အသဲလေးသီချင်းခွေမှာ ရသစုံတဲ့ သီချင်းသစ်တွေပါဝင်ပါတယ်…မိစန္ဒီ








အသဲလေးတေးစီရီးက ညီမအတွက်တော့ တတိယမြောက် သီချင်းခွေပါ။ အသဲလေးလို့နာမည် ပေးတာကတော့ အခြားရည်ရွယ်ချက်တွေမရှိပါဘူး။ လူငယ်တွေချစ်သူတွေကြားမှာ ခေတ်စားတဲ့ စကားလေးဖြစ်သလို ပရိသတ်တွေကြားလည်း အမှတ်ရလွယ်တဲ့ စကားလေးဖြစ်တာကြောင့် အသဲလေးကို သီချင်းခွေ Title ပေးဖြစ်တာပါ။ ဒီသီချင်းခွေမှာ Hip Hop နဲ့ R&B ကိုအခြေခံပြီးတီထွင် ဆန်းသစ်ထားတဲ့ သီချင်းသစ်တွေကို နားဆင်ရမှာ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် သီချင်းအသစ် တော်တော်များများကိုဖန်တီးပေးထားပါတယ်။ အချစ်သီချင်း၊ အသည်းကွဲသီချင်းသရော်သီချင်း၊ ဘ၀ပုံဖော်တဲ့ ရသသီချင်းတွေအပါဝင် ဒီသီချင်းခွေမှာ တော့ရသစုံတဲ့ သီချင်းတွေပါဝင်ပါတယ်။ ပရိသတ် တွေနဲ့လည်းထပ်တူကျနိုင်မယ့် သီချင်းတွေရှိလိမ့်မယ် လို့ယုံကြည်ပါတယ်။ ဒီသီချင်းခွေကို MTV ရိုက်ဖို့ ကတော့ တစ်နှစ်အတွင်းမှာ အပြီးရိုက်ကူးသွားမှာပါ။ ဒီသီချင်းခွေဖြန့်ပြီးမကြာခင်မှာပဲ ရိုက်ကူးရေးတွေ စတင်လုပ်နိုင်ဖို့ကြိုးစားသွားမှာပါ။ သီချင်းတွေကို ပြီးသလို အမြန်မရိုက်ချင်တာကြောင့်အချိန်ယူပြီး ပရိသတ်တွေအတွက် သီချင်းတစ်ပုဒ်ချင်းစီကို အကောင်းဆုံးဖြစ်အောင်ကြိုးစားဖန်တီးသွားမှာပါ။ နောက်ထပ်လည်း သီချင်းသစ်တွေရှိပါသေးတယ်။ ဒီအခွေမှာ မိစန္ဒီကိုယ်တိုင်ရေးသားထားတဲ့ သီချင်း အပုဒ်ရေ (၁၀)ပုဒ်ပါဝင်ပြီး အခုလ(၁၇)ရက်မှာ Bo Bo Music Production ကနေ တစ်နိုင်ငံလုံးကိုဖြန့်ချိသွားမှာပါ။

---
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်



Share on Google Plus

0 comments:

Post a Comment