အဖေကအခုအချိန်အထိ ကျွန်တော့်ကို ကလေးတစ်ယောက်လို
ရှုတင်က ပြန်လာတဲ့အခါ ပွေ့ဖက်နမ်းနေဆဲပါပဲ…ကျွန်တော်လည်းဒီလိုပဲ ကျွန်တော့်သားသမီးတွေကို
အလုပ်ကပြန်လာတိုင်း ပွေ့ဖက်နမ်းလေ့ရှိပါတယ်…မင်းမော်ကွန်း
===============================
ကျွန်တော်ငယ်ငယ်ကလည်း
အဖေကရှုတင်သွားခါနီးတိုင်းကျွန်တော့်ကိုအနမ်းလေးပေးပြီးသွားပါတယ်။ အလုပ်က ပြန်လာရင်လည်း
နမ်းတတ်ပါတယ်။ ကျွန်တော်လည်း ဒီလိုပါပဲ။ ရှုတင်သွားတဲ့ အခါတိုင်းမှာပဲဖြစ်ဖြစ်၊ ခရီးသွားတဲ့
အခါမှာပဲဖြစ်ဖြစ်သားသမီးတွေကို အနမ်းပေးပြီးမှသွားတတ်ပါတယ်။ အဖေ့တုန်းကလည်း ဒီအတိုင်းပဲ။
အခုကျွန်တော့် အဖွားဆိုရင်လည်း အဖေ့ကို အခုထိကလေးတစ်ယောက်လိုပဲ သတ်မှတ်ပြီးပွေ့ဖက်နမ်းနေတုန်းပါပဲ။
အဖေကလည်း အခုထိကျွန်တော့်ကို ကလေးတစ်ယောက်လိုရှုတင်ကပြန်လာတဲ့အခါ တိုင်းပွေ့ဖက်နမ်းနေဆဲပါပဲ။
ကျွန်တော်လည်း ဒီလိုပါပဲ။ ကျွန်တော့်သားသမီးတွေကို အလုပ်ကပြန်လာ တိုင်းပွေ့ဖက်နမ်းလေ့ရှိပါတယ်။
ကျွန်တော့်သမီးအသက် ၁၃ နှစ်ရှိပါပြီ။ တကယ့်ကလေးလိုပါပဲ။ သားကြီးက ၁၆ နှစ်ကျော် ၁၇ နှစ်ရှိပါပြီ။
သားငယ်လေးနဲ့ဆိုသုံးယောက်ပါပဲ။ အားလုံးကိုကလေးတွေလို့ပဲမြင်ပါတယ်။ ကျွန်တော့်သား သမီးတွေကိုအခုထိပွေ့ဖက်နမ်းနေတုန်းပါပဲ။
ဒါကကျွန်တော်တို့မိသားစုအတွက် ဓလေ့တစ်ခုလိုဖြစ်နေပါပြီ။ ဒါက ကျွန်တော်တို့ မိသားစုမှရှိတာမျိုးမဟုတ်ပါဘူး။
အခြားမိသားစုတွေလည်းရှိတတ်တာများပါတယ်။ မိဘတိုင်းသားသမီး တိုင်းက ဒီလိုပဲလို့ကျွန်တော်မြင်ပါတယ်။
ဒီလိုပဲ ကျွန်တော် ဖြစ်စေချင်ပါတယ်။
---
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...
www.facebook.com/shapejournal
www.facebook.com/groups/weloveshape
#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...
www.facebook.com/shapejournal
www.facebook.com/groups/weloveshape
#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
0 comments:
Post a Comment