ဂီတဟာ အံ့သြစရာကောင်းလောက်အောင်
လူတွေအပေါ် သက်ရောက်မှုရှိစေပါတယ်။ Dance beat တစ်ခုက လူတစ်ယောက်ကို မကရင်တောင် ခြေထောက်ကလေး
တကြွကြွ စည်းချက်ကျကျလှုပ်ရှားမိစေတယ်။ အချစ်သီချင်းတစ်ပုဒ်ကျတော့ romantic ဆန်သွားစေတယ်။
Rock သီချင်းက ပေါက်ကွဲပြီးလန်း ဆန်းသွားစေတယ်။ ပြီးတော့ ဂီတက ကျန်းမာရေးအတွက် ထူးထူးခြားခြားသက်ရောက်မှုရှိစေပါသေးတယ်။
ထုတ်လုပ်နိုင်စွမ်းမြင့်မားစေတယ်
အလုပ်လေးတစ်ခုလုပ်နေရင်ပျင်းစရာကောင်းပြီး
မလုပ်ချင်တော့တဲ့အခါ ကိုယ်သဘောကျတဲ့သီချင်းလေးကြားနိုင်ရုံ ခပ်တိုးတိုးလေး ဖွင့်ထားလိုက်မယ်ဆိုရင်
စိတ်ကြည်လင်လာပြီး ထုတ်လုပ်နိုင်စွမ်းကိုမြင့်မားစေမှာပါ။
သွေးလည်ပတ်မှုကောင်းစေတယ်
ဂီတကလူကို
ရုပ်ပိုင်းဆိုင်ရာမက စိတ်ပိုင်းဆိုင်ရာပါသက်ရောက်မှုရှိစေပါတယ်။ သုတေသန ပညာရှင်တွေရဲ့လေ့လာချက်အရ
သီချင်းနားထောင်တဲ့အခါ ပျော်ရွှင်တက်ကြွပြီး သွေးလည်ပတ်မှုတွေ ပိုကောင်းလာစေပါတယ်တဲ့။
စိတ်ကျဝေဒနာသက်သာစေတယ်
ဂီတရဲ့ အံ့သြစရာစွမ်းအားတစ်ခုကတော့
စိတ်ခွန်အားကိုမြင့်မားစေပြီး
မကောင်းတဲ့ခံစားချက်တွေကို
ကင်းစင်စေတာပါ။
စိတ်ကိုလေ့ကျင့်ပေးတယ်
ဘယ်လိုသီချင်းပဲဖြစ်ဖြစ်
ကိုယ်သဘောကျလာပြီဆိုရင်
သီချင်းနဲ့ပတ်သက်ပြီး
ဘယ်သူဆိုတယ်၊ ဘာအကြောင်းရေးတယ်၊ ဘယ်သူ့ကိုရည်ရွယ်တယ်ဆိုပြီး သိချင်စိတ် ပြင်းပြကြတာသဘာဝပါ။
တွေးလေ စိတ်ကိုလေ့ကျင့်ပြီးသားဖြစ်လေပါပဲ။
သွက်လက်လှုပ်ရှားစေတယ်
Gym ကစားနေတဲ့အချိန်
အားကစားတစ်ခုလုပ်နေတဲ့အချိန်မှာ သီချင်းလေးဖွင့်ထားလိုက်မယ်ဆိုရင်ကစားရတာပိုပြီး သွက်သွက်လက်လက်နဲ့ပျော်စရာကောင်းလာစေမှာပါ။
စိတ်ဖိစီးမှုလျော့ကျစေတယ်
စိတ်ဖိစီးမှုတွေများနေတဲ့အချိန်
သီချင်းလေးတစ်ပုဒ်လောက်
ခပ်တိုးတိုးနားထောင်ကြည့်လိုက်မယ်ဆိုရင်
စိတ်တည်ငြိမ်သွားပြီး ပြဿနာတွေအတွက် အဖြေရစေမှာပါ။
ဝိတ်ကျစေတယ်
သိပ္ပံပညာရှင်တွေရဲ့လေ့လာချက်အရ
အစာစားချိန်
မီးရောင်မှိန်မှိန်လေးလုပ်ထားပြီး ဂီတသံစဉ်ခပ်အေးအေးလေးဖွင့်ထားမယ်ဆိုရင် အစာကို ခပ်ဖြည်းဖြည်းနဲ့နည်းနည်းသာ
စားစေပါတယ်တဲ့။
#ရန်နိုင်
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...
www.facebook.com/shapejournal
www.facebook.com/groups/weloveshape
#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
0 comments:
Post a Comment