မုဒိမ်းမှုက ကပ်ရောဂါလို ပြန့်ပွားနေတဲ့အိန္ဒိယမှာ
ဒီဗာကီလိုအမေမျိုး များများလိုအပ်ပါတယ်…
အဆင့်သတ်မှတ်ချက် - ၃.၅*/၅
သရုပ်ဆောင်များ - ဆရီဒီဗီ၊ ခန်နာ၊ အနန်ဆစ်ဒီကွီ၊ ဆာဂျေးအလီ၊
နာ၀ါဇူဒင္ဆစ္ဒီကြီ
ဒါရိုက်တာ - ရာဗီယူညာဝါ
ဘာကောင်းလဲ - ဇာတ်ညွှန်း၊ ရည်မှန်းချက်တို့ ဆွဲဆောင်မှု
ရှိခြင်းနဲ့ နာဝါဇူဒင်ဆစ်ဒီကွီရဲ့သရုပ်ဆောင်မှုတွေ ကောင်းမွန်ခြင်း
ဘာဆိုးလဲ - ဆရီဒီဗီရဲ့သရုပ်ဆောင်မှု အံ့အားသင့်စရာ
ကောင်းလောက်အောင် ကောင်းမွန်နေချိန်မှာ သူ့ရဲ့လေယူ လေသိမ်းစကားပြောဟန်ဝဲနေတာက အဆိုးဘက်ရောက်သွားသလို
ဇာတ်ကားရဲ့ဒုတိယပိုင်းကလည်း အတင်းချုံ့လိုက်သလိုဖြစ်နေပါတယ်။
စောင့်ကြည့်သင့်သလား - မဖြစ် မနေကြည့်ရှုသင့်တဲ့ကားလေးပါ။
ဇာတ်လမ်းအကျဉ်း
အထက်တန်းကျောင်းသူလေး
ဆာဘရာဝယ်တစ်ယောက် အတန်းဖော်မိုဟစ်နဲ့သူ့ရဲ့နောက်လိုက်တွေရဲ့ မုဒိမ်းကျင့်ခံခဲ့ရပြီး
အဲဒီအမှုကို တရားရုံးကရုံးတင်စစ်ဆေးခဲ့ပါတယ်။ အဲဒီတရားခံ တွေကို တရားရုံးက လုပ်ကြံဇာတ်တွေခင်းရင်း
အပြစ်မရှိကြောင်း တရားသေလွှတ်လိုက်တဲ့အခါ ဆာဘရာဝယ်ရဲ့ မိထွေးဖြစ်တဲ့ ကျောင်းဆရာမ ဒီဗာကီက
သူ့နည်းလမ်းနဲ့သူ အဲဒီတရားခံတွေကို သင်ခန်းစာပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါကလွယ်ကူတဲ့
စမ်းသပ်မှုမဟုတ်ပေမယ့် သူကတော့ ဇွဲမလျှော့ဘဲ စုံစမ်းဖော်ထုတ်ခဲ့ပါတယ်။ ပုဂ္ဂလိကစုံစမ်းစစ်ဆေးရေးသမားတွေက
ဒီဗာကီကို ကူညီပေမယ့် ရဲတပ်ဖွဲ့ကလည်း သူတို့ကိုအချိန်ပြည့် စောင့်ကြည့်နေတဲ့အခါ… နောက်ဆုံးမှာ
ဒီဗာကီတစ်ယောက် သူ့သမီးကို ယုတ်မာရိုင်းစိုင်းခဲ့တဲ့ တရားခံတွေကို ပြန်လည် လက်စားချေနိုင်မှာလား…
ဇာတ်ကားသုံးသပ်ချက် - ဇာတ်ညွှန်းကို လေ့လာခြင်း ဇာတ်အိမ်က
ရှုပ်ထွေးခြင်းမရှိဘဲ သမီးတစ်ယောက်
အမေနဲ့ ဗီလိန်တွေသာ
ပါဝင်ပါတယ်။ နောက်ပြီး အစောပိုင်း ဇာတ်ကားတွေမှာ အမေတစ်ယောက်အဖြစ် သရုပ်ဆောင်ဖူးတဲ့
ဆရီဒီဗီကလည်း ဒီဇာတ်ကားမှာ အရင်ကားတွေကလို အော်ဟစ် ငိုကြွေးပြီး တရားခံကို တောင်းပန်တိုးလျှိုးတဲ့ပုံစံမျိုးမဟုတ်ဘဲ
၂၁ ရာစုခေတ် အမေပုံစံမျိုးဖြစ်တဲ့ သားသမီးကို ချစ်မြတ်နိုး ဂရုစိုက်ပေမယ့် အကူအညီမဲ့နေတာမဟုတ်ဘူးဆိုတာပေါ်လွင်အောင်
ဇာတ်ညွှန်းရေးသားထားပါတယ်။ သူက ချစ်ခင်ကြင်နာ တဲ့အမေပုံစံမျိုး အစောပိုင်းမှာ သရုပ်ဆောင်ခဲ့ပေမယ့်
လူမှုနယ်ပယ်မှာရှိတဲ့ နတ်ဆိုးတွေကို ထိပ်တိုက်ရင်ဆိုင်ပြီး ကိုယ့်ကလေးတွေကို ကာကွယ်ရာမှာတော့
ထက်မြက်တဲ့ မိန်းမအဖြစ် ပြောင်းလဲသွားပါတယ်။ သူ့သမီးကိုစော်ကားသွားသူတွေကို ကိုယ့်နည်းလမ်းနဲ့အပြစ်ပေးဖို့
ချီတုံချတုံဖြစ်မနေဘဲ လက်တုံ့ပြန် ခဲ့ပါတယ်။ ဒါက အခုလိုမိန်းကလေးတွေမုဒိမ်းကျင့် ခံရမှုများပြား
လာတဲ့ခေတ်ကြီးမှာ သူ့ရဲ့ခံယူချက်တွေက အားလုံးကို တွန်းအား ဖြစ်စေနိုင်ပြီး ဇာတ်ကားထဲမှာပါဝင်တဲ့
ဒိုင်ယာလော့ခ်တွေ ကလည်း မှတ်သားစရာကောင်းလောက်အောင် ပရိသတ်ကို စိတ်ဓာတ်တက်ကြွစေနိုင်ပါတယ်။
ဥပမာအားဖြင့် ''ဘုရားသခင် ကနေရာတိုင်းကို မဖြန့်ကျက်နိုင်တော့ချိန်ကတည်းက အမေ ဆိုတဲ့လူသားကို
ကိုယ်စားအဖြစ် ဖန်တီးခဲ့ပါတယ်'' ဆိုတာက အမေတိုင်းကို အားတက်စေပါတယ်။
ဇာတ်ကားသုံးသပ်ချက် - ကြယ်ပွင့်တွေရဲ့စွမ်းဆောင်ရည်
ဆရီဒီဗီက
သူဟာ ဘောလိဝုဒ်ရဲ့အကောင်းဆုံးသရုပ်ဆောင် တစ်ယောက်ဆိုတာ ဒီဇာတ်ကားနဲ့ ထပ်မံသက်သေပြနိုင်ခဲ့ပြီး
တစ်ကားလုံးကို သူကပဲ ဦးဆောင်သွားနိုင်ခဲ့ပါတယ်။ ဘယ်သူ ကမှ ဒီဗာကီဇာတ်ကောင်နေရာမှာ သူ့လောက်ခံစားစီးမျောနိုင်မှာ
မဟုတ်ဘဲ ဆရီဒီဗီက ဒီဗာကီဖြစ်သွားပါတယ်။ စကားလုံး တစ်လုံးတည်းနဲ့ သူ့ရဲ့သရုပ်ဆောင်မှုကို
ဖွဲ့ဆိုပြရရင် ထူးချွန် ပြောင်မြောက်တယ်လို့ပဲဆိုရမှာပါ။ ဒါပေမဲ့ ဒေလီအမျိုးသမီး တစ်ယောက်က
ဟင်ဒီစကားပြောတဲ့အခါ တောင်ပိုင်းလေသံ ထွက်နေတာကတော့ ပြစ်ချက်ဖြစ်နေပြီး ဒါကိုအသံဖမ်း
အင်ဂျင်နီယာတွေ ဖြေရှင်းပေးလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။
နောက်ထပ်ဝါရင့်သရုပ်ဆောင်
နာဝါဇူဒင်ဆစ်ဒီကွီကလည်း ဒီဇာတ်ကားမှာ ဆရီဒီဗီနဲ့အပြိုင်သရုပ်ဆောင်နိုင်ခဲ့ပြီး ဘောလိဝုဒ်မှာ
သူ့ကိုယှဉ်နိုင်တာဆိုလို့ သူကိုယ်တိုင်ပဲရှိပါတယ်။ ခန်နာ ကလည်းမူခင်းတွေကို ကိုင်တွယ်တဲ့ရဲအရာရှိအဖြစ်
ပီပီပြင်ပြင် သရုပ်ဆောင်နိုင်ခဲ့ပြီး ဘာလို့ဇာတ်ကားအရိုက်နည်းနေရတာလဲဆိုတာ အဖြေရှာလို့မရအောင်ဖြစ်နေပါတယ်။
ပါကစ္စတန် သရုပ်ဆောင်တွေဖြစ်တဲ့ အနန်ဆစ်ဒီကွီနဲ့ ဆာဂျေးအလီတို့ကလည်း သူတို့ရဲ့ ပွဲဦးထွက်ဘောလိဝုဒ်ကားမှာ
ဖခင်ဖြစ်သူနဲ့ သမီးဖြစ်သူအဖြစ်သရုပ်ဆောင်နိုင်ခဲ့ပါတယ်။
ဇာတ်ကားသုံးသပ်ချက် - ရည်မှန်းချက်
ဒီဇာတ်ကားနဲ့
ပွဲဦးထွက်ခဲ့တဲ့ ဒါရိုက်တာ ရာဗီယူညာဝါက တ ကယ့်ဇာတ်ညွှန်းကောင်းကို ရုပ်ရှင်အဖြစ် အကောင်းဆုံး
ပြန်လည်အသက်သွင်းနိုင်ခဲ့ပြီး ဒီဇာတ်ကားရဲ့ ရည်မှန်းချက်ကို လည်း ထင်သာမြင်သာဖြစ်အောင်
ရိုက်ကူးနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့လူနေမှုဘ၀မှာ လက်တွေ့ဘ၀နဲ့ ရပ်တည်ချက် တွေအတွက်
ဒီဇာတ်ကားက တွန်းအားပေးနိုင်စွမ်းရှိပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေကို တွန်းအားပေးနိုင်ဖို့
ရည်ရွယ် ထားပြီး ဒုက္ခသားကောင်ဖြစ်ရမှု၊ ဗလက္ကာရအပြုခံရမှု၊ မုဒိမ်းကျင့်ခံရမှု၊ ကိုယ်ထိလက်ရောက်စော်ကားခံရမှုနဲ့
နှောင့်ယှက် ခံရမှုတွေအတွက် တရားမျှတမှုရရှိသင့်တယ်ဆိုတဲ့အကြောင်းက ဒီဇာတ်ကားရဲ့အဓိကရည်ရွယ်ချက်ပါပဲ။
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...
www.facebook.com/shapejournal
www.facebook.com/groups/weloveshape
#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
0 comments:
Post a Comment