ကြည်ကြည်လင်လင် လှလှပပ ဖက်ရှင်ကျကျဖြစ်ဖို့ဆိုတာ…















ကြည်ကြည်လင်လင် လှလှပပ ဖက်ရှင်ကျကျဖြစ်ဖို့ဆိုတာ… Crystal
ဘယ်သူကမှနံနက်ခင်းစော စောထရတာကိုနှစ်သက်ကြမှာမ ဟုတ်ပါဘူး။ ဒါပေမဲ့နံနက်ခင်းဆိုတာ နေ့တစ်နေ့ကိုအစပြုတဲ့ အကောင်းဆုံးအချိန်ဖြစ်တာကြောင့် မထမနေရထနေရပြန်ပါတယ်။ မထချင်ဘဲထရတဲ့အတွက်စိတ်က မကြည်လင်၊ စိတ်မကြည်လင်တဲ့ အတွက်အလှအပ၊ ဖက်ရှင်၊ စိတ် ဓာတ်တွေပါလေးလံထိုင်းမှိုင်းနဲ့ တစ်နေ့တာလုံးစိတ်အနှောင့်အယှက် ဖြစ်နေရပါတယ်။ အဲဒီတော့ တစ်နေ ကုန်လှလှပပဖက်ရှင်ကျကျစိတ် ကြည်ကြည်လင်လင်နဲ့တစ်နေ့တာ ကိုဖြတ်သန်းနိုင်ဖို့နံနက်ခင်းမှာ ဘာလုပ်ကြမလဲ။
စောစောထ
ဒီစကားခဏခဏ ကြားရပါများလို့မုန်း နေလောက်ပါပြီ။ ဒါပေမဲ့ ကိုယ်ထနေကျအချိန်၊ သံပတ် ပေးထားတဲ့နှိုးစက် နာရီမမြည်ခင်စော စောကြိုထပြီးလုပ် သင့်တာတွေ လုပ်ကြည့်ပါ။ တစ်ရက်တည်း
တော့မသိသာပေမယ့် အလေ့အကျင့်ရလာတဲ့အခါစိတ်ကိုပါလန်း ဆန်းသွားတာကို တွေ့ရပါလိမ့်မယ်။
စိတ်ဓာတ်ခွန်အားမြှင့်တင်
စောစောထလာပြီဆိုမှတော့ တစ်နေ့တာအတွက် တန်အောင် အကျိုးရှိတာတစ်ခုခုလုပ်ကိုလုပ် ရမှာပါ။ ဒီနေ့ဘာလုပ်မလဲ။ ဘာတွေပြီးအောင်လုပ်မယ်၊ ဘာတွေမလုပ်မိအောင်ရှောင်မယ်၊ ဆက်ဆံရေးမနေ့ကထက် ဘယ်လိုကောင်း အောင်ကြိုးစားမယ် စသည်ဖြင့် စိတ်ဓာတ်တွေကို တဖြည်းဖြည်း ပြောင်းလဲကြည့်ပါ။
ရေတစ်ခွက်သောက်
အိပ်စက်နေချိန်မှာ ရေဓာတ်တွေကုန်ခမ်းနေပါတယ်။ အဲဒီတော့ စောစောနိုးတာနဲ့ရေတစ်ခွက်သောက်လိုက်ပါ။ ရေဓာတ်ကုန်ခမ်းနေတဲ့ သင်္ကေတတွေကိုအရေပြား၊ မျက်လုံးတို့ကပြသနေပါလိမ့်မယ်။ ရေ တစ်ဖန်ခွက်သောက်လိုက်မယ်ဆိုရင် စွမ်းအင်ပြည့်သွားသလိုခံစားရစေပြီး တစ်နေ့တာလုံးလန်းဆန်း သွားစေပါလိမ့်မယ်။
လေ့ကျင့်ခန်းလုပ်
နံနက်ခင်းလေ့ကျင့်ခန်းလုပ်တာက ညဘက်အိပ်တဲ့အခါပိုပြီး အထောက်အကူပြုပါတယ်။ ကောင်းမွန်စွာအိပ်စက်တဲ့အတွက် ကောင်းမွန်စွာနိုးထစေပါတယ်။ အိပ်စက်ခြင်းကအလှအပအတွက်လည်း အကျိုးရှိစေတဲ့အတွက် ကောင်းမွန်စွာအိပ်စက်ခြင်းကြောင့် အသားအရေလှပလာစေသလို ကိုယ့်ကိုယ်ကိုယ်လည်း ယုံကြည်မှု တိုးစေပါတယ်။
ပရိုတိန်းနံနက်စာ
အလှအပကို မြတ်နိုးတဲ့မိန်းကလေးတိုင်း နံနက်စာရဲ့ အရေးကြီးပုံကိုသိပါတယ်။ ဥ၊ ဒိန်ချဉ်တို့လိုပရိုတိန်းကြွယ်ဝတဲ့ အစားအစာတွေထည့်သွင်းစားပေးခြင်းက အစာခံစေပြီး တစ်နေ့တာလုံး စွမ်းအင်ပြည့်ဝနေစေပါတယ်။ နံနက်စာစားတဲ့အတွက် ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေကိုကောင်း မွန်စွာလည်ပတ်စေပြီးနံနက်ခင်းမှာနိုးကြားနေစေပါတယ်။
လက်ဖက်ရည်ကြမ်းသောက်
လက်ဖက်စိမ်းမှာ အင်တီအောက်ဆီဒင့်တွေ ကြွယ်ဝစွာပါဝင်နေပြီး အရွယ်မတိုင်ခင်အိုမင်းရင့် ရော်ခြင်းကိုနှေးကွေးစေသလို ရောဂါပိုးမွှားများကိုလည်း ကာကွယ်ပြီးသားဖြစ်စေပါတယ်။ ဇီဝကမ္မဖြစ်စဉ်တွေကို လျင်မြန်စေပြီး ခန္ဓာကိုယ်အလေးချိန်လည်း လျော့ကျစေပါတယ်။
တရားထိုင်
နံနက်စောစောထပြီဆိုမှတော့ အချိန်မီလေးအနည်းငယ်လောက်ရှိမှာပါ။ အဲဒီလိုအချိန်မျိုးမှာတရား ထိုင်ကြည့်ပါ။ တရားထိုင်ခြင်းကစိတ်ရောကိုယ်ပါလန်း ဆန်းပေါ့ပါးစေပြီး တစ်နေ့တာလုံးကြည်လင်စေပါတယ်။
အသားအရေထိန်းသိမ်း
 အိပ်ရာထတိုင်းမျက်ဝန်း၊ပါးတစ်ဝိုက်အရေပြားမှာဖောင်းအစ်တာကို သက်သာစေဖို့ Facial Mist လေးသုံးပေးပါ။ Mist ခပ်အေးအေးလေး မျက်နှာကို ဖြန်းပေးလိုက်မယ်ဆိုရင် အရေပြားကိုလည်း လန်းဆန်းသွားစေသလို ရနံ့ကြောင့် စိတ်ကိုလည်းကြည်လင်သွားစေပါတယ်။
နေရောင်ကာလိမ်းသုံး
နေပူပူ၊ တိမ်ထူထူ အပြင်သွား ခါနီးတိုင်းမသုံးမဖြစ်သုံးရမှာက နေရောင်ကာလိမ်းဆေးပါ။ နေ ရောင်ကာလိမ်းဆေးသုံးထားတဲ့ အသားအရေနဲ့မသုံးထားတဲ့အသား အရေကလုံးဝကွဲပြားပါတယ်။ နေ ရောင်ကာလိမ်းဆေးလေးသုံးထားတဲ့အတွက်စိတ်အေးချမ်းသာစွာ အပြင်ထွက်နိုင်ပါလိမ့်မယ်။
crystal
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
 
Share on Google Plus

0 comments:

Post a Comment