ကိုယ့်ရဲ့တစ်စုံတစ်ယောက်
တစ်စုံတစ်ခုကို မှတ်မိဖို့ခက်ခဲတဲ့ မှတ်ဉာဏ်ကြောင့်
မျက်နှာပျက်ရတာ၊
အခင်အမင်ပျက်ရတာ ဘယ်လောက်များများကြုံဖူးပြီးပါပြီလဲ။ တစ်ခါတလေ မှတ်ဉာဏ်တွေက စိတ်ပျက်စရာကောင်းလွန်းပါတယ်။
အင်တာဗျူးတစ်ခုဖြေနေတုန်းစာမေးပွဲဖြေနေတုန်းရုတ်တရက်မေ့သွားပြီး ဘယ်လိုမှစဉ်းစားမရတော့လို့
ချွေးပြန်ခဲ့ရတာမျိုး ဘယ်နှစ်ကြိမ်လောက်ကြုံဖူးပါသလဲ။ ဒီလိုကြုံဖူးနေပြီဆိုရင်တော့
အခုပြောပြမယ့်နည်းလမ်းလေးကို စမ်းသပ်ကြည့်ပါ။
ပုံဖော်ပါ
အလုပ်တစ်ခုခုလုပ်ဖို့
အခန်းထဲဝင်ရင်းထိုင်ရင်း မေ့လျော့သွားတာမျိုး ဘယ်နှစ်ကြိမ်လောက်ကြုံဖူးပါသလဲ။ ဒီလိုအခြေအနေမှာ
စိတ်ကအတွေးလွန်ပြီး ပိုမေ့လျော့သွားတတ်ပါတယ်။ အဲဒါကြောင့် ကိုယ်လုပ်ချင်တာကို စိတ်ကူးထဲမှာဖြစ်စေ၊
ရုပ်ပုံကားချပ်ထဲမှာဖြစ်စေ ပုံဖော်ထားပါ။
ဂိမ်းကစား
ဂိမ်းဆော့တာက
ဦးနှောက်ကိုသွေးပြီးသားဖြစ်စေပါတယ်။ ဂိမ်းကစားရင်းစိတ်ဝင်စားလာလေ
ပိုပြီးမှတ်မိလွယ်လာလေပါ။
အဲဒါကြောင့်ပေါ့ပေါ့ပါးပါးဂိမ်းလေးတစ်ခုလောက် ကြိုးစားကစားကြည့်ပါ။
စိတ်ဝင်စားပါ
စိတ်ဝင်စားမှုမရှိဘဲ
မမှတ်မိနိုင်ပါဘူး။ မှတ်မိလည်းခဏတာပါ။ အဲဒါကြောင့် ကိုယ်လုပ်နေတဲ့အလုပ် ကိုယ်နဲ့ဆက်ဆံနေတဲ့လူကိုအဆုံးစွန်အထိစိတ်ဝင်စားမှုရှိပါ။
စိတ်အားထက်သန်ပါ
ပထမဆုံး မှတ်မိလွယ်ချင်ရင်
စိတ်အားထက်သန်ဖို့လိုပါတယ်။ ကိုယ့်ဘက်က စိတ်အားထက်သန်မှုရှိမှလည်း မှတ်မိဖို့လမ်းစတစ်ခုဖြစ်နေမှာပါ။
ဂီတကိုအသုံးချ
နှစ်ပေါင်းများစွာ
လပေါင်းများစွာ မဆိုတာကြာပြီဖြစ်တဲ့ သီချင်းတစ်ပုဒ်ကို စာသားမေ့နေပေမယ့် သံစဉ်လေးကြားရုံနဲ့
အလွယ်တကူ မှတ်မိနိုင်တယ်မဟုတ်ပါလား။
အဲဒီတော့
ဂီတသံစဉ်လေးတွေကိုအသုံးချတတ်ဖို့ကြိုးစားကြည့်ပါ။
ချရေးထား
ဒါ အလွယ်ကူ
အရိုးရှင်းဆုံး နည်းလမ်းတစ်ခုပါ။ မမေ့ချင်ရင် ချရေးထားလိုက်ပါ။ တစ်ကြိမ်ချရေး။ ဒါမှမဟုတ်
၂ ကြိမ်၊ ၃ ကြိမ်ချရေးထားလိုက်ပါ။
ရန်နိုင်
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...
www.facebook.com/shapejournal
www.facebook.com/groups/weloveshape
#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
0 comments:
Post a Comment