ကျန်မာရေးအခြေအနေ သိပ်မကောင်းပေမယ့် အနုပညာအလုပ်နဲ့ ပရိသတ်တွေကို မစွန့် လွှတ်နိုင်သေးဘူး ... မြတ်ကေသီအောင်




အစ်မရိုက်ကူးမှုတွေနည်းတယ် ဆိုတာက ပြည်ပခရီးတွေ သွားနေတာကြောင့်ရယ် ကျန်းမာရေးအခြေ အနေတွေကြောင့် အရင်လို ကားရိုက်တာတွေကို ဆက်တိုက်မလုပ်ဖြစ်တော့တာပါ။ အစ်မပုံစံက ကြည့်လိုက် ရင် အကောင်းပဲပေါ့။ အစ်မအခု ဇာတ်ကားတွေရိုက်ရင်လည်း ပေါ့ပေါ့ပါးပါးလုပ်ရမယ့် ဇာတ်ကားတွေ ပဲရိုက်ဖြစ်တယ်။ အရမ်းကြီး အိုက်တင်လုပ်ရမယ့်ဇာတ်တွေကို ရှောင်တယ်ပေါ့နော်။ အရမ်းဒေါသထွက်တဲ့ အခန်းတွေ ၀မ်းနည်းတဲ့ အခန်းတွေမှာ အစ်မ Mood အပြည့်ထည့်ပြီးလုပ်တဲ့အခါမှာ ရင်ဘက်ကို ထိတယ်ပေါ့ နော်။ ဆရာဝန်ကလည်း စိတ်အရမ်းနှစ်ပြီး လုပ်ရမယ့်အလုပ်တွေကို ရှောင်ခိုင်းထားတယ်။ အစ်မပုံစံက အပြင် ဘက်ကကြည့်ရင် ကျန်းမာရေးကောင်းတယ်ထင်ရပေမယ့် တကယ့်ကို စိတ်နှစ်ပြီးလုပ်ရတဲ့ အခန်းတွေကို သရုပ်ဆောင်ပြီးရင် နောက်တစ်ခန်းဆက်ရိုက်ဖို့ ခက်သွားရော။ စိတ်အရမ်းပင်ပန်းတဲ့အခါ အိပ်ယာထဲ ဘုန်းဘုန်းလဲတော့တာပဲ။ ဒါကြောင့် ဇာတ်ကားရိုက်ကူးရင်လည်း ဇာတ်တွေကို စိစစ်ရွေးချယ်ပါတယ်။ ကျန်းမာရေးအခြေအနေကြောင့် ဇာတ်ကားရိုက်ကူးမှုတွေ အနားယူသင့်ပေမယ့် အစ်မပရိသတ်တွေနဲ့ အဆက် အသွယ်မပျက်ချင်တာကြောင့် သရုပ်ဆောင်လို့ရမယ့်နေရာတွေကို ရိုက်ကူးပါတယ်။ အရင်လိုဇာတ်ကားတွေ ကောင်းကောင်း မရိုက်နိုင်တော့ပေမယ့် ပရိသတ်တွေအားပေးကြပါဦးလို့ ပြောချင်ပါတယ်။ ကျန်းမာရေး ခြေအနေကြောင့် ဇာတ်ကားတွေရိုက်ကူးမှု နည်းလာပေမယ့် ပရိသတ်တွေနဲ့ အနုပညာကို မစွန့်လွှတ်နိုင်သေး တာကြောင့် ကျန်းမာရေးမကောင်းလည်း သရုပ်ဆောင်လုပ်နိုင်သမျှ ရိုက်ကူးနေဦးမှာပါ…..။
---


ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
Share on Google Plus

0 comments:

Post a Comment