Mobile, Social Media နဲ့ သတိထားစရာ…


















Mobile, Social Media နဲ့ သတိထားစရာ…
လူသားတွေဟာ အသိုင်းအ၀ိုင်းနဲ့နေတတ်တဲ့ သတ္တ၀ါတွေပါ။ သမိုင်းဟာ လူသားတွေ အချင်းချင်း တစ်ဦးနဲ့ တစ်ဦး အချိန်ကာလတစ်ခုမှာ ဘယ်လို ဆက်ဆံဆက်သွယ်ခဲ့ကြတယ်ဆိုတာတွေကို မှတ်တမ်းပြု ထားတာ ပါ။ ဒီတော့ လူရယ်လို့ဖြစ်လာရင် တစ်ဦးတည်းနေလို့မရဘဲ အသိုင်းအ၀ိုင်းနဲ့ ပေါင်းစပ်နေထိုင်ကြရပါတယ်။ အချိန်ကာလတွေ ပြောင်းလဲလာရင်း နည်းပညာခေတ်ကိုရောက်လာချိန်မှာ လူတွေဟာ အပြင်လောက ကြီးထဲမှာ ပေါင်းသင်းဆက်ဆံနေထိုင်ကြတယ်ဆိုတာထက် Virtual လောကထဲမှာနေထိုင်လာတဲ့ အချိန်တွေက ပိုများလာပါတယ်။ ဒီအခါမှာ လူသားတွေရဲ့ ပေါင်းသင်းဆက်ဆံရေးဟာလည်း လက်တွေ့ အပြင်လောကမှာထက် Virtual လောကမှာကပိုပြီးများလာပါတယ်။

Virtual လောကမှာ တစ်ယောက်နဲ့တစ်ယောက် ဆက်ဆံပုံတွေက အချိန်နဲ့အမျှပြောင်းလဲနေပါတယ်။ နည်းပညာတွေ တိုးတက်လာတဲ့နဲ့တစ်ပြိုင်တည်း အရင်ကစာသားတွေနဲ့ပဲ ဆက်ဆံပြောဆိုကြရာကနေ၊ နောက်ပိုင်းခေတ်ရောက်လာချိန်မှာ ဓာတ်ပုံတွေကိုသုံးပြီး အခု 4G နဲ့ LTE တွေခေတ်မှာတော့ Video တွေ၊Maps တွေလို အခြားသော Media တွေကိုပါ မျှဝေပေးလာနေပါတယ်။ ခေတ်ကိုလိုက်ပြီးတော့လည်း အဲဒီလိုမျှဝေမှုတွေမှာ အသုံးပြုကြတဲ့ Tools တွေ၊ Platform တွေက အပြောင်းအလဲတွေဖြစ်လာပါတယ်။

အစောပိုင်းမှာ desktop တို့၊ Laptop တို့ကိုသုံးပြီး Web ကနေတစ်ဆင့်ချိတ်ဆက်မှုတွေ၊ မျှဝေမှုတွေကို လုပ်ခဲ့ကြရာကနေ နောက်ပိုင်းမှာ Mobile Platform ကနေ app တွေကိုသုံးပြီး Social Network တွေကို အသုံးပြုမှုက ပိုပြီးများပြားလာပါတယ်။ Email တွေတုန်းကလို တခမ်းတနားကြီးတွေရေးနေသားနေတဲ့ ပုံစံမျိုးတွေအစား Social Network တွေမှာက အတည်အခန့်ဆိုတာထက် အလုပ်သဘောဖြစ်တယ်ဆိုရုံ မြန်မြန်သွက်သွက်နဲ့ပေးချင်တဲ့အချက်အလက်ကို ပိုထိရောက်အောင်ပေးတဲ့ပုံစံမျိုးကို ပိုအသားပေးလာပါတယ်။ အလုပ်နဲ့ဆိုင်တဲ့ကိစ္စတွေကိုတောင်မှပဲ Social Media တွေ၊ Social Network  တွေကနေ အချက်အလက်တွေ သယ်ပို့ပေးတဲ့အထိ အသုံးတွင်ကျယ်လာသလို မိတ်ဆွေသူငယ်ချင်းအချင်းချင်း တွေ့ဆုံဆက်ဆံကြတာတွေ ကလည်းပိုများလာပါတယ်။ 

သတင်းတွေ၊ အချက်အလက်တွေကိုတောင် ပုံမှန်ပေးပို့နေကြပုံစံတွေနဲ့မဟုတ်ဘဲ Social Media တွေကနေတစ်ဆင့် ပေးပို့လာကြသလိုအရင်လို တစ်ဦးတစ်ယောက်ဆီကနေ သတင်းအ ချက်အလက်ကိုရယူတယ်ဆိုတာထက် အချင်းချင်းသတင်းအချက်အလက်ကို မျှဝေပေးတဲ့ပုံစံကို ပိုအား ကိုးလာတဲ့အထိ Social Media တွေ၊ Social Network တွေက ပိုမိုထိရောက်လာပါတယ်။

အရင် Dasktop တွေပေါ်မှာပဲ အသုံးများခဲ့ကျပေမယ့် လက်ရှိ Mobile ခေတ်မှာတော့ အရင်က ပုံစံနဲ့ Social Media ကို သုံးတဲ့ပုံစံအစား ပိုပြီးကျစ်လစ်တဲ့ အသုံးပြုပုံမျိုးကိုသုံးလာပါတယ်။ အဓိကအား သာချက်တွေအနေနဲ့ သတင်းအချက်အလက်တွေကို အချိန်နဲ့တပြေးညီ လျင်လျင်မြန်မြန်ရနိုင်တာ၊ ပျံ့နှံ့ဖို့လွယ်ကူတာ အရင်ကလက်လှမ်းမမီတဲ့ သတင်းရင်းမြစ်တွေကို တိုက်ရိုက်ထိတွေ့နိုင်တာတွေ ရှိလာသလို တစ်ဘက်မှာလည်း သတင်းမှားတွေကို ပျံ့နှံ့သွားရင် ပြန်လည်ထိန်းချုပ်နိုင်ဖို့ခက်ခဲတာ၊ လူတွေဆီကို ပျံ့နှံ့အား အရမ်းကောင်းပြီးပြန်ဖြေရှင်းနိုင်ဖို့ခက်ခဲတာတွေကလည်းရှိနေပါတယ်။ ဒါကြောင့် Social Media တွေ သုံးကြမယ်ဆိုရင်သတိထားဖို့အရမ်းကိုလိုအပ်နေတာပါ။
မင်းသုနောင်
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
 

Share on Google Plus

0 comments:

Post a Comment