မိုင်လီစိုင်းရပ်(စ်)က မောင် ဖြစ်သူကိုချီးမွမ်းပြီး D&G ကုမ္ပဏီကိုရှုတ်ချ




ပေါ့(ပ်)ဂီတအဆိုတော် မိုင်လီစိုင်းရပ်(စ်)ဟာ အသက် (၂၃)နှစ်ရှိ သူမရဲ့မောင်မော်ဒယ်၊ ဂီတပညာရှင် ဘရိုင်ဆန်စိုင်းရပ်(စ်) D&G ဖက်ရှင်ပြပွဲမှာ ပထမဆုံးအကြိမ်လမ်းလျှောက် သရုပ်ပြခြင်းအတွက် (၁၇-၆-၁၇)နေ့ အင်စတာဂရမ် ကနေချီးမွမ်းလိုက်ပေမဲ့ D&G ကုမ္ပဏီကိုတော့ စာကြွင်းအဖြစ် ရေးသားရှုတ်ချလိုက်ပါတယ်။
“ D&G ရေ….. ရှင်တို့ရဲ့နိုင်ငံရေးကို ကျွန်မလုံးဝလက်မခံဘူး။ ဒါပေမဲ့ လူငယ်မော်ဒယ်လေးတွေ ကို အစွမ်းပြ ခွင့်ပေးတာတော့ ကျေးဇူးတင်ပါတယ်''လို့ ရေးလိုက်တော့ ''ကျုပ်တို့က အီတလီဖက်ရှင် ဒီဇိုင်နာတွေပါ။ အမေရိကန်နိုင်ငံရေး စိတ်မ၀င်စားဘူး။ မင်းရဲ့ Post တွေ မှတ်ချက်တွေကို ကျုပ်တို့မလိုအပ်ဘူး''လို့ D&G  ပိုင်ရှင်စတီဖန်နိုး ဂဘားနားက ပြန်ရေးလိုက်ပါတယ်။ D&G ဟာ သမ္မတကတော် မယ်လားနီးယားထရမ့်ကို အ၀တ်အစား ဆင်မြန်းပေးခြင်းနဲ့ ၄င်းတို့အချင်းချင်း လိင်တူဆက်ဆံကြကာ ကလေးမွေးစားခြင်းတို့အတွက် ဝေဖန်ခံရပေမဲ့ မိုင်လီက ၄င်းတို့ရဲ့နိုင်ငံရေးဆိုတာ ဘာကိုဆိုလိုမှန်းမသိရပါဘူး။ ၄င်းတို့က BoycottD&G (D&Gကို သပိတ်မှောက်ကြ) ဆိုတဲ့ စာတန်းပါတီရှပ်တွေကိုလည်း အရွဲ့တိုက်ပြီး ထုတ်လုပ်ရောင်းချခဲ့ပါတယ်။
---


ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်


Share on Google Plus

0 comments:

Post a Comment