မျက်တောင်ကော့ဆေးဝယ်မယ် သုံးမယ်ဆိုရင်



မျက်တောင်ကော့ဆေးဝယ်မယ် သုံးမယ်ဆိုရင် ဒါတွေသိဖို့ကောင်း
===========================
လူတစ်ကိုယ်အကြိုက်တစ်မျိုးစီပါ။ တချို့အမျိုးသမီးတွေက မိတ်ကပ်မလိမ်းရ မနေနိုင်ဘူး။ တချို့ကျပြန်တော့ နှုတ်ခမ်းဆိုးဆေးက အရေးကြီးတယ်။ တချို့တွေက Eye Liner၊ Mascara မသုံးရမနေနိုင် စသည်ဖြင့်ပေါ့။ အဲဒီအထဲကမှ အမျိုးသမီးတို့အသည်းစွဲမျက်တောင်ကော့ကားဆေး Mascara လေးတွေ အကြောင်း ပြောပြပေးသွားပါမယ်။
Mascara ဆိုတာ အခုခေတ်မှ တီတွင်အသုံးပြုကြတဲ့ ပစ္စည်းတစ်မျိုးလို့ လူတွေက သတ်မှတ်ထားကြပေမယ့် တကယ်တမ်းတော့ Mascara က လွန်ခဲ့တဲ့ ဘီစီ ၄၀၀၀ လောက်ကတည်း က ရှေးအီဂျစ်အမျိုးသားရော အမျိုး သမီးပါသုံးစွဲခဲ့ကြတဲ့ ပစ္စည်းတစ်ခု ဖြစ် ပါတယ်။ အဲဒါဆို Mascara နဲ့ ပတ်သက်ပြီး မသိထားတာတွေ ဘာရှိ ထားသလဲ။ မသိထားတာလေးတွေ သိနိုင်စေဖို့ ရှာရှာဖွေဖွေ ဖော်ပြပေးလိုက်ရပါတယ်။
လက်ရှိ Mascara ကို ထည့်သွင်းဖန်တီးခဲ့သူ
          Mascara က လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက သုံးစွဲခဲ့ကြတဲ့ ပစ္စည်းဆိုပေမယ့် ယခုလက်ရှိ စွဲမက်ဖွယ်ဒီဇိုင်လေးတွေအဖြစ် တီထွင်ဖန်တီးလိုက်သူကတော့ ပြင်သစ်ရေမွှေးပညာရှင် အူဂျင်းရင်မဲလ် ဖြစ်ပါတယ်။ ၁၈၃၀ နှစ်များဝန်းကျင်လောက်ကတည်းက ရင်မဲလ် ဆိုတဲ့ Mascara က နိုင်ငံအနှံ့ကို ဘာသာစကားပေါင်းမျိုးစုံနဲ့ ရောက်ရှိပျံ့နှံ့ခဲ့တဲ့ ပစ္စည်းဖြစ်ပါတယ်။
သုံးလခန့်အကြာ
          Mascara ဆိုတာ အလှကုန် ပစ္စည်းတွေများစွာထဲမှာ သက်တမ်း အတိုဆုံးပစ္စည်းတစ်ခုဖြစ်ပါတယ်။ Mascara ရဲ့ ဂုဏ်သတ္တိက သုံးလသာကြာရှည်ခံပါတယ်။ အဲဒါကြောင့် သက်တမ်း(၃)လထက် ကျော်လွန်နေတဲ့ Mascara တွေ ကို ရှောင်ရှားကာ နူးညံ့လှတဲ့မျက်လုံးကျန်းမာရေးအတွက် အရေးကြီးဆုံးအချက်ဖြစ်ပါတယ်။
Mascara မဖျက်ဘဲ အိပ်စက်မိတဲ့အခါ
          မိတ်ကပ်အကြွင်းအကျန်တွေနဲ့ အိပ်စက်ခြင်းက အရေပြားအတွက် မကောင်းတဲ့ ပြဿနာတစ်ခုဖြစ် သလို Mascara မဖျက်ဘဲ အိပ်စက်ခြင်းကလည်း Hair Spray ကဲ့သို့ မျက်တောင်များကို တောင့်တင်းသွားစေ ပါတယ်။ အိပ်စက်တဲ့အခါ ပါဝင်တဲ့ဓာတုပစစည်းတွေကြောင့် မျက်တောင်ကျိုးဖို့ အလားအလာပိုပြီးများလာ ပါတော့တယ်။
မာကျူရီပါဝင်ပါတယ်
          စိတ်ပူစရာတော့ မရှိပါဘူး။ မပြောပလောက်တဲ့ ပမာဏလေး က မထိခိုက်စေနိုင်ပါဘူး။ စိတ်ဝင်စား စရာကောင်းတဲ့အချက်ကလေး တစ်ခုကတော့ တခြားသော မိတ်ကပ်အသုံးအဆောင်အလှကုန်တွေမှာ မာကျူရီကို ထည့်သွင်းဖို့ တားမြစ်ထားပြီး Mascara မှာတော့ ထည့်သွင်းအသုံးပြုခွင့်ရထားခြင်းပဲ ဖြစ်ပါတယ်။
ငါးအကြေးခံပါဝင်ပါတယ်
`        Mascara အများစုမှာ Guanine လို့ခေါ်တဲ့ ငါးအကြေးခွံပါဝင်ပစ္စည်းတစ်ခု ပါဝင်ပါတယ်။ ဒီပစ္စည်းက Mascara မှာတင်မက အခြားသော မိတ်ကပ်အသုံးအဆောင်တွေမှာပါ တောက်ပစေဖို့ ထည့်သွင်းအသုံးပြုထား တဲ့ပစ္စည်းတစ်မျိုးဖြစ်ပါတယ်။
အသုံးပြုတဲ့အခါ သတိထားရမယ့်အချက်က
          Mascara အသုံးပြုတဲ့အခါ အရေးကြီးဆုံး သတိထားရမယ့်အချက်ကတော့ လက်တည်ငြိမ်ဖို့ပဲ ဖြစ်ပါ တယ်။ American Food and Drug Administration ရဲ့ ထုတ်ပြန်ချက်အရ ဆေးရုံဆေးခန်းအများစုမှာ လာပြတဲ့မျက်စိဝေဒနာရှင် အမျိုးသမီးအများစုက Mascara အသုံးပြုရင်း မျက်လုံးကို ထိခိုက်မိခဲ့တာပါတဲ့။
အရေးကြီးဆုံးအချက်က

          Mascara ၀ယ်ယူသုံးစွဲတဲ့အခါ စိတ်ချရတဲ့ Mascara ကို ရွေးချယ်ဝယ်ယူသုံးစွဲတတ်ဖို့ လိုအပ်ပါတယ်။ ၁၉၃၀ နှစ်များဝန်းကျင်လောက်က အမေရိကဈေးကွက်မှာ Lash Lore ဆိုတဲ့ Mascara တစ်မျိုးးရှိခဲ့ပါတယ်။ ဒါပေမဲ့ သိပ်မကြာခင်မှာ ဒီထဲက ပါဝင်ပစ္စည်းတစ်မျိုးကြောင့် အမျိုးသမီးများစွာ မျက်စိကန်းခဲ့ရတဲ့အတွက် ဖျက်သိမ်းပစ်ခဲ့ရပါတယ်။
ထူးထူးဆန်းဆန်းဖြစ်ပေါ်တဲ့အချက်
          အမျိုးသမီးအများစု သတိထားမိမလား မသိဘူး။ မျက်တောင်မှာ Mascara သုံးနေတဲ့ အချိန် မျက်နှာပြင်ပေါ်က ဖော်ပြချက်ကို Mascara သုံးစွဲနေတဲ့အခါ ပါးစပ်ကို အနည်းငယ်ဟထားတတ်ကြပါတယ်။ ဒါက မျက်တောင်ခတ်ခြင်းမဖြစ်စေဘူး။ မျက်လုံးကို ကြာကြာဖွင့်နေစေတယ်ဆိုပြီး အမျိုးသမီးအများစု လက်ခံထားတဲ့အချက်ဖြစ်ပါတယ်။
Mascara လောကရဲ့ ဦးဆောင်ဘုရင်
          Mascara ကို Tube ဘူး လေးတွေ၊ ဘရပ်ရှ်ပုံစံလေးတွေနဲ့ ပထမဦးဆုံး ထုတ်လုပ်ခွင့်ရခဲ့တဲ့ ကုမ္ပဏီကတော့  Revlon ဖြစ်ပါတယ်။ Revlon က ရောင်စုံ Mascara တွေကိုလည်း ပထမဦးဆုံး ထုတ်လုပ်ခွင့်ရခဲ့သူဖြစ် ပါတယ်။
---
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်

Share on Google Plus

0 comments:

Post a Comment