ကောင်းအောင်ဖန်တီးထားတဲ့အရာတစ်ခုက ကောင်းကိုကောင်းတယ်…
ဒီကားက ကံကောင်းလို့အောင်မြင်တာတို့ အရမ်းပေါ်ပြူလာဖြစ်လို့အောင်မြင်တာတို့ အဲဒီလိုမဟုတ်ဘူး…#နေတိုး
ရုပ်ရှင်ဆိုတာ
တချို့ကတော့ ပြောတယ်၊ ရုပ်ရှင်ကားလေးတွေ ရိုက်ထားတယ်ကံကောင်းရင်အောင် မြင်မယ်ပေါ့။
အမှန်ကမဆိုင်ဘူး။ ကောင်းအောင်ဖန်တီး ထားတဲ့ အရာတစ်ခုက ကောင်းကိုကောင်းတယ်။ ဒီကားကကံကောင်းလို့
အောင်မြင်တာတို့ အရမ်းပေါ်ပြူလာဖြစ်လို့အောင်မြင်တာတို့ အဲဒီလိုမဟုတ်ဘူး။ ရုပ်ရှင်ပဲ
ဖြစ်ဖြစ် ဗီဒီယိုပဲဖြစ်ဖြစ်ဇာတ်ကားကောင်းတစ်ကား ဖြစ်လာဖို့ကမရိုက်ခင်ကတည်းက ဇာတ်ရဲ့လို
အပ်ချက်အားလုံးကို Locatio က အစကြိုတင်ပြင်ဆင် မှုကောင်းဖို့ကအဓိကလို့ထင်ပါတယ်။
ကျွန်တော်သိတာ
တစ်ခုကအရမ်းကောင်းတဲ့ရုပ်ရှင်ဆိုတာကရိုက်ပြီးမှ ကောင်းတာမဟုတ်ဘူး။ မရိုက်ခင်ကောင်းအောင်
တည်ဆောက်ခြင်းကိုဆိုလိုတာပါ။ ဇာတ်ကားတစ်ခုရဲ့ မအောင်မြင်တာကဘာကြောင့်လဲ ဆိုတော့မကောင်း
အောင်တည်ဆောက်ရင်တော့ မအောင်မြင်ဘူး။ ဒါကြောင့်မို့လို့ ဇာတ်ကားတစ်ကားရဲ့ အောင်မြင်မှု
ဆိုတာကံနဲ့မဆိုင်ဘူး။ ကျွန်တော်ထင်မြင်တာကတော့ ကံကိုပဲပုံချလို့မရဘူး။ ကားတစ်ကားအောင်မြင်မှု
ဆိုတာတကယ်ကောင်းအောင် တည်ဆောက်ထားဖို့လိုတယ်။
တကယ်ရင်ထဲမှာရှိဖို့လိုတယ်။ မရိုက်ခင်
ကတည်းက ကောင်းအောင်တည်ဆောက်ထားမှ ပရိသတ်ဆီရောက်တဲ့အချိန်မှာ ပရိသတ်ရဲ့ကောင်းတဲ့ ကွန့်မန့်တွေရရှိလာမှာပါ။
ဇာတ်ကားကောင်းတစ်ကားအောင်မြင်တယ်
ဆိုလို့ရှိရင် ဒီဇာတ်ကားက အလကားအောင်မြင်ခဲ့တာ တော့မဟုတ်ဘူး။
ပရိသတ်စိတ်ဝင်စားမှုရှိအောင်
ပရိသတ်ကြိုက်နှစ်သက်အောင် ပရိသတ်ရင်ထဲကို ရောက်အောင် မရိုက်ခင်ကတည်းက ဖန်တီးတဲ့အနုပညာ
ရှင်တွေရဲ့ရင်ထဲမှာရောက်ပြီးသားမို့လို့ ပရိသတ်ရင်ထဲ ကိုအလိုလိုရောက်သွားတာသေချာတယ်။
အနုပညာကို ပေါ့ပျက်ပျက်နဲ့ ရင်ထဲမရောက်ဘဲနဲ့ အပေါ်ယံပဲလုပ်မယ် ဆိုလို့ရှိရင်ကောင်းတဲ့
အနုပညာတစ်ခုဖြစ်လာမှာ မဟုတ်ဘူ…။
--------------------------------------------------------
ရသစုံလင်
အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ
...
www.facebook.com/shapejournal
www.facebook.com/groups/weloveshape
#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
www.facebook.com/shapejournal
www.facebook.com/groups/weloveshape
#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
0 comments:
Post a Comment