လူတွေအားလုံးက
အဆိပ်အတောက်တွေနဲ့ ပြည့်နှက်နေတဲ့ပတ်ဝန်းကျင်မှာနေထိုင်ကြရတာပါ။ လက်ရှိအချိန်မှာ ပတ်ဝန်းကျင်ညစ်ညမ်းမှုတွေထဲက
ကျန်းမာရေးအထိခိုက်နိုင်ဆုံးတစ်ခုကတော့မှိုပါ။ မှိုက လူသာမက တိရိစ္ဆာန်တွေရဲ့
ကျန်းမာရေးကိုပါထိခိုက်စေပါတယ်။ စိုစွတ်တဲ့ ဘယ်နေရာမဆို မှိုပေါက်ဖွားပါတယ်။ မှိုနဲ့နေ့စဉ်နဲ့အမျှထိတွေ့နေရတဲ့အတွက်
စိတ်ပိုင်း/ရုပ်ပိုင်း ကျန်းမာရေးထိခိုက်စေလာပါတော့တယ်။
ပန်းနာရင်ကြပ်
လေထဲကမှိုလေးတွေက
အသက်ရှုလမ်းကြောင်းကတစ်ဆင့် အသည်းထဲရောက်သွားပြီး ပန်းနာ ရင်ကျပ်ဖြစ်လာပါတော့တယ်။ ပန်းနာရင်ကျပ်ရှိပြီးသား
လူတွေ မှိုနဲ့ထိတွေ့ရင်ရောဂါပိုဆိုးစေပါတယ်။
အင်ပျဉ်ယားနာ
အရေပြားပေါ်က
ယားနာအင်ပျဉ်တွေကလည်း မှိုကြောင့်ဖြစ်ပေါ်လာတာပါ။ အဆိပ်ရှိတဲ့မှိုတွေက အရေပြားကတစ်ဆင့်
ခနဿဓာကိုယ်အတွင်းထဲ ၀င်သွားနိုင်ပါတယ်။
ခန္ဓာကိုယ်ရဲ့ ခုခံကာကွယ်မှုစနစ်က
ဒီမှိုအဆိပ်အတောက်တွေကို
တိုက်ထုတ်ရင်း တုံ့ပြန်မှုအနေနဲ့ အင်ပျဉ်ယားနာဖြစ်လာပါတော့တယ်။
မျက်စိယားယံခြင်း
မှိုကြောင့်ဖြစ်လာတဲ့လေ
ထဲကသေးငယ်တဲ့ အဆိပ်လေးတွေက မျက်လုံးထဲအလွယ်တ ကူဝင်ရောက်နိုင်ပါတယ်။ မျက်လုံးက ဆဲလ်လေးတွေနဲ့
အဲဒီအဆိပ်ထိတွေ့ မိတဲ့အခါမျက်လုံးက ရောင်ရမ်းပြီး
ယားလာပါတော့တယ်။
စိတ်ကျဝေဒနာ
မှိုနဲ့ထိတွေ့မှုကြောင့်စိတ်ကျဝေဒနာလည်းခံစားရနိုင်ပါတယ်။
စိတ်ကျဝေဒနာကြောင့်စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာလှုပ်ရှားမှုတွေကိုပါ ထိခိုက်လာနိုင်ပါတော့တယ်။
အစာခြေအူလမ်းကြောင်းစနစ်ပြဿနာ
မှိုကြောင့်ဖြစ်လာတဲ့
လေထဲက အဆိပ်ငွေ့လေးတွေကိုရှုရှိုက်မိရင် အစာခြေလမ်းကြောင်းစနစ်ကိုပါ ဒုက္ခရောက်စေပါတော့တယ်။
ဒီအဆိပ်လေးတွေက အရေပြားကတစ်ဆင့်လည်းစိမ့်ဝင်သွားနိုင်ပါတယ်။ အဲဒီအတွက် အော်ဂလီဆန်ခြင်း၊
အော့အန်၊ ၀မ်းလျှော၊ အူလမ်းကြောင်း ရောင်ရမ်းနာကျင်ခြင်း စတာတွေဖြစ်လာပါတော့တယ်။
---
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...
www.facebook.com/shapejournal
www.facebook.com/groups/weloveshape
#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...
www.facebook.com/shapejournal
www.facebook.com/groups/weloveshape
#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
0 comments:
Post a Comment