ဂျာဆိုင်းအိမ် (Miss Myanmar World 1st Runner Up 2017)



လူတွေကိုဘယ်လိုပြုမူဆက်ဆံရမလဲ… ကိုယ်ကဘယ်လိုအပြုမူကောင်းရမလဲဆိုတဲ့ သင်ခန်းစာအတွေ့အကြုံတွေရရှိခဲ့ပါတယ်…

ညီမ အခုလတ်တလောအနုပညာလှုပ်ရှားမှုက တော့ ရုပ်ရှင်ကားလည်းရိုက်နေပါတယ်။ ဓာတ်ပုံတွေ လည်းရိုက်ဖြစ်တယ်။
ညီမ ကချင်သရုပ်ဆောင် အရင်လုပ်ဖြစ်တာပေါ့နော်…
ညီမအနုပညာလောကထဲကို ၀င်လာဖြစ်တာကတော့ ညီမ ကချင်သရုပ်ဆောင်အရင်လုပ်ဖြစ်တာပေါ့နော်။ ၂၀၁၂ ကတည်းကနေ သရုပ်ဆောင်ရွေးပွဲမှာ သရုပ်ဆောင်ဝင်ပြိုင်ရင်းနဲ့ အဲဒီမှာ ညီမကချင်ဇာတ်ကား တွေရိုက်ရင်းနဲ့အနုပညာလောကထဲကိုစ၀င်လာတာပါ။ ပြီးရင် ဒီမြန်မာအနုပညာလောကထဲကို ညီမ ၂၀၁၅ မှာ Miss Goldenland ပြိုင်ပွဲတွေ ၀င်ပြိုင်ရင်းနဲ့မှ စ၀င်လာတာပါ။
Miss Goldenland Myanmar မှာ ညီမ Top Ten Final List ထဲပါခဲ့ပါတယ်…
ပြိုင်ပွဲတွေကတော့ ၂၀၁၅မှာ Miss Goldenland Myanmar မှာ ညီမ Top Ten Final List  ထဲပါခဲ့ပါတယ်။ ပြီးတော့ ၂၀၁၅ မှာပဲ Miss Myanmar International ကိုဝင်ပြိုင်ခဲ့ပါတယ်။ အဲဒီမှာညီမ Top Ten Final List ပြန်ဝင်ခဲ့ပါတယ်။ ပြီးလို့ရှိရင် Team လည်းရရှိခဲ့ပါတယ်။ အဲဒီမှာ ညီမ ကချင်အကနဲ့ရရှိခဲ့ပါတယ်။ အဲဒါပြီးတော့ ၂၀၁၅ မှာပဲနှစ်ကုန်ပိုင်းမှာပေါ့နော်။ ညီမ Miss Asia Myanmar ၀င်ပြိုင်ရင်းနဲ့ Miss Asia Myanmar Winner 2016 ၂၀၁၆ ဆုကိုရ ရှိခဲ့ပါတယ်။ အခုဒီနှစ် ၂၀၁၇မှာက  Miss World Myanmar ပြိုင်ပါတယ်။ 1st Runner Up ဆုနဲ့ Miss Talent ဆုရယ်၊ Miss Healthy ဆုရယ်ရရှိခဲ့ပါတယ်။
ဖြတ်သန်းခဲ့တဲ့ ကာလတစ်လျှောက်ကိုယ့်ကိုယ် ကိုယ်ပြောင်းလဲမှုအနေနဲ့ဆိုရင် လူတွေကကြာလာလို့ ရှိရင် ကိုယ်သွားလာနေထိုင်မှုပုံစံတွေ အရာအားလုံးက ပြောင်းလဲလာတယ်။ ဒီလိုပါပဲ။ ညီမလည်း အနုပညာ လောကမှာ ပြိုင်ပွဲတွေပြိုင်တယ်။ ပြီးလို့ရှိရင်ညီမ အနုပညာလှုပ်ရှားမှုတွေလှုပ်ရှားတယ်။ သွားလာတယ်။ အစစအရာရာအရင်နဲ့မတူတော့ပါဘူး။ ပြောင်းလဲလာတယ်။ အရင်တုန်းကလိုတော့ မဟုတ်တော့ဘူးပေါ့နော်။ အရင်တုန်းကထက်အများကြီးပြောင်းလဲလာပါပြီ။
ကောင်းတဲ့အရာဆိုအတုယူတယ်။ မကောင်းတဲ့အရာဆိုရင် ဒါငါရှောင်သင့်တဲ့အရာပါလား ဆိုပြီးတော့ရှောင်တယ်ပေါ့နော်…
ကာလတစ်လျှောက်ကိုယ့်ကိုယ်ကိုယ်ပြောင်းလဲ လာတယ်ဆိုတာက အများသူများကြောင့်မို့ပေါ့
နော်။ သူများကြောင့်မို့ပြောင်းလဲလာတယ်ဆိုတာက ကိုယ်လည်းသူများကိုကြည့်တယ်။ ကောင်းတဲ့အရာ
ဆို အတုယူတယ်။ မကောင်းတဲ့အရာဆိုရင် ဒါငါရှောင်သင့်တဲ့အရာပါလားဆို ပြီးတော့ ရှောင်တယ်ပေါ့နော်။ ပိုပြီးတော့ အတွေ့အကြုံ လည်းများလာတယ် ပေါ့။ အခုမှ လော ကကြီးကို အ ကောင်းမြင်ဝါဒရှိပြီးတော့မှ အကောင်း ဘက်ကပဲမြင်လို့ရှိရင် စိတ် အေးချမ်းမှုရရှိတယ်။ အဲဒါကြောင့် အများကိုလည်းကြည့်တယ်။ ကိုယ့်ကိုယ်ကိုယ် လည်း သုံးသပ်ပြီးတော့မှပေါ့နော်။ သင်ယူစရာ ပြောင်းလဲမှုတစ်ခုပါပဲ။
ညီမ ကိုယ့်ရဲ့ Type ကိုယ်က ဘယ်လိုပုံစံ ရှိတယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ်အဲဒီလောက်ထိ မသုံးသပ်ခဲ့မိဘူး။ ပြိုင်ပွဲတွေဝင်ပြိုင်ရင်းနဲ့အတွေ့ အကြုံတွေရခဲ့တယ်..
ဘာကြောင့် Miss Myanmar World ကို ပြိုင်ဖြစ်တာလဲဆိုရင် ၂၀၁၅ တုန်းက Miss တွေပြိုင်ခဲ့တယ်။ ဒါပေမဲ့ ညီမကိုယ့်ရဲ့ Type ကိုယ်ကဘယ်လိုပုံစံ ရှိတယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ်အဲဒီလောက်ထိ မသုံးသပ်ခဲ့မိဘူး။ ပြိုင်ပွဲတွေဝင်ပြိုင်ရင်းနဲ့အတွေ့အကြုံ တွေရခဲ့တယ်။ ပြီးလို့ရှိရင် Beauty Pegeant အကြောင်းတွေလည်း သိရှိခဲ့တယ်။ ကိုယ်က ဘယ် Type ဘယ် လိုပုံစံသွားတယ်ဆိုတာ ညီမကောင်းကောင်းသိပြီးတော့ ပြိုင်ပွဲပြိုင်တဲ့ အတွေ့အကြုံတွေရှိပြီးတော့မှ Miss Myanmar World 2017 ကို ၀င်ပြိုင်ရခြင်းဖြစ်ပါတယ်ရှင့်။
Miss Myanmar World ပြိုင်လို့ရတဲ့ အတွေ့ အကြုံသင်ခန်းစာကတော့ Miss Myanmar World မှမဟုတ်ပါဘူး။ ဘယ်နေရာမှာပဲရောက်ရောက် အတွေ့အကြုံနဲ့သင်ခန်းစာကတော့ အမြဲတမ်း ရရှိပါတယ်…
Miss Myanmar World ပြိုင်လို့ရတဲ့အတွေ့ အကြုံသင်ခန်းစာကတော့ ဘယ်နေရာပဲရောက်ရောက်ပေါ့နော်။ Miss Myanmar World မှ မဟုတ်ပါဘူး။ ဘယ်နေရာမှာပဲ ရောက်ရောက်အတွေ့အကြုံနဲ့ သင်ခန်းစာကတော့ အမြဲတမ်းရရှိပါတယ်။ Miss Myanmar World ပြိုင်တဲ့အချိန်မှာ အတွေ့အကြုံတွေ လည်းများတယ်။ Group လိုက် Team လိုက်ပေါ့နော်။ ဒီအလုပ်အတွက် Teamwork လုပ်ရတဲ့အတွက် Teamwork တွေမြင့် တက်လာတယ်။ ပြီးလို့ရှိရင် လူတွေကို ဘယ်လိုပြုမူဆက်ဆံရမလဲ။ ကိုယ်ကဘယ်လိုအပြုမူ ကောင်း ပြရမလဲဆိုတဲ့သင်ခန်းစာတွေအတွေ့အကြုံတွေရရှိခဲ့ပါတယ်။
Miss Myanmar World  ကို ဘာကြောင့်မို့ ရွေးပြိုင်ရတာလဲဆိုတော့ ညီမ Type ဖြစ်တယ်လို့ ညီမကိုယ်ညီမသုံးသပ်မိတယ်။ အဲဒီအတွက်ကြောင့်မို့ပေါ့နော်။ Miss Myanmar World ကို ၀င်ပြိုင် ရခြင်းဖြစ်ပါတယ်။
ညီမ Winner မှန်းထားပေမယ့်မရခဲ့ဘူး။ 1st Runner UP  ပဲရခဲ့တယ်။ ဒါ ညီမရဲ့ကြိုးစားမှုပါ။ ညီမနဲ့ထိုက်တန်လို့ ညီမရခဲ့တဲ့အတွက်ဂုဏ်ယူဝမ်းသာမိပါတယ်။
ခက်ခဲမှုကိုအကောင်းဆုံး ကျော်လွှားနိုင်ပြီးတော့ အောင်မြင်စွာနဲ့ ကိုယ်လိုချင်တဲ့အရာကိုရရှိတဲ့အခါမှာ အဲဒီအချိန်တွေက ညီမအတွက်အရမ်းကို ပျော်ရွှင်ခဲ့ရတဲ့အချိန်တွေပါပဲ….
ဘ၀မှာပျော်ရွှင်ခဲ့ရတဲ့အချိန်တွေကတော့အများကြီးရှိခဲ့တာပေါ့နော်။ အပျော်ရွှင် ရဆုံးအချိန်တွေဖြစ်ခဲ့တယ်ဆိုတာက ကိုယ်ခက်ခက်ခဲခဲအရာတစ်ခုကို ကိုယ် လုပ်ရမယ်လို့ဆုံးဖြတ်လိုက်ရတဲ့အခါမှာ အဲဒီအရာကို ကိုယ်ရအောင်လုပ်တယ်။ ခက်ခဲမှုကိုအကောင်းဆုံးကျော်လွှားနိုင်ပြီးတော့ အောင်မြင်စွာနဲ့ကိုယ်လိုချင်တဲ့ အရာကိုရရှိတဲ့အခါမှာ အဲဒီအချိန်တွေက ညီမအတွက်အရမ်းကိုပျော်ရွှင်ခဲ့ရတဲ့ အချိန်တွေပါပဲ။
ခွန်အားရတဲ့စာတွေညီမဖတ်တယ်…
စိတ်ဓာတ်အားငယ်နေတဲ့အချိန်တွေမှာ ဘယ်လိုခွန်အားယူလဲဆိုတော့ ညီမဆိုရင်အခု အနုပညာလမ်းကြောင်းကိုလျှောက်လာတဲ့အချိန်မှာ ကိုယ့်အားကိုယ်ကိုးပြီးတော့ သွားတဲ့အချိန်မှာ စိတ်ဓာတ်ကျတဲ့ အချိန်တွေကတော့ အများကြီးရှိတယ်။ ဒါပေမဲ့ စိတ်ဓာတ်ကျတဲ့အချိန် ကိုယ့်ကိုယ်ကိုယ်ခွန်အားယူတယ်။ ပြီးလို့ရှိရင် ကိုယ့်ကိုဘယ်လိုမှအလေးမထားဘူး။ ကိုယ်ဟာဘယ်သူ့အတွက်မှ အရေးမပါဘူးဆိုတဲ့အချိန်မှာ ညီမဘက်မှာဘုရားသခင်အမြဲရှိတယ်။ ဘုရားသခင်က ကိုယ့်ကိုအမြဲတမ်းချစ်တယ်။ ပြီးလို့ရှိရင် စာတွေလည်းဖတ်တယ်။ စာအုပ်တွေ ဖတ်တာလည်းညီမ၀ါသနာပါပါတယ်။ ခွန်အားရတဲ့စာတွေညီမဖတ်တယ်။ အဲဒီဟာ တွေက ညီမအတွက်ခွန်အားအများကြီးဖြစ်စေပါတယ်။
ညီမအနုပညာရှင်ကောင်းတစ်ယောက်ဖြစ်အောင် သရုပ်ဆောင်ကောင်း တစ်ယောက်ဖြစ်အောင်ညီမကြိုးစားသွားမှာပါ…
ပြိုင်ပွဲတွေနောက်ထပ်ပြိုင်ဖို့ အစီအစဉ်တော့မရှိတော့ပါဘူး။ အနုပညာ လှုပ်ရှားမှုအနေနဲ့ အခုညီမသရုပ်ဆောင်ဝါသနာပါတယ်။ ပြီးလို့ရှိရင်ညီမအသက် မွေးဝမ်းကြောင်းအနေနဲ့ညီမအနုပညာရှင် ကောင်းတစ်ယောက်ဖြစ်အောင် သရုပ်ဆောင် ကောင်းတစ်ယောက်ဖြစ်အောင် ညီမကြိုးစားသွားမှာပါ။
ညီမကိုအခုလိုမျိုးအားပေးတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်။ အားပေးတဲ့ သူရှိမှလည်း ညီမတို့အနုပညာလုပ်တဲ့သူတွေရပ်တည်နိုင်မှာပါ။ အဲဒါကြောင့်မို့လည်း ဆက်ပြီးတော့ ခွန်အားတွေပေးပါ။ အားပေးပါ။ ချစ်ပေးပါလို့ အားလုံးကိုကျေးဇူးတင်ပါတယ်။
---
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်


Share on Google Plus

0 comments:

Post a Comment