားမိလာပါလိမ့်မယ်။
နားထောင်ပါ
သူငယ်ချင်းမိတ်ဆွေဆိုတာ နားထောင်သူတွေလည်းဖြစ်ပါတယ်။ အဲဒီတော့ ကိုယ်ပြောတာ သူတို့နားထောင်သလို သူတို့ပြောတာလည်း ကိုယ်နားထောင်တတ်ပါစေ။ နားထောင်တယ်ဆိုတာ စိတ်ဝင်စားမှုကိုပြသတာပါ။
ငွေကြေး
ခင်မင်မှုထဲမှာ ငွေကြေးလည်း တစ်စိတ်တစ်ပိုင်းအပါအ၀င်ပါ။ ဥပမာ-စားသောက်တိုင်း ၀ိုင်းဖွဲ့ရှင်းတာမျိုး
ကိုယ်ကရှင်းတာမျိုးလေးတွေလည်း တစ်ခါတစ်ရံလုပ်ပေးပါ။
အဆက်အသွယ်လုပ်
မိတ်ဆွေဖွဲ့ပြီးပြီးရောမရပါဘူး။ မကြာခဏ အဆက်အသွယ်လုပ်ပေးပါ။ ဒါမှ ရင်းရင်းနှီးနှီး
ရှိလာကြမှာမဟုတ်ပါလား။
အကြည့်ချင်းဆုံ
အကြည့်ချင်းဆုံရတာ ရှက်နေရင် မိတ်ဆွေသစ်ရဖို့ခက်ခဲပါလိမ့်မယ်။ ရဲရဲကြည့်ပါ။ ပြုံးပြပါ။ ဒါတွေက မိတ်ဆွေသစ်ရဖို့ အခြေခံအချက်တွေပါ။
ပွင့်ပွင့်လင်းလင်းနေ
ပထမဆုံးမြင်တာနဲ့ လူတစ်ယောက်ကို လွယ်လွယ်ကူကူဆုံး ဖြတ်ချက်မချပါနဲ့။ အတွင်းစိတ်ထားကို ပေါင်းဖို့ကြိုးစားပါ။ လူတစ်ယောက်အကြောင်း ကောင်းကောင်းသိလာတဲ့အထိပေါင်းကြည့်ပါ။

---
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်

Share on Google Plus

0 comments:

Post a Comment