လတ်တလောအနုပညာလှုပ်ရှားမှုဆိုရင်တော့ ညီမအခုစီးရီးပြိုင်နေတယ်။
ဒီကြားထဲအားတဲ့ အချန် လေးတွေဆိုရင်တော့ တစ်ခြားပွဲတက်တာလေးတွေ လုပ်ဖြစ်ပါတယ်ရှင့်..။
လောလောဆယ်တော့ ပဉ္စလက်ရွာရိုက်နေတယ်…..
အပြင်ကနေပြီးတော့ ဇာတ်ကားရိုက်ဖို့ ကမ်းလှမ်းထားတာတော့မရှိသေးပါဘူး။
လောလောဆယ်တော့ဒီပဉ္စလက်ရွာမှာရိုက်နေတယ်။ နောက်ထပ်အရိပ်စီးရီးတစ်ခုပေါ့နော်။ အဲဒါဝင်ဖို့ရှိပါတယ်။
ဇာတ်လမ်းတွဲရိုက်ကူးဖြစ်တာကတော့ ညီမတို့
MRTV-4 ကနေခေါ်ပြီးတဲ့အခါကျတော့ သူတို့ Training တွေ ဘာတွေပေးတယ်။ Training တွေတက်ပြီးတော့မှ
ညီမဒီဇာတ်လမ်းတွဲကို စရိုက်ဖြစ်တာပါ။ ညီမ Training တက်တုန်းကဆို ၃လပေါ့နော်။ မနက်၉နာရီကနေ
ညနေ၅နာရီအထိ။ တနင်္လာနေ့ကနေ သောကြာတစ်ပတ်ကို ၅ရက် Training တက်ခဲ့ရတယ်။
အဲဒီ
Training မှာဆိုရင် ဆရာတွေ ဒါရိုက်တာ မောင်သီ၊ ဆရာဦးထင်ကျော်၊ ပြီတော့ တခြား
Third Party တွေပေါ့နော်။ အန်တီမေသဉ္ဇာဦးတို့ ဒါရိုက်တာမောင်မျိုးမင်းတို့ ဒါရိုက်တာညိုမင်းလွင်တို့
ဦးထူးသာတို့အများ ကြီးပဲ။ တခြား Third Party တွေကနေလာပြီးတော့ သူတို့အတွေ့အကြုံတွေကို
Sharing လုပ်တယ်။ ပြီးတော့ အန်တီဆွေဇင်ထိုက်တို့ရောပေါ့နော်။ အကုန်လုံးလာပြီးတော့ သင်ပေးပါတယ်။
ကာရိုက်တာကို သဘောပေါက်ပြီဆိုမှ ဒီအ၀တ်အစားပိုင်းနဲ့ပတ်သတ်တာတွေ
ပြီးတော့ ဒီမိတ်ကပ်ပိုင်းနဲ့ပတ်သတ် တာတွေကို စဉ်းစားပါတယ်…
စီးရီးတစ်ခုလက်ခံရင် အဓိကဒီစီးရီးမှာ ကိုယ်ကဘယ်ကာရိုက်တာလဲ။
အဲဒီမှာကိုယ်ပါဝင်ပြီးသရုပ် ဆောင်မယ့် ကာရိုက်တာကို အရင်ဆုံးလေ့လာတယ်။ အဲဒီမှာကာရိုက်တာကို
သဘောပေါက်ပြီဆိုမှ ဒီအ၀တ်အ စားပိုင်းနဲ့ ပတ်သတ်တာတွေ ပြီးတော့ ဒီမိတ်ကပ်ပိုင်းနဲ့ပတ်သတ်တာတွေကို
စဉ်းစားပါတယ်။
ပြင်ဆင်မှုအပိုင်းမှာဆိုရင် ညီမစီးရီးတစ်ခုကိုရလိုက်ပြီဆိုကတည်းက
ကိုယ့်ကာရိုက်တာနဲ့ပတ်သတ် တာမှမဟုတ်ဘဲနဲ့စီးရီးထဲမှာပါတဲ့ကာရိုက်တာအကုန်လုံး ပြီးတော့စီးရီးဇာတ်လမ်းတစ်ခုလုံးကို
ညီမအရင်ဆုံး တစ်ခေါက်ဖတ်တယ်။ အကြမ်းဖျင်းဖတ်တယ်။ ဖတ်ပြီးတော့မှ ဒုတိယတစ်ကြိမ်ကိုယ်က
ဘာလုပ်ရမလဲဆိုတဲ့ ကာရိုက်တာကိုအသေးစိတ် သေချာပြန်ပြီးတော့ဖတ်ဖြစ်ပါတယ်။ အဓိကလုပ်ဖြစ်တာကတော့
စီးရီးရပြီဆိုရင် စီးရီးအကုန်လုံးကို နောကြေနေအောင်ဖတ်ဖြစ်ပါတယ်။
စီးရီးတစ်ခုရဲ့ အနှစ်သာရဆိုရင် နန်းခံစားမိတာက
တခြားရုပ်ရှင်ကားကြီးတို့ ဗီဒီယိုကားတို့ အဲဒီလိုပုံစံ မျိုးနဲ့မတူဘူးပေါ့နော်။ ဘာလို့လဲဆိုတော့
စီးရီးဆိုတော့ သူကအပိုင်းအရှည်ကြီးကြည့်ရတာဆိုတော့လေ။ ပရိသတ်ကိုဆွဲဆောင်နိုင်ဖို့က
တော်တော်လေးတော့ခက်ခဲတယ်။ ဘာလို့လဲဆိုတော့ ဒီနေ့စီးရီးတစ်နာရီ လောက်ကြည့်ပြီး လူတွေစိတ်ဝင်စားအောင်
လုပ်နိုင်ဖို့ဆိုတာ အရမ်းခက်ခဲတယ်။ ဥပမာ ရုပ်ရှင်ကားတို့ ဗီဒီယို တို့ဆိုရင် ကြည့်လိုက်ကတည်းက
ပရိသတ်ကိုဆွဲဆောင်လို့ ရတယ်ပေါ့နော်။ ပရိသတ်တွေကို ဆွဲဆောင်ဖို့လွယ် ကူတယ်။ စီးရီးတစ်ခုကျတော့ သူ့ရဲ့အနှစ်သာရက စီးရီးတစ်ခုလုံးထက် လုံးဝတစ်ပိုင်းချင်းစီမှာတောင်
ပရိသတ်တွေကို ဆွဲဆောင်နိုင်ဖို့ ဇာတ်ကွက်လေးတွေက အရေးကြီးတယ်။
အရေးကြီးဆုံးအစိတ်အပိုင်းက
စီးရီးတစ်ခုမှာ အရေးကြီးဆုံးအစိတ်အပိုင်းက ညီမအနေနဲ့က အကုန်လုံးကအရေးကြီးပါတယ်။
ဘာလို့ လဲဆိုတော့ စီးရီးတစ်ခုမှာ စလယ်ဆုံးအားလုံးကောင်းမှ ပရိသတ်တွေရဲ့ဆွဲဆောင်မှုကို
ရရှိမှာမို့လို့ အကုန်လုံး က အရေးကြီးတယ်လို့ပဲ ညီမခံယူထားပါတယ်။
ပဉ္ဇလက်ရွာထဲက ညီမသရုပ်ဆောင်ရတဲ့ ဇာတ်ကောင်စရိုက်ရဲ့
နာမည်က ရေ၀တီပါ။ ရေ၀တီက အဲဒီ့ဇာတ်ကားထဲမှာတော့
တစ်ရွာလုံးရဲ့အနှိမ်ခံပေါ့နော်။ သုဘရာဇာရဲ့သမီးဖြစ်တဲ့အတွက်ကြောင့်မို့လို့ တစ်ရွာ
လုံးရဲ့ အနှိမ်ခံ။ အကုန်လုံးကလည်း သုဘရာဇာသမီးဆိုတော့ သိပ်ပြီးမဆက်ဆံချင်ကြဘူးပေါ့နော်။
အဲဒီလိုပုံစံ မျိုးလေးပါ။
ပဉ္ဇလက်ရွာရဲ့ဇာတ်လမ်းအကျဉ်းကို ပြောရမယ်ဆိုရင်တော့
အဲဒီပဉ္ဇလက်ရွာကိုရောက်သွားတဲ့လူတွေ က တစ်သက်လုံး မအိုမနာမသေဘဲနဲ့ ရှိနေမယ့်လူတွေပေါ့နော်။
အဲဒီတော့ ပဉ္ဇလက်ရွာကိုလူတိုင်းက သွားချင် ကြတာကြောင့် မျက်လှည့်ဆရာတွေက မျက်လှည့်တွေကျင့်ကြတယ်။
မျက်လှည့်အတတ်ပညာတွေကို ကျင့်ကြ ပြီးတော့ အဲဒီပဉ္ဇလက်ရွာကိုရောက်အောင် ကြိုးစားကြတယ်ပေါ့နော်။
အဲဒီလိုပုံစံမျိုးလေးပါ။ ညီမတို့နေတဲ့ ရွာက ကျတော့ ကိုးချောင်းရွာပေါ့နော်။ ၃လပြည့်ရင်တစ်ကြိမ်
နယ်ပေါင်းစုံက မျက်လှည့်ဆရာတွေက မျက်လှည့်လာ ပြကြတယ်။ မျက်လှည့်ပြရင်းနဲ့ ပဉ္ဇလက်ရွာကိုလာပြီးတော့
ရှာကြတယ်။ အဲဒီလိုပုံစံလေးပါ။ အဲဒီထဲမှာမှ ညီမ Romance တွေရောမယ်။ အဲဒီလိုမျိုးလေးတွေ
ပါပါတယ်။
ပဉ္ဇလက်ရွာမှာထူးခြားတာတစ်ခုကအကုန်လုံးကဆံရစ်ဝိုင်းတွေညှပ်ပြီးတော့မှ
စက်စက်ယိုရွာမှာရှိတဲ့ အမွေ အနှစ်တစ်ခုကို ဖော်ထုတ်တဲ့အနေနဲ့ စက်စက်ယိုရွာကပုံစံမျိုးလေးကို
လုပ်ထားတာမျိုးလေးရှိတယ်…..
အခုရိုက်နေတဲ့ပဉ္ဇလက်ရွာက ညီမအတွက်ပထမဆုံးစီးရီးပေါ့နော်။
အဲဒီမှာဆိုရင်ညီမ ဒီဇာတ်လမ်းတွဲနဲ့ ပတ်သတ်ပြီတော့ အဘက်ဘက်ကနေ ပြီတော့အများကြီးလည်းပြင်ဆင်ထားတယ်။
ညီမဘက်ကလည်း အတတ်နိုင်ဆုံး အကောင်းဆုံးကြိုးစားထားပါတယ်။ ပြီတော့ ဘယ်လို ကိုယ်ရထားတဲ့
ကာရိုက်တာတစ်ခုကိုပီ ပြင်အောင်သရုပ်ဖော်နိုင်အောင်ပေါ့နော်။ညီမဘက်ကလည်း ဒီဆံပင်ပိုင်းနဲ့ပတ်သတ်ပြီးတော့ရောအများကြီးကြိုးစားပြီးတော့ ပြင်ဆင်ထားပါတယ်။ ဆံပင်ပိုင်းနဲ့ပတ်သတ်ပြီးတော့ညီမတို့ပဉ္ဇလက်ရွာမှာထူးခြားတာတစ်ခုက အကုန်လုံးဆံရစ်ဝိုင်းတွေညှပ်ပြီးတော့မှ စက်စက်ယိုရွာမှာရှိတဲ့ အမွေအနှစ်တစ်ခုကို
ဖော်ထုတ်တဲ့အနေနဲ့ စက်စက်ယိုရွာက ပုံစံမျိုးလေးကို လုပ်ထားတာမျိုးရှိတယ်။ ညီမဆံပင်ပေါ့နော်။
အရိပ်ဇာတ်လမ်းတွဲဇာတ်ကောင်ကျတော့ အဲဒီထဲမှာ
သက်သက်ဆိုတဲ့ကောင်မလေးပေါ့။ လူတိုင်း အပေါ်မှာစာနာစိတ်တားတဲ့ စေတနာရှင်မလေးသက်သက်ပါ။
ဆရာမမစန္ဒာရဲ့အရိပ်ဇာတ်လမ်းတွဲကိုလည်း ဟိုးအရင်တုန်းက ရုပ်ရှင်ကားတွေကြည့်ဖူးထားတဲ့
သူတော်တော်များများလည်း သိကြမှာပါ။ အခုရိုက်ရတဲ့ ပဉ္ဇလက်ရွာ ရေ၀တီကာရိုက်တာနဲ့ အခုလာမယ့်အရိပ်က
သက်သက်ဆိုတဲ့ ကာရိုက်တာကကွဲပြားမှုတော့ရှိ တယ်။ ရေ၀တီကာရိုက်တာကျတော့ သူကအမြဲတမ်းကိုယ့်ဟာနဲ့ကိုယ်
သိမ်ငယ်စိတ်ဝင်ပြီးတော့မှ လူတွေနဲ့မအပ်စပ်ဘူးဆိုပြီး ကိုယ့်ဟာနဲ့ကိုယ်သီးသီးသန့်သန့်နေတဲ့
ပုံစံကြီးပေါ့နော်။ သက်သက်ကကျတော့ မေတ္တာရှင် မလေး စေတနာရှင်မလေး နည်းနည်းသွက်သွက်လက်လက်
ပုံစံကောင်မလေးမျိုးပါ။
ကိုယ့်ဘက်ကလည်း အများကြီးကြိုးစားဖို့လိုသေးတယ်…
ရိုက်ကူးရေးမှာအားရကျေနပ်မှုရှိလားဆိုတော့
ကိုယ့်ဟာနဲ့ကိုယ်အားရကျေနပ်မှုမရှိသေးပါဘူး။ ကိုယ့်ဘက်က လည်း အများကြီးကြိုးစားဖို့လိုသေးတယ်။
နောက်ပြီးတော့ တစ်ခါတစ်လေကျ အားရကျေနပ်မှုမရှိဘူးဆိုတဲ့ဟာ မျိုးက ရိုက်ကူးရေးမှာအဆင်မပြေတာမျိုးတွေ ဥပမာ ကိုယ်ကတစ်ခုခုရိုက်နေတဲ့ အချိန်မျိုးမှာဆိုရင်
ရာသီဥတု အခြေအနေမျိုးတွေရှိမယ်။ Lighting အခြေအနေတွေရှိမယ်။ မိုးရွာမှာကြောက်လို့ အမြန်ရိုက်လိုက်ရတာမျိုးပေါ့
နော်။ ပြီးတော့ Lighting ကျမှာကြောက်လို့နည်းနည်း လောလိုက်တာမျိုးပေါ့။ အဲဒီလိုမျိုးလေးတွေပါတယ်။
ကိုယ်ကသရုပ်ဆောင်ဘက်မှာ အသစ်ဖြစ်နေတော့ တစ်ခါတစ်လေကျရင်
ရာသီအခြေအနေကြောင့် Lighting ၀င်တော့မယ်ဆိုတဲ့အချိန်ရောက်ရင် လောလိုက်တဲ့အခါကျတော့
ကိုယ့်ဟာနဲ့ကိုယ်အားမလို အားမရ ဖြစ်လိုက်တာမျိုးတွေရှိပါတယ်။
တစ်ခါတစ်လေအခြေအနေရခဲ့ရင်ကိုယ့်ဘက်ကနေပြီးတော့ တစ်ခေါက်လောက်ကြိုးစားချင်တဲ့အချိန်တွေရှိပါ တယ်။
ညီမကာရိုက်တာပေါင်းစုံကို သရုပ်ဆောင်နိုင်တဲ့
သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်ချင်ပါတယ်။
နန်းစန္ဒာလှထွန်းကို Miss တစ်ယောက်၊ သရုပ်ဆောင်တစ်ယောက်၊ ပြီတော့
မင်းသမီး တစ်ယောက်၊ အကုန်လုံး အနေနဲ့မှတ်မိစေချင်တယ်….
ပရိသတ်တွေအနေနဲ့ပေါ့နော်။ နန်းစန္ဒာလှထွန်းကို Miss တစ်ယောက်၊
သရုပ်ဆောင်တစ်ယောက်၊ ပြီး တော့ မင်းသမီးတစ်ယောက်၊
အကုန်လုံးအနေနဲ့ မှတ်မိစေချင်တယ်။ နည်းနည်းတော့ လောဘကြီးတယ်။ အဲဒီ လိုမျိုး အကုန်လုံးအနေနဲ့မှတ်မိနေအောင်လို့လည်း
ညီမကြိုးစာနေတယ်။ ဘာဖြစ်လို့အဲလိုမှတ်မိစေချင်လည်းဆို တော့ Miss, Model လောကဖြတ်သန်းခဲ့တာပေါ့နော်။
ညီမဒီအောက်ခြေကနေစပြီးတော့ ဖြတ်သန်းလာခဲ့တယ်။ အဲဒီမှာ International ပွဲတွေဆိုတာ မပေါ်ခင်ကတည်းက
ဒီပြည်တွင်းပွဲတွေမှာ ညီမ၀င်ပြိုင်တယ်။ ဆုတွေရ တယ်။ ညီမကိုယ်ရည်ကိုယ်သွေးနဲ့ ကိုယ့်ဟာနဲ့ကိုယ်တစိုက်မတ်မတ်နဲ့ ကြိုးစားခဲ့လို့ရခဲ့တဲ့ဟာတွေကို
ပရိသတ် တွေ အသိအမှတ်ပြုပေးစေချင်တယ်။ အဲဒါကြောင့်
ဒီ Miss တစ်ယောက်အနေနဲ့ ညီမကိုမှတ်မိစေချင်တာပါ။ ပြီး တော့ သရုပ်ဆောင်တစ်ယောက်အနေနဲ့
မှတ်မိစေချင်တာကတော့ အနုပညာသမားတစ်ယောက်အတွက်နဲ့ ကျွမ်းကျင်မှုကိုဘယ်လိုရှာဖွေလဲဆိုတော့ညီမသင်တန်းတက်တယ်ပေါ့နော်။ ဒါရိုက်တာမောင်မျိုးမင်းဆီမှာသင် တန်းတက်တယ်။ ပြီးတော့
MRTV-4 ကနေ Training ပေးတဲ့သင်တန်းကိုတက်တယ်။ ပြီးတော့ ကိုယ့်ဘာသာ ကိုယ်အိမ်မှာလည်း
Practice လုပ်တယ်။ အခုဒီအတိုင်း ကြိုတင်ပြီးတော့ ကိုယ်လိုအပ်တဲ့ပြင်ဆင်မှုတွေ လုပ်ပါ
တယ်။ ပရိသတ်တွေမသိတဲ့ ဇာတ်ခုံအနောက်က အနုပညာသမားတစ်ယောက်ရဲ့ဘ၀က အရမ်းကိုခဲယဉ်းပါ တယ်။
အခက်အခဲတွေ အများကြီးပဲပေါ့နော်။ ကိုယ်တိုင်ကိုယ်ကျ နယ်ဘက်မှာလာရိုက်တဲ့ အချိန်ကျမှညီမသိ
တာပါ။ လူတွေအားလုံးက တီဗွီဖန်သားပြင်ပေါ်မှာ ခဏလေးမြင်ရပေမယ့် အခုဒီမှာဆိုရင် တစ်ခါတစ်လေသရုပ်
ဆောင်ရင်းနဲ့ တစ်ကယ်ဖြစ်သွားတာတွေရှိတယ်။ တကယ်ဖြစ်သွားတာတွေဆိုတာ ဥပမာ တစ်ချို့ထိုးခန်း
ကြိတ် ခန်းတွေဆို တကယ်လုပ်မိသွားတာတွေ။ ညီမဆို ဒူးထောက်ပြီးတော့ လှဲတာတွေ ဘာတွေဆိုရင်
တကယ်ဒူးပွန်းပြီးတော့ညီမနယ်မှာသွားရိုက်ရတဲ့အတွက်ကြောင့်မို့လို့တကယ်လည်း အခက်အခဲတွေအများကြီးရှိတယ်။
အခက်အခဲတွေအများကြီး ရှိတယ်ဆိုတာကလည်း အရမ်းပူတော့ မီးမရှိတဲ့နေရာမှာသွားရိုက်ရတဲ့အခါကျတော့
ရာသီဥတုဒဏ်တွေ ဘာတွေပေါ့နော်။ အဲဒီလိုမျိုးတွေ အများကြီးရှိပါတယ်။
သူများကခြေတစ်လှမ်းဆိုရင်ကိုယ်က နှစ်လှမ်း သုံးလှမ်းလောက်ကြိုပြီးတော့
လှမ်းနိုင်မှဖြစ်မှာမို့လို့ ကိုယ်ဝါသနာ ပါတဲ့အလုပ်ကိုပဲ အားသွန်ခွန်စိုက် လုပ်ချင်ပါသေးတယ်…..
အချစ်ရေးနဲ့ပတ်သတ်ပြီးတော့ တစ်ယောက်တည်းပါပဲ။
ဘာမှတော့မရှိသေးပါဘူး။ ညီမသရုပ်ဆောင် ဘက်မှာ အားသွန်ခွန်စိုက်ကြိုးစားနေပါတယ်။ ကိုယ်တွေနဲ့
အကုန်လုံးဒီလိုဝင်လာတဲ့သူတွေ အားလုံးလည်း သူ့ ဟာနဲ့သူ ဒီလိုပဲလုပ်နေရတယ်။ ကိုယ်ကလည်း
အခုအချိန်မှာ သူများကခြေတစ်လှမ်းဆိုရင် ကိုယ်က နှစ်လှမ်း သုံးလှမ်းလောက်ကြိုပြီးတော့
လှမ်းနိုင်မှဖြစ်မှာမို့လို့ ကိုယ်ဝါသနာ ပါတဲ့အလုပ်ကိုပဲ အားသွန်ခွန်စိုက် လုပ်ချင်
ပါသေးတယ်။
ကျေးဇူးတင်လွှာ
Shape
ရဲ့ ချစ်လှစွာသော ပရိသတ်အတွက် တစ်ပတ်တစ်မျိုးမရိုးရလေအောင် ရသစုံပေးဖို့အစဉ်ကြိုးစားနေ
ကြအတိုင်း ဒီတစ်ပတ်မှာ Shape Cover Star အဖြစ် နန်းစန္ဒာလှထွန်းကို တင်ဆက်ထားပါတယ်….
ညီမလေး
နန်းစန္ဒာလှထွန်းကို ကျေးဇူးအထူးတင်ပါတယ်။ အချိန်ပေးရိုက်ကူးပေးတဲ့ ကိုအောင်ကျော်မိုး
(New Image) ကို ကျေးဇူးမှတ်တမ်းတင်ပါတယ်ရှင့်….
မြမာလာ
(အယ်ဒီတာချုပ်)
---ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...
www.facebook.com/shapejournal
www.facebook.com/groups/weloveshape
#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
0 comments:
Post a Comment